လက်ဘနွန်မြောက်ပိုင်း ပြည်နယ်မြို့တော်တွင် ကူးစက်ကပ်ရောဂါပျံ့နှံ့မှုကာကွယ်ရန် ကန့်သတ်ချုပ်ချယ်ခြင်းများ ထပ်ဆင့်ဖိစီးလာခြင်းကြောင့် အဓိကရုန်းများဖြစ်ပွား။ ဘဏ်များ ပစ်မှတ်ထား ဖျက်ဆီးခြင်းခံရ

လက်ဘနွန်နိုင်ငံတွင် ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာ အဆိုးရွားဆုံးအခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါပျံ့နှံ့မှုကာကွယ်ရန် ကန့်သတ်ချုပ်ချယ်ခြင်းများ ထပ်ဆင့်ဖိစီးလာသောအခါ မြောက်ပိုင်းပြည်နယ် မြို့တော်ထရီပိုလီတွင် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားရာမှ လူ ၁-ဦး သေနတ်ထိမှန် သေဆုံးသည်ဟု Russia Today က ယနေ့ရေးသားသည်။

အောက်တိုဘာလမှ စတင်၍ ငွေကြေးပိုင်းဆိုင်ရာအကြပ်အတည်းများ ကြုံတွေ့နေရစဉ် စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုများက ငွေကြေးဖောင်းပွမှုများနှင့် အလုပ်လက်မဲ့နှုန်းမြင့်တက်စေပြီး လက်ဘနွန်သုံး ပေါင်ငွေမှာ ပြိုလဲသွားသည်။ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်တို့ဖြင့် ပစ်ခတ်လူစုခွဲခြင်းမတိုင်မီ စစ်သားများက သေနတ်ကို လေထုထဲ ပစ်ဖောက်ခြောက်လှန့်ခြင်းမှာ ကန့်ကွက်သူများ၏ ဒေါသကို တမင်နှိုးဆွပေးသလို ဖြစ်ခဲ့ရသည်ဆို၏။ ထိုမှ အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့ပြီး စစ်သားများက ဆူပူကန့်ကွက်သူများအား ဖြိုခွင်းစဉ် အသက် ၂၀ အရွယ် လူငယ် ၁-ဦး သေဆုံးရကြောင်း သိရှိရသည်။

 ၎င်းတို့မှာ မီးလောင်ဗုံးများဖြင့် ပစ်ပေါက်ခံရခြင်းဖြစ်ပြီး ၂-ဦး ဒါဏ်ရာအနည်းငယ်ရရှိကြောင်း စစ်သားများက ပြောဆိုသည်။ အခင်းဖြစ်စဉ် မှတ်တမ်းရိုက်ကူးသော ဗွီဒီယိုများတွင် မီးတောက်လောင်လျှက်ရှိသော စစ်ဖက်ပိုင်ယာဉ်များကို တွေ့မြင်ကြရသည်။ တိုင်းပြည်၏စီးပွားရေးဆိုင်ရာ အလုံးစုံပျက်ပြားမှုကြောင့် ဒေါသတကြီးဖြစ်နေသော လူစုလူဝေးများသည် ကန့်ကွက်ဆန္ဒပြကြစဉ်အတွင်း ဘဏ်ပေါင်းများစွာ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသည်။ ဘဏ်တစ်ခုဆိုလျှင် မီးတင်ရှို့ ခံရကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။ အဓိကရုန်းနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ တိုးပွားလာခြင်းမှာ ဝန်ထမ်းများ၏ ထိခိုက်မှု အသက်ဘေး ခြိမ်းခြောက်လျှက်ရှိကြောင်း၊ ထရီပိုလီရှိ ဘဏ်များအားလုံးကို အခြေအနေတည်ငြိမ်သည်အထိ ပိတ်ထားရန် ဘဏ်လုပ်ငန်းအသင်းက ကြေညာထားသည်။

အများပြည်သူတို့ စုဆောင်းငွေများ ထုတ်ယူခွင့် မရရှိခဲ့သဖြင့် အောက်တိုဘာလတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်လာသည့်အခါ လက်ဘနွန်ဘဏ်များမှာ စိတ်ပျက်လက်ပျက်ဖြစ်နေသာ ဆန္ဒပြသူများ၏ ပစ်မှတ်ဖြစ်နေခဲ့သည်။

လက်ဘနွန်တွင် စီးပွားရေးအကျပ်အတည်းစတင်ချိန်မှစ၍ နိုင်ငံသုံးပေါင်ငွေ ၏တန်ဖိုးထက်ဝက်ကျော် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါျပျံ့နှံ့မှု ကာကွယ်ရေး ကန့်သတ်ချုပ်ချယ်မှုများသည် တင်းမာပြီး မတည်ငြိမ်သော အခြေအနေတွင် အကြမ်းဖက်မှုများဖြစ်ပွားစေရန် တွန်းပို့သိလိုရှိနေသည်။

((( Russia Today., 28 Apr, 2020, “WATCH: Lebanese citizens vent their ire by TORCHING bank, army vehicle, as at least 1 protester shot dead.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်လက်ဘနွန်အဓိကရုန်း #စစ်ဖက်ယာဉ်များနှင့်ဘဏ်များမီးတင်ရှို့ခံရ

https://www.rt.com/news/487106-bank-torched-lebanon-riots/

0

Leave a Reply

Your email address will not be published.