လက်ဘနွန်နိုင်ငံ မြို့တော် ဘီရွတ်တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၇၀ သေဆုံးပြီး ၄,၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်ဟု BBC က ယနေ့ရေးသားသည်။
မြို့တော်၏ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် ကောင်းကင်ယံ၌ အလွန်ကြီးမားသော မှိုပွင့်ပုံသဏ္ဍာန် မီးခိုးထုကြီးကို အချိန်တော်ကြာတွေ့မြင်ကြရသည်။ လက်ဘနွန်အာဏာပိုင်တို့က ဆိပ်ကမ်းကုန်လှောင်ရုံတွင် ၆-နှစ်ကြာမျှ သိုလှောင်ထားသည့် ပေါက်ကွဲပစ္စည်းများကို အပြစ်တင်ကြသော်လည်း မည်သည့်အတွက် ပေါက်ကွဲမှုဖြစ်ရသည်ကို အတိအကျသိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
ကုန်လှောင်ရုံတွင် ပေါက်ကွဲစေတတ်သော အမိုးနီးယား နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ခန့် သိုလှောင်ထားသည်ဆိုခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ တာဝန်ရှိသူများအား အမြင့်ဆုံးပြစ်ဒါဏ် ချမှတ်ရလိမ့်မည်ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးရသူများအတွက် ၃-ရက်ကြာ ဝမ်းနည်းပူဆွေးကာလ ကြေညာလိုက်ပြီး အရေးပေါ်ရန်ပုံငွေ ၁၀၀ ဘီလျှံ လီယာ ( အမေရိကန်ဒေါ်လာ ၆၆-သန်း ) သုံးစွဲမည်ဖြစ်ကြောင်း လက်ဘနွန် သမ္မတ မိုက်ကယ်လ်အောင်းက ပြောဆိုသည်။
ပေါက်ကွဲမှု အသံနှင့် အရှိန်ရိုက်ခတ်ခြင်းကြောင့် အနီးဝန်းကျင် အဆောက်အအုံများစွာတို့ ပြိုလဲပျက်စီးခဲ့ရပြီး အတော်ဝေးဝေးအထိ နေအိမ်နှင့် ရုံးခန်းပြတင်းမှန်များ ကွဲကြေသွားယုံမက တံခါးဘောင်များပါ ပျက်စီးသွားခဲ့သည်။ မျက်မြင်တွေ့ရှိသူများ အဆိုအရ ပေါက်ကွဲမှုအနီးတစ်ဝှိုက်ရှိ လူအတော်များများမှာ နားပင်းသွားခဲ့ရပြီး အပိုင်းအစများအောက်တွင် ပိတ်မိနေသူများ ရှိကြောင်း သိရှိရသည်။ ဗွီဒီယိုရုပ်သံမှတ်တမ်းများ၌ မြို့တော်တစ်ဝှမ်းလုံးတွင် အပျက်အစီးအပိုင်းအစ များဖုံးလွှမ်းလျှက် တွန့်လိမ်ပျက်စီးနေသော မော်တော်ယာဉ်များ၊ ဒါဏ်ရာရရှိသူများနှင့် ပြည့်နှက်လျှက်ရှိသော ဆေးရုံများကို တွေ့မြင်ကြရသည်။
ပေါက်ကွဲမှုမှာ ပြင်းထန်လွန်းလှသဖြင့် မြေထဲပင်လယ်အရှေ့ပိုင်း မိုင် ၁၅၀ အကွာ ဆိုက်ပရပ်စ်ကျွန်းမှပင် အတိုင်းသား ကြားကြရသည်ဆို၏။ ယခုပေါက်ကွဲမှုမှာ လက်ဘနွန်တွင် စီးပွားရေးအကြပ်အတည်းဟောင်းများ တစ်ကျော့ပြန်လည်လာပြီး ထိရှလွယ်သော ကာလ၌ ဖြစ်ပွားကြောင်း သိရှိရသည်။ လက်ဘနွန်တွင် ၆-နှစ်ကြာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင် ရာဖစ်ဟာရီရီအား ၂၀၀၅ -ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်မှုကို သောကြာနေ့၌ ရုံးတင်စစ်ဆေးခြင်းမတိုင်မီ တင်းမာမှုများ ပြန်လည်မြင့်တက်ခဲ့သည်။
ဘေရွတ်ပေါက်ကွဲမှုအတွက် လက်ဘနွန်ပြည်သူ့စစ် ဟဇ်ဘိုလာတို့အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ HRW အကြီးအကဲ ကင်းနက်ရို့သ်က ရုတ်တရက် အပြစ်တင်လိုက်ကြောင်း Russia Today က ယနေ့ရေးသားသည်။ ပေါက်ကွဲမှုနောက်ကွယ်တွင် ဟဇ်ဘိုလာတို့ ရှိနေလေဟန် ကင်းနက်ရို့သ် ရေးသားခဲ့သော Twitter ပို့စ်မှာ မကြာမီ ပြန်လည် ဖျက်ချသွားကြောင်း တွေ့ရှိရသည်။
ရာဖစ်ဟာရီရီသည် ၁၉၉၂ မှ ၁၉၉၈-ခုနှစ်အထိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတကာ အချမ်းသာဆုံးသူ ၁၀၀ စာရင်းတွင်ပါဝင်သူဖြစ်ပြီး အချမ်းသာဆုံး ကမ္ဘာ့နိုင်ငံရေးသမားများ၌ အဆင့်-၄ ဖြစ်သည်။ ၂၀၀၀-ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံရွေးကောက်ခံရပြီး ၂၀၀၄-ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်ခဲ့သည်။
ဟာရီရီသည် ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဘီရွတ်မြို့၌ အသေခံထရပ်ကားဗုံးဖြင့်လုပ်ကြံခံရသည်။ ဟာရီရီနှင့်အတူ လူ ၂၃-ဦးသေဆုံးရခြင်းတွင် ဆီးရီးယားအစိုးရနှင့် ဆက်နွယ်သည်ဟုလည်း ဆိုကြပြီး လက်ဘနွန်အထူး တရားရုံးက ဟဇ်ဘိုလာအဖွဲ့ဝင် ၄-ဦးကို မျက်ကွယ်၌ သေဒါဏ်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလ ညူကလီယာဗုံးဒါဏ်ခံခဲ့ရသော ဟီရိုရှီးမား ပမာဏနှင့် ညီမျှသော ဘီရွတ် ပေါက်ကွဲမှု မှာ အစ္စရေးနှင့်ဟဇ်ဘိုလာတို့၏ ရော့ကက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားသည်ဆိုသည့် စွပ်စွဲချက်များမှာ မဟုတ်မမှန်ကြောင်း အစ္စရေးနှင့် ဟဇ်ဘိုလာတို့ငြင်းဆိုသည်ဟု ယနေ့ Russia Today ၏ အခြားသတင်း တစ်ပုဒ်တွင် တွေ့ရှိရသည်။
ဘီရွတ်ပေါက်ကွဲမှုသည် မတော်တဆဖြစ်ပုံရကြောင်း လက်ဘနွန်အာဏာပိုင်တို့က ပြောဆိုသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ “ တိုက်ခိုက်ခံရခြင်း “ ဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ ပြောဆိုသည်ဟု Business insider က ယနေ့ရေးသားသည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှင့် တူကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုသော်လည်း တိုက်ခိုက်မှုနှင့် တူသလို ခံစားရကြောင်း ၎င်း၏ စစ်ဘက်အကြံပေးပုဂ္ဂိုလ်က ပြောကြားခြင်းဖြစ်သည်ဟု ဆက်လက် ရှင်းပြသည်။
#လက်ဘနွန်နိုင်ငံ_ဘီရွတ်မြို့_ပြင်းထန်သောပေါက်ကွဲမှု
((( BBC., 05 Aug.2020 , “ Beirut blast: Dozens dead and thousands injured, health minister says.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.bbc.com/news/world-middle-east-53656220
https://www.rt.com/news/497108-hrw-director-hezbollah-beirut-blast/
https://www.rt.com/news/497105-beirut-phalange-secretary-dead-explosion/
https://www.rt.com/news/497091-israel-hezbollah-deny-beirut-rocket/
https://www.businessinsider.com/trump-says-beirut-explosion-was-an-attack-contradicting-lebanese-officials-2020-8
I’m pretty pleased to find this website. I need to to thank you for
ones time for this particularly fantastic read!! I definitely really liked
every bit of it and I have you saved to fav to see new information on your site.
my page; https://royalcbd.com/