လစ်ဗျားတွင် ရွှေ့ပြောင်းအလုပ်သမား ၂၆ ဦး အသတ်ခံခဲ့ရမှု ူ လူကုန်ကူးသူများအပါအဝင် ၃၈-ဦးကို ဘင်္ဂလားဒက် စီအိုင်ဒီ ဖော်ထုတ်တရားစွဲဆို။ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများ အသတ်ခံရမှု၌ တာဝန်ရှိသူ လစ်ဗျားပြည်သူ့စစ် ခါလစ်မူဆာအီမှာ ထရီပိုလီအစိုးရ၏ ဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးကြောင်း သတင်းထွက်

လစ်ဗျားနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသော ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအလုပ်သမား၂၆-ဦး တို့ အသတ်ခံရမှု နှင့် ဆက်စပ်၍ ဘင်္ဂလားဒက်ရှ်မှု့ခင်းစုံစမ်းစစ်ဆေးရေးဋ္ဌာန ( CID ) က စုံစမ်းဖော်ထုတ်ခဲ့ရာ ၃၈-ဦးကို အမှု ဖွင့်ထားခဲ့ကြောင်း၊ သေဆုံးသူတို့၏ ရုပ်အလောင်းများကို နိုင်ငံတကာရွှေပြောင်းသွားလာမှုဆိုင်ရာအဖွဲ့ (IOM) အကူအညီဖြင့် ဘင်္ဂလားဒက်ရှ်သို့ ပြန်လည်သယ်ယူမည်ဖြစ်ပြီး၊ သေဆုံးသူများအတွက် လျှော်ကြေးတောင်းခံရန် စီစဉ်ခဲ့သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။


၎င်းတို့အနက် အမည်မဖော်လိုသူ ၈ ဦး မှ ၁၀ ဦးတို့မှာ လူကုန်ကူးမှု တားဆီးနှိပ်ကွပ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံရသူများဖြစ်ကြောင်း၊ အသတ်ခံရမှုနှင့် ဆက်စပ်သည်ဟု CID က ဖမ်းဆီးထားသူများနှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို မသိရသေးကြောင်း ပယ်လ်တန်ရဲတပ်ဖွဲ့က အင်္ဂါနေ့ည၌ ပြောဆိုသည်။

လွန်ခဲ့သည့် မေလ ၂၈-ရက်နေ့တွင် ပြည်တွင်းစစ်ဖြစ်ပွားဆဲ လစ်ဗျားနိုင်ငံ၌ ထရီပိုလီမြို့တောင်ဖက် မိုင် ၁၁၀-ခန့် အကွာ လူသူစွန့်ပစ်ထားသော မစ်ဇဒါမြို့၌ လူကုန်ကူးသူအချု့ိက သေနတ်ကိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၂၆-ဦး သေဆုံးပြီး အခြားနိုင်ငံသား ၁၁-ဦးတို့ ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သို့သော် ရုပ်အလောင်းအားလုံးကို လစ်ဗျားနိုင်ငံ မစ်ဇ်ဒါခရိုင်၌ပင် သြင်္ဂိုဟ်ခဲ့ရသည်ဆို၏။

လစ်ဗျားနိုင်ငံတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသားများ အသတ်ခံခဲ့ရမှု၌ အဓိကတာဝန်ရှိသူမှာ ခါလစ်အယ်မူဆာအီဖြစ်ကြောင်း၊ တိုဘရုခစင်ပြိုင်အစိုးရ LNA တပ်မတော် စစ်ဘုရင် ခလီဖာဟဖ်တာ၏ လက်ရုံးတစ်ဦးဖြစ်သူ ခါလစ်သည် ဒေသန္တရပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ မြို့တော်မှ မိုင် ၅၀-ခန့်အကွာ ဂါယန်မြို့ကို လစ်ဗျားထရီပိုလီအစိုးရက ဒရုန်းများအသုံးပြု၍ ယမန်နေ့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် ခါလစ်အယ်မူဆာအီ သေဆုံးသွားပြီဖြစ်ကြောင်း ထရီပိုလီအခြေစိုက် The Libya Observer က ရေးသားသည်ဟု Dhaka Tribune ၏ ယနေ့ဖော်ပြသော သတင်းတစ်ပုဒ်တွင် တွေရှိရသည်။

ဘင်္ဂလားဒေ့ရ်ှအစိုးရသည် လူကုန်ကူးသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ရှာဖွေခဲ့ပြီး၊ လူကုန်ကူးခြင်းနှင့် သတ်ဖြတ်ခြင်းတွင်ပါ၀ င်သူများကို ဖမ်းဆီးအပြစ်ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။

စနေနေ့တွင် အသတ်ခံရသူတို့၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့ရာ ခရိုင် ၆ -ခုမှ လူ ၂၃-ဦးတို့ပါဝင်သည်။

(( ယခုသတင်းနှင့်ပတ်သက်၍ အသေးစိတ်ကို “ လစ်ဗျားပြည်တွင်းစစ် ဘင်္ဂလားဒက်ရှ် နိုင်ငံသား ၂၆-ဦး အသတ်ခံရကြောင်း ထရီပိုလီ အစိုးရပြောဆို။ အာဖရိကတိုက်သား အခြားရွှေ့ပြောင်းအလုပ်သမား ၄-ဦးအပါ အဝင် လူ ၃၀ အသတ်ခံရ” ခေါင်းစဉ်ဖြင့် ( မေ – ၂၉၊ ၂၀၂၀ ) ၌ ကျွန်တော် ဘာသာပြန်ဆိုဖော်ပြခဲ့ရာ ပထမ ဆုံး ကောမန့်တွင် ဖတ်ရှု့နိုင်ပါသည်။ ဘင်္ဂလားဒက်ရှ်များ အသတ်ခံရခြင်းမှာ လစ်ဗျားလူကုန်ကူးသူ မိသားစု၏ လက်ချက်ဖြစ်ကြောင်း ကနဦးသတင်းများ၌ တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., June 3, 2020, “ CID files case against 38 over the death of 26 Bangladeshi migrants in Libya . By: Abdullah Alif ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန် ဆိုသည်။ )))


#လစ်ဗျား၌ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအလုပ်သမား၂၆-ဦးအသတ်ခံရမှု၃၈-ဦးကိုစီအိုင်ဒီအမှုဖွင့်

#ဘင်္ဂလားဒက်ရှ်များအသတ်ခံရမှုတာဝန်ရှိသူလစ်ဗျားပြည်သူ့စစ်ခေါင်းဆောင်ခါလစ်အယ်လ်မူဆာအီသေဆုံး

https://www.dhakatribune.com/bangladesh/2020/06/03/cid-files-case-against-38-over-the-death-of-26-bangladeshi-migrants-in-libya

https://www.dhakatribune.com/world/africa/2020/06/03/report-libyan-warlord-responsible-for-murdering-26-bangladeshis-killed-in-drone-strike

https://www.dhakatribune.com/bangladesh/nation/2020/06/02/top-human-trafficker-arrested-in-sylhet

https://www.dhakatribune.com/bangladesh/2020/06/01/rab-detains-2-over-trafficking-of-bangladeshis-killed-in-libya

0

7 Replies to “လစ်ဗျားတွင် ရွှေ့ပြောင်းအလုပ်သမား ၂၆ ဦး အသတ်ခံခဲ့ရမှု ူ လူကုန်ကူးသူများအပါအဝင် ၃၈-ဦးကို ဘင်္ဂလားဒက် စီအိုင်ဒီ ဖော်ထုတ်တရားစွဲဆို။ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများ အသတ်ခံရမှု၌ တာဝန်ရှိသူ လစ်ဗျားပြည်သူ့စစ် ခါလစ်မူဆာအီမှာ ထရီပိုလီအစိုးရ၏ ဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးကြောင်း သတင်းထွက်”

  1. Unquestionably consider that that you stated. Your favorite justification seemed to be at the internet the easiest thing to take
    note of. I say to you, I definitely get annoyed at the same time as folks consider issues that they plainly do not realize about.
    You controlled to hit the nail upon the highest and defined out the entire thing without
    having side effect , other folks could take a signal.
    Will probably be back to get more. Thank you

    0
  2. My brother suggested I would possibly like this website.
    He used to be totally right. This publish actually made my day.
    You cann’t consider just how much time I had spent for this info!
    Thank you!

    0
  3. Thanks for your personal marvelous posting! I truly enjoyed
    reading it, you may be a great author.I will make certain to bookmark your blog and
    may come back in the future. I want to encourage one to continue your great work, have a nice evening!

    my page – Buy CBD

    0

Leave a Reply

Your email address will not be published.