လစ်သီယံသတ္တုသိုက်နှင့် အမေရိကန်အခြေစိုက် ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ ပယောဂဖြင့် အာဏာသိမ်းခံရဟု ဘိုလစ်ဗီးယား ဖြုတ်ချခံသမ္မတဟောင်းပြောဆို။ ဘိုလစ်ဗီးယားတွင် ပြင်းထန်သော အဓိကရုန်းများအတွင်း နောက်ထပ်လူသေဆုံး

ဘိုလစ်ဗီးယားနိုင်ငံ၏ အရံလစ်သီယံသတ္တုသိုက်ပြည်သူပိုင်အစီအစဉ်နှင့် “ အမေရိကနိုင်ငံများအဖွဲ့ “ OAS ခေါ် အမေရိကန်အခြေစိုက်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တို့မှာ မိမိကို အာဏာသိမ်းခံရစေရန် အဓိကလက်သည် များဖြစ်ကြောင်း ဖြုတ်ချခံ ဘိုလစ်ဗီးယားသမ္မတဟောင်း အက်ဗိုမော်ရာလိစ်က ပြောကြားသည်ဟု Russia Today က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် လစောစောပိုင်း သမ္မတရာထူးအတွက် ရွေးချယ်ခြင်းခံရသော မောရာလီစ်သည် ရွေးကောက်ပွဲပြီးဆုံး၍ များမကြာမီမှာပင် ဇာတိနိုင်ငံအား စွန့်ခွာခဲ့ရသည်။ ရွေးကောက်ပွဲ မသမာမှု့များကျူးလွန်သည်ဟု နိုင်ငံရေးအ တိုက်အခံတို့၏ စွပ်စွဲချက်ကို ရွေးကောက်ပွဲသစ် ထပ်မံကျင်းပပေးပါမည်ဟု လိုက်လျှောသည့်တိုင် သမ္မတဟောင်း မောရာလိစ်၏ အနီးကပ်လုံခြုံရေးနှင့် အစောင့်အရှောက်ရဲတပ်ဖွဲ့များ ရုတ်သိမ်းခြင်းခံရသည်။

လက်တစ်ဆုပ်စာမျှသာရှိသော လက်တင်အမေရိက လက်ဝဲဝါဒီများအနက် တစ်ဦးဖြစ်သူ အီကွာဒိုသမ္မတဟောင်း ရာဖဲလ်ကော်ရီးရားနှင့် ဘိုလစ်ဗီးယားဖြုတ်ချခံသမ္မတတို့ တွေ့ဆုံခန်းကို ရုရှားသတင်းမီဒီယာ RT  ( စပိန်ဘာသာ ) က တင်ဆက်ရာ၌ လက်ယာယိမ်းနိုင်ငံရေးအုပ်စုများနှင့် အမေရိကန်အခြေစိုက် OAS တို့ အာဏာသိမ်းပွဲ ခြေရှုတ်ပုံတို့ကို မောရလိစ်က ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

ဘိုလစ်ဗီးယား၏ လွန်ခဲ့သည့် အောက်တိုဘာ ရွေးကောက်ပွဲတွင် အခြားသော ရွေးကောက်ပွဲအကဲခတ်များက မည်သို့မျှ ဝေဖန်ခြင်းမရှိသော်လည်း  အမေရိကန်အခြေစိုက် OAS က ဆန္ဒမဲပေးရာတွင် မူမမှန်သည်များ အကြီးအကျယ်ဖြစ်ပွားကြောင်း တွေ့ရှိရသည်ဟု ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

စက်ကိရိယာနည်းပညာအရ ထောက်ပြခြင်းမဟုတ်ပဲ နိုင်ငံရေးအမြင်သက်သက်သာပါရှိသော OAS သတင်းထုတ်ပြန်ချက်ကို ပြန်လှန်သုံးသပ်မှု့ မပြုလုပ်ခြင်းမှာ ဘိုလစ်ဗီးယားယားအား မီးလောင်တိုက်သွင်းရာရောက်၍ အသေသတ်သလိုဖြစ်ရပါလိမ့်မည် .. ဟု မောရာလိစ်က စာရေးသားပေးပို့သည်ကို OAS အထွေထွေ အတွင်းရေးမှူးက အကြောင်းမပြန်သည့်အပြင် လူချင်းတွေ့ဆုံရန် ဖိတ်ခေါ်သည်ကိုလည်း OAS က တုန့်ပြန်ခြင်း မပြုခဲ့ချေ။

OAS နှပ်ကြောင်းပေးထားသည့်အတိုင်း ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရှုတ်ချပွဲများ၊ အဓိကရုန်းများဖြစ်ပွားခြင်းဖြင့် ဘိုလစ်ဗီးယားမှာ နိုင်ငံရေး-စီးပွားရေး အကြောသေသလိုဖြစ်ခဲ့ရသည်။ ကန့်ကွက်ဆန္ဒပြသူများနှင့် အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တို့ ထိပ်တိုက်တွေ့ကြရာ လူ ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ အတိုက်အခံတို့က ကြားဖြတ်အစိုးရဆိုသည်ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပမည့် ဥပဒေကြမ်းကို ထုတ်ပြန်ခြင်းဖြင့် တိုင်းပြည်အား ချွေးသိမ့်လျှက်ရှိစဉ် အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တို့ လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များထွက်ပေါ်သည်။ နောက်ဆုံးတွင် သမ္မတမောရာလိစ်ကိုယ်တိုင် တိုင်းပြည်မှ ထွက်ခွာပေးခဲ့ရသည်။

ဘိုလစ်ဗီးယားတွင် ကမ္ဘာ့အကြီးဆုံး လစ်သီယံသတ္တုသိုက်တည်ရှိနေပြီး ၎င်းသတ္တုမှာလျှပ်စစ်ကားများအတွက် ရေရှည်ခံဘက်ထရီများထုတ်လုပ်ရာ၌ မရှိမဖြစ် အသုံးဝင်သည်။ မောရာလီစ်က အဆိုပါယူရေနီယံအရင်းအမြစ်များကို နိုင်ငံပိုင်သိမ်းယူ၍ နိုင်ငံ့အနာဂါတ်စီးပွားရေးအတွက် အသုံးချရန် စီမံထားသည်။ အတိုက်အခံတို့ အာချောင်ခြင်းဖြင့် နိုင်ငံတော်စီမံကိန်းမှာ ကမ္ဘာသိပေါက်ကြားသွားရသည်။ ၎င်းလစ်သီယံတို့ကို ပုဂ္ဂလိက စက်မှု့လုပ်ငန်းရှင်များလက်သို့ ပုံအပ်စေလိုသည့် အတိုက်အခံတို့ထိုးနှက်မှု့မှာ မောရလီစ်ပြုတ်ကျရန် လမ်းစဖြစ်ခဲ့သည်။       

ဘိုလစ်ဗီးယား၏ လစ်သီယံသတ္တုကြွယ်ဝမှုမှာ တန်ချိန် သန်း ၉၀၀ မျှရှိသည်ဆို၏။ မောရာလီစ်ပြည်ပြေးဖြစ်ရပြီးနောက်  ဘိုလစ်ဗီးယား၏ လစ်သီယံဒြပ်စင်အရင်းအမြစ်တို့မှာ အမေရိကန်၊ကယ်လီဖိုးနီးယားအခြေစိုက် လျှပ်စစ်ကားသုံး ဘက်ထရီထုတ်လုပ်ရေး “ Tesla Inc.“ က စီမံခန့်ခွဲခွင့် သိမ်းကြုံးရရှိသွားသည်။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲခြင်း လျှော့ချရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေးအတွက် လစ်သီယံမှာ အလွန်အရေးပါသည်။ ၂၀၂၅ – ခုနှစ်အရောက်တွင် လစ်သီယံ၏ကမ္ဘာ့ဝယ်လိုအားမှာ ၂-ဆမြင့်တက်လာမည်ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ်ကတည်းက Bloomberg ၏ ခန့်မှန်းထားပြီးဖြစ်သည်။

ကြားဖြတ်အစိုးရအား ကန့်ကွက်ဆန္ဒပြပွဲအဓိကရုန်းများဖြင့် မငြိမ်မသက်ဖြစ်နေသော ဘိုလစ်ဗီးယားနိုင်ငံတွင် ကြာသပတေးနေ့ လာပက်ဇ်မြို့တော်အနီး အားလ်အော်တို လောင်စာစက်ရုံဝင်ပေါက်၌ မောရလီစ်လိုလားသော ပိတ်ဆို့ဆန္ဒပြသူများကို လုံထိန်းရဲများက ကျည်အစစ်ဖြင့် ပစ်ခတ်လူစုခွဲသဖြင့် ၈-ဦးထက်မနည်း သေဆုံးသည် ဟု Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

အဆိုပါသေဆုံးသူများအနက် ၂-ဦး၏ ရုပ်အလောင်းကို ယနေ့အသုဘချရာ၌ လိုက်ပါပို့ဆောင်သူ လူအုပ်ကြီးအား လုံထိန်းရဲများက မျက်ရည်ယိုဗုံးများပစ်ခတ်လူစုခွဲသဖြင့် အသုဘခေါင်းများ ပစ်ချကာ ကိုယ်လွတ်ထွက် ဘပြေးကြရကြောင်း Russia Today ၏ အခြား ရုပ်သံသတင်း၌ တွေ့မြင်ရသည်။

ဘိုလစ်ဗီးယားတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ယခင်ရွေးချယ်ခြင်းခံရသည့် မောရလီစ်နှင့် အစိုးရအဖွဲ့ဝင်များအား ထည့်သွင်းခြင်းမပြုရန်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ဘိုလစ်ဗီးယားရွေးကောက်ပွဲကော်မရှင်အား တောင်းဆိုလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အမေရိကန်အနေဖြင့် ဘိုလစ်ဗီးယားတွင် မောရလီစ်ပြုတ်ကျပြီးနောက် ရွေးကောက်ခြင်းခံရသော အစိုးရအဖွဲ့ကိုသာ အသိအမှတ်ပြုမည်ဟု ကတိပြုသည်ကြောင်း မိုက်ပွန်ပေယိုက ပြောကြားသည်ဟု သတင်း၌ ဖော်ပြသည်။

(( ဘိုလစ်ဗီးယားတွင် ကမ္ဘာ့အကြီးဆုံးလစ်သီယံသတ္တုသိုက် တွေ့ရှိခြင်းအကြောင်း အတိုက်အခံတို့ အာချောင်ခြင်းဖြင့် ကမ္ဘာက သိရှိသွားခဲ့ရာ၊ ပြည်သူပိုင်ပြုလုပ်၍ သတ္တုထုတ်လုပ်ရာတွင် တရုတ်အကူအညီ ရယူမည့်အစီအစဉ်လည်း ပါရှိကြောင်း သတင်းများတွေ့ရပါသည်။       ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 21 Nov, 2019, “Bolivian coup was all about the lithium & OAS had a hand in it, ousted president Morales tells RT.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/474022-morales-bolivia-coup-lithium/

https://www.rt.com/news/474016-morales-correa-bolivia-stability/

https://www.rt.com/news/474044-bolivia-protesters-drop-caskets/

https://www.rt.com/news/474039-pompeo-bolivia-officials-step-down/

https://www.rt.com/news/473926-morales-un-intervene-bolivia-massacre/

#ကမ္ဘာ့အကြီးဆုံးလစ်သီယံသတ္တုသိုက် #ဘိုလစ်ဗီးယားအဓိကရုန်း #အမေရိကနိုင်ငံများအဖွဲ့OAS

0

Leave a Reply

Your email address will not be published.