သောကြာနေ့ မွန်းလွဲပိုင်း ဗြိတိန်နိုင်ငံ လန်ဒန်တံတား London Bridge ပေါ်တွင် လူတစ်ဦးက ဗုံးအတုဖြင့် ခြောက်လှန့်ပြီး လမ်းသွားလမ်းလာများကို ဒါးဖြင့် တိုက်ခိုက်ခဲ့သည်ဆို၏။ အသေခံဗုံးခွဲခါးပတ်အတု ဝတ်ဆင်ထားသူအား ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမားဟု ယူဆရသူမှာ နေရာ၌ ပွဲချင်းပီး သေဆုံးသည်ဟု Russia Today က ယနေ့ရေးသားသည်။
ဒါးကိုင်အကြမ်းဖက်သမားအား ရဲတပ်ဖွဲ့ဝင်များက ပစ်သတ်ခြင်းမတိုင်မီ အရမ်းကာရော တိုက်ခိုက်မှု့၌ ဒါးထိုးခံရသူ မည်မျှရှိသည်ကို ရှင်းလင်း စွာ မသိရသော်လည်း ဒေသန္တရမီဒီယာအချို့အဆိုအရ ဒါဏ်ရာရရှိသူ ၅-ဦးရှိကြောင်း ဖော်ပြကြသည်။ နောက်ပိုင်းတွင် ဒါးထိုးခံရသူများအနက် ၂-ဦးသေဆုံးပြီး ၃-ဦးဒါဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
လန်ဒန်မြို့လယ် လူစည်ကားသောနေရာ၌ ဖြစ်ပွားသော အကြမ်းဖက်မှု့ကြောင့် လူအများ ကြောက်လန့်တကြား ပြေးလွှားခဲ့ကြရပြီး ကောလဟလသတင်းများလည်း တစ်မြို့လုံး ပြန့်လွင့်လျှက်ရှိသည်။
၂၀၁၇-ခုနှစ် အဆိုပါ လန်ဒန်တံတားပေါ်၌ပင် လမ်းသွားလမ်းလာလူအုပ်အတွင်း ကားဖြင့် ဒလကြမ်းဝင်တိုက်ပြီး ဒါးကိုင်တိုက်ခိုက်မှု့ကြောင့် လူ ၁၁-ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။
လန်ဒန်တံတား ဒါးကိုင်တိုက်ခိုက်မှု့၌ အကြမ်းဖက်သမားဟု သံသယရှိသူမှာ စတပ်ဖ်ဖို့ရှိုင်းယားနေ အူစမန်ခန်း ( ၂၈-နှစ် ) ဖြစ်ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်ဟု CNN က ယနေ့ရေးသားသည်။
ခန်းသည် အကြမ်းဖက်အယူအဆ ငြိုငြင်ကျူးလွန်မှု့ဖြင့် ၂၀၁၂ – ခုနှစ်တွင် ဖမ်းဆီး တရားစွဲဆိုခြင်းခံခဲ့ရဖူးသူတစ်ဦးဖြစ်ပြီး ၂၀၁၈ – ဒီဇင်ဘာတွင် လိုင်စင်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရှိရသည်
ထိုကဲ့သို့ လိုင်စင်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ခန္ဓာကိုယ်တွင် အီလက်ထရောနစ်ကိရိယာ တပ်ဆင်ပေးထားခြင်းခံရပြီး သွားလာလှုပ်ရှားမှု့မှန်သမျှ ရဲအဖွဲ့က ထောက်လှမ်းသိရှိနိုင်အောင် စီမံထားလေ့ရှိသည်။ ထို့ပြင် သတ်မှတ်ချိန် ညပိုင်း၌ အပြင်မထွက်ရခြင်းကဲ့သို့ ခြေချုပ်ကတိကိုလည်း လိုက်နာရလေ့ရှိကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုသည်။
((( Russia Today., 29 Nov, 2019, “London Bridge stabbing a terrorist attack, suspect shot dead at scene – counter-terror chief.” ကို #HtayOung, #OungMarine ဆီလွောအြောငြ ကောကနြှုတဘြာ သာပှနဆြိုသညြ။ )))
https://www.rt.com/uk/474690-london-bridge-stabbing-terrorist-attack/
https://www.rt.com/uk/474696-london-bridge-people-dead/
https://edition.cnn.com/uk/live-news/london-bridge-incident-dle-gbr-intl/index.html
#လန်ဒန်တံတားဒါးကိုင်အကြမ်းဖက်မှု #အူစမန်ခန်းUsmanKhan