လန်ဒန်မြို့လယ်ကောင် အာဏာသိမ်းမှုတစ်ခု၊ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် သော့ပိတ်ထား၍ သံရုံးအတွင်း ဝင်ခွင့်မရ။ လန်ဒန်ရှိမြန်မာသံအမတ်ကြီးကို ရာထူးမှ ရပ်စဲလိုက်သည်ဟု မြန်မာအာဏာပိုင်များက အသိပေးကြောင်း မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ပြောဆို


လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် ၎င်းတိုင်းပြည်၏ စစ်ကောင်စီအစိုးရသစ်အား ကိုယ်စားပြုသူ လက်ထောက်သံအမတ်ကြီး၏ နှင်ထုတ်ခြင်းခံရပြီးနောက် ဗြိတိန်နိုင်ခြားရေးရုံးထံမှ အကူအညီတောင်းခံနေရကြောင်း သတင်းများအရသိရှိရသည်ဟု Russia Today က ယနေ့ ရေးသားသည်။…  
ဦးကျော်စွာမင်းနှင့် ၎င်း၏အဖွဲ့ဝင် ရုံးဝန်ထမ်းများကို သံရုံးမှ ထွက်ခွာသွားရန် မြန်မာစစ်သံမှူးက ပြောဆိုပြီးနောက် မြန်မာသံအမတ်ကြီးမှာ အပြင်ဘက်၎င်း၏ ကားအတွင်း တစ်ညလုံး အချိန်ကုန်ခဲ့ရသည်ဆို၏။…    
ဖယ်ရှားခြင်းခံရသော မြန်မာသံအမတ်ကြီးက သံရုံးအတွင်း ဝင်ရောက်ရန်ကြိုးစားစဉ် သံတမန်ဧရိယာအပြင်ဘက်၌ #လန်ဒန်မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်လျှက်ရှိပုံကို လူမှုကွန်ယက်တွင် ပျံ့လွင့်လျှက်ရှိသော ဓါတ်ပုံနှင့်ဗွီဒီယိုများတွင် တွေ့မြင်နေရသည်။ သံအမတ်ကြီး နှင်ထုတ်ခံရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ကန့်ကွက်ဆန္ဒပြသူများကလည်း သံရုံးအပြင်ဘက်၎င်း စုဝေးခဲ့ကြသည်။ အခင်းဖြစ်ပွားခြင်း မှန်ကန်သော်လည်း ဖမ်းဆီးထားသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန် ချက်၌ ဖော်ပြထားသည်။…   
၎င်းအား သံရုံးမှ ဖယ်ရှားခြင်းမှာ လန်ဒန်မြို့လယ်တွင် အာဏာသိမ်းမှု တစ်ခုပင်ဖြစ်ကြောင်း၊ ၎င်းအား အပြင်ဘက်သို့ထုတ်ကာ သံရုံးကို သော့ပိတ်ထားကြောင်း၊ ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မထင်မိကြောင်း ဦးကျော်စွာမင်းက သတင်းထောက်များအား ရှင်းပြသည်။…  
လောလောဆယ် ဗြိတိန်နိုင်ငံဆိုင်ရာ လက်ထောက်မြန်မာသံအမတ်ကြီး ဦးချစ်ဝင်းသည် ဖေဖော်ဝါရီလ၌ အာဏာသိမ်းယူခဲ့သော စစ်ကောင်စီအစိုးရကိုယ်စား သံရုံးကို ထိန်းချုပ်ထားပုံရသည်ဟု ယုံကြည်ရသည်။…   
နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားစဉ်အတွင်း တပ်မတော်က ထိန်းသိမ်းထားသည့် အရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လွန်ခဲ့သည့်လ၌ ဦးကျော်စွာမင်းက ပြောဆိုခဲ့ဖူးသည်။ မြန်မာစစ်တပ်တွင် ဗိုလ်မှူးကြီးတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်စွာမင်းက ၎င်းအနေဖြင့် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ စိုးရ်မ်ပူပန်သော်လည်း နိုင်ငံရေးအငြင်းပွားမှုတွင် မည်သည့်ဘက်မှ မလိုက်ပါပဲ ကြားနေရပ်တည်ကြောင်း ပြောဆိုသည်။…   
ယခုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးရုံးက ကြားဝင်ဆောင်ရွက်လိမ့်မည်ဟု ဖြုတ်ချခံရသော မြန်မာသံအမတ်ကြီးက မျှော်လင့်လျှက်ရှိကြောင်း သတင်းများအရ သိရှိရသည်။ မြန်မာသံအမတ်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍“ ရှင်းလင်းချက်” ရှာဖွေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရက BBC အား ပြောဆိုသည်။…   
မြန်မာစစ်ကောင်စီအစိုးအား ကန့်ကွက်သည့် ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိစဉ် ယခုကဲ့သို့ သမားရိုးကျမဟုတ်သည့် သံတမန်ပြောင်းလဲမှု ဖြစ်ပေါ်လာကြောင်း တွေ့ရှိရသည်။ ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းရာတွင် ကလေးငယ်များအပါအဝင် လူ ၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။

ယခုသတင်းရေးသားနေစဉ် လန်ဒန်ရှိ ၎င်းတို့၏ သံအမတ်ကြီးကို ရာထူးမှ ရပ်စဲလိုက်သည်ဟု မြန်မာအာဏာပိုင်များက တရားဝင်အသိပေးကြောင်း၊ ဦးကျော်စွာမင်း၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုလျှက်မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယရေးရာဋ္ဌာန FCDO ပြောခွင့်ရပုဂ္ဂိုလ် ဒိုမင်းနစ် ရက်ဗ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်ဟု BBC သံတမန်ရေးရာ သတင်းထောက်က ယနေ့ရေးသားသည်။…  
ဒိုမင်းနစ်ရက်ဗ်၏ Twitter ၌ အခြားရေးသားမှုတစ်ခုတွင် ယမန်နေ့ လန်ဒန်၌ မြန်မာစစ်ကောင်စီအစိုးရ၏ အနိုင်ကျင့်ဗိုလ်ကျသည့် အပြုအမူကို ရှုတ်ချကြောင်း၊ကြောက်မက်ဖွယ်အကြမ်းဖက်မှုများကို အဆုံးသတ်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အမြန်ဆုံးပြန်လည်ထူထောင်ရန် ဗြိတိန်က ဆက်လက်တောင်းဆိုကြောင်း ရေးသားသည်ကို တွေ့ရှိရသည်။

((ယခုသတင်းနှင့် ပတ်သက်၍ ကျွန်တော်၏ ထင်မြင်ချက်အား အတိုချုံးပြောပြလိုပါသည်။
လန်ဒန်ရှိ မြန်မာသံရုံးသည် ဗြိတိန်နိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဗြိတိန်သည် မြန်မာနှင့် စစ်မက်ဖြစ်ပွားလုမတတ် ရှိစေကာမူ မြန်မာသံရုံးနှင့် သံအမှုထမ်းများအား စောင့်ရှောက်ကာကွယ်ရန် တာဝန်ရှိသည်။…  
ထိုြ့ပင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့ဆိုရာတွင်လည်း ပုံစံအမျိုးမျိုးရှိနေသည်။ ရွေးကောက်တင်မြှောက်ခံရသူများနှင့် ဖွဲ့စည်းမှဟု တစ်ထစ်ချ မဆိုနိုင်ပါ။…  
လောလောဆယ်တွင် Legitimacy ဥပဒေကြောင်းဆောင်ရွက်နိုင်သော အဖွဲ့အစည်းမှာ စစ်ကောင်စီဖြစ်နေပါသည်။ ဥပဒေပြု-ဖမ်းဆီး-တရားစွဲ-အမှု့စစ်ဆေး-အကျဉ်းချခြင်းမှအစ မြန်မာပြည်တွင်းလေယာဉ်ကွင်းတို့၌ ဆင်းသက်/ထွက်ခွာခွင့်မှာ စစ်ကောင်စီသာလျှင် ဆောင်ရွက်ပေးနိုင်သည်။…  
ပြည်ပနိုင်ငံဆိုသည်မှာ မြန်မာပြည်တွင်း ၎င်းတို့၏သံရုံး-၎င်းတို့နိုင်ငံသားနှင့်-၎င်းတို့အကျိုးစီးပွားကို ဥပဒေကြောင်းအရ မည်သူက ဆောင်ရွက်ပေးနိုင်မည်ကိုသာ အလေးထားသည်။ ၎င်း အစိုးရမျိုးကို #De_facto_ government ဟုလည်း ခေါ်ကြပြီး အခြားလူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့အပေါ် အုပ်ချုပ်-ဥပဒေပြု-တရားစီရင် စသည့်ဖြင့် အမှန်တကယ်ဆောင်ရွက်ပေးနေသည်ဟု အများအသိအမှတ်ပြုခံရသော အစိုးရမျိုးဖြစ်ပါသည်။…    
ထိုသို့မဟုတ်လျှင် သံရုံးအား ပိတ်သိမ်း၍ ၎င်းနိုင်ငံမှ ထွက်ခွာသွားယုံသာရှိသည်။ ဘောရစ်ဂျွန်ဆင်အစိုးရသည် မြန်မာပြည်တွင်း ကန့်ကွက်ဆန္ဒပြသူများ သေဆုံးလျှက်ရှိသည်ကို ရှုတ်ချခြင်း၊ အကြမ်းဖက်မှုများအတွက် စိုးရိမ်သည်ဆိုခြင်း၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရန် တောင်းဆိုသည်ဆိုငြားလည်း မြန်မာစစ်ကောင်စီအစိုးရအား De facto government ဟု အသိအမှတ်ပြုရာရောက်နေလေသည်။   ။သတင်းဘာသာပြန်သူ))

(((Russia Today., 8 Apr, 2021, “‘A kind of coup in the middle of London’: Myanmar’s envoy to UK says he was LOCKED out of embassy.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာပြန်ဆိုသည်။)))

#ဗြိတိန်မြန်မာအသံအမတ်ကြီး #ဗြိတိသျှနိုင်ငံခြားရေး_ဓနသဟာယရေးရာဋ္ဌာန_FCDO

https://www.rt.com/news/520421-myanmar-ambassador-uk-coup/
https://twitter.com/DominicRaab/status/1380030036443561984
https://twitter.com/BBCJLandale/status/1380057388049436675 

Leave a Reply

Your email address will not be published.