

လာမည့် ၁၂ လအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်း သြစတြေးလျထောက်လှမ်းရေးအေဂျင်စီများက သတင်းရရှိထားသည့်အတွက် အကြမ်းဖက်ဆိုင်ရာ ဝါဒဖြန့်ခြင်းနှင့် စာရွက်စာတမ်းများကို ပိုင်ဆိုင်-မျှေ၀ ခြင်းမှာ တရားမဝင်ကြောင်း ဥပဒေပြဋ္ဌာန်းပေးရန် သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့က တောင်းဆိုလျှက်ရှိသည် ဟု Russia Today က ယမန်နေ့ ရေးသားသည်။..

သြစတြေးလျတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်နိုင်ခြေရှိကြောင်းနှင့် လာမည့် ၁၂-လ အတွင်း ဖြစ်ပွားလိမ့်မည်ဟု မှန်းဆရကြောင်း၊ အစ္စလာမ်မစ် သို့မဟုတ် အမျိုးသားရေးအယူအဆရှိသူများ ဖြစ်နိုင်ကြာင်း သြစတြေးလျ #လုံခြုံရေးဆိုင်ရာ_ထောက်လှမ်းရေးအဖွဲ့ (#ASIO) မှ ညွှန်ကြားရေးမှူးချုပ် မိုက်ဘာဂီက ပါလီမန် ထောက်လှမ်းရေးကော်မတီအား အစီရင်ခံတင်ပြခဲ့သည်ဟု ဒေသန္တရမီဒီယာများအရ သိရှိရသည်။

…  
ထို့ပြင် သြစတြေးလျလူငယ်များသည် #လူမျိုးကြီးဝါဒ၊ #လူမျိုးခြား_မုန်းတီးဖိနှိပ်မှု_အယူအဆ၊ #ဣတ္ထိယ_မုန်းတီးရေးအတွေးအခေါ်များတွင် ထောင်ချောက်မိလျှက်ရှိကြောင်း မိုက်ဘာဂီက သတိပေးလိုက်သည်။ သို့သော် ဆွန်နီအခြေခံ_အစွန်းရောက်ဝါဒသည် ထောက်လှမ်းရေးအေဂျင်စီအတွက် အဓိက စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်ဟု ကောက်ချက်ချရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဘာဂီ၏ သတိပေးချက်အရ ယခုအခါ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အတွေးအခေါ်များအတွက် ဝါဒဖြန့်ချီရာတွင် အသုံးပြုသည်ဟု မှတ်ယူရသော ပစ္စည်းများကို ပိုင်ဆိုင်- လက်ဝယ်ထားရှိလျှင် နိုင်ငံတော်က ရာဇဝတ်ကြောင်းအရ အပြစ်ပေးနိုင်မည့် ဥပဒေပြောင်းလဲပြဋ္ဌာန်းပေးရန်#သြစတြေးလျ_ဖက်ဒရယ်ရဲတပ်ဖွဲ့ (#AFP) က တိုက်တွန်းလျှက်ရှိသည် ဆို၏။

လက်ရှိ ပြစ်မှုဆိုင်ရာဥပဒေ၏ အချို့သော အခန်းများသည် အများလူထု၏ မျှော်လင့်ချက်များနှင့် မကိုက်ညီခြင်း မရှိကြောင်း၊ သြစတြေးလျနိုင်ငံအတွင်း အစွန်းရောက်ဝါဒကို ဖြိုခွင်းရာ၌ အကြမ်းဖက်ခြင်းနှင့် သက်ဆိုင်သည့် ရုပ်ဝတ္ထုများ ပိုင်ဆိုင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ပိုမိုတားဆီးသင့်ကြောင်း AFP လက်ထောက်ကော်မရှင်နာ မင်းကြီး အီယန်မက်ကတ်နေးက ပါလီမန်ကော်မတီအား တင်ပြသည်။

အများပြည်သူအကျိုးစီးပွား၊ အခြားကျွမ်းကျင်မှုဆိုင်ရာတို့နှင့် သက်ဆိုင်၍ တရားဝင် သုတေသနပြုခြင်းတို့ မှအပ အကြမ်းဖက်ညွှန်ကြားချက် လက်စွဲများ၊ ဝါဒဖြန့်မဂ္ဂဇင်းများ၊ အကြမ်းဖက်မှုကို ပုံဖော်သောရုပ်ပုံများ၊ ဗွီဒီယိုများနှင့် အခြားအကြောင်းအရာများကို လူတစ်ဦးတစ်ယောက်က ကြည့်ရှုစေရန် သို့မဟုတ် ဝေမျှစေရန်မှာ မသင့်လျော်ကြောင်း၊ အစွန်းရောက်လူပုဂ္ဂိုလ်များအား ဆန့်ကျင်သည့် လက်ရှိ ရဲတပ်ဖွဲ့က လှုပ်ရှားဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိနေကြောင်း လက်ထောက် ကော်မရှင်နာမင်းကြီးက ဆက်လက်ပြောဆို သည်။

သို့သော် နိုင်ငံအချို့သို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း အပါအဝင် အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေမှ အချို့ကို ဖြုတ်ပယ်ရန် သြစတြေးလျ ဥပဒေကောင်စီက လွန်ခဲ့သည့်နှစ်တွင် ပါလီမန်အား တောင်းဆိုခဲ့ပြီး ၎င်းတို့မှာ အာဏာရှင်ဆန်လွန်း၍ ဘောင်ကျယ် ပြန့်လွန်းနေကြောင်း သတိပေးခဲ့သည်။

((ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ဖူးသော ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ စင်္ကာပူ၊ မလေးရှားတို့၏ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတို့သည် အင်္ဂလိပ်တို့ ရေးဆွဲပေးခဲ့သည့်အတိုင်း အားလုံးတူညီပြီး သက်ဆိုင်ရာနိုင်ငံအလိုက် အနည်းငယ်ပြင်ဆင်ထားခြင်းသာ ရှိသည်ဟု ကြားဖူးပါသည်။

…   
မည်မျှအထိ တူသနည်းဆိုလျှင် မြန်မာတွင် ပုဒ်မ ၃၀၂ သည် လူသတ်မှုဖြစ်လျှင် အဆိုပါနိုင်ငံများ၌လည်း လူသတ်မှုမှာ ပုဒ်မ ၃၀၂ ဖြစ်နေသည်ဟု ဆိုပါသည်။ ဗြိတိသျှအင်ပါယာတွင် ပါဝင်ခဲ့ဖူးသော သြစတြေးလျနှင့် နယူးဇီလန်တို့သည်လည်း အလားတူဖြစ်ဖွယ် ရှိပါသည်။ ။သတင်းဘာသာပြန်သူ))

(((Russia Today., 30 Apr, 2021,” Australian intelligence predicts terrorist attack ‘in next 12 months,’ police seek new powers to combat ‘extreme’ ideologies.”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#သြစတြေးလျတွင်_တစ်နှစ်အတွင်း_အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်

https://www.rt.com/news/522634-australia-terror-attack-intelligece/

+2

Leave a Reply

Your email address will not be published.