လား တွေ ဖြစ်ကုန်ခြင်း

Covid-19 ပြင်းထန်အသက်ရှူလမ်းကြောင်း ရောင်ရမ်းရောဂါသည် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရကြောင်း သိရှိကြသည်မှာ ၄-လကျော် ၅-လ မျှသာရှိ၍ ဘာမှ အသေးစိတ် မသိရသေးဟု ဆိုရပါမည်။

ကျွန်တော်တို့ဆီတွင်” ကိုရင်သန်း ” နှင့် ၂၁ ရက်အထိနေရသည့် ” ကိုမြင့်နိုင်ကြီး ” အမည်ရှိ ရောဂါကို နိုင်ငံတကာတွင် .. ကိုရိုနာဗိုင်းရပ်စ်၊ ကိုဗစ်၊ 2019-n CoV ၊ နျူမိုးနီးယားကိုရိုနာဗိုင်းရပ်စ်သစ် .. ဟု အမျိုးမျိုး ခေါ်ဝေါ်လျှက်ရှိပါသည်။ စာတစ်ပုဒ်ဆုံးအောင် ဖတ်လည်းပြီးရော သတင်းစာ ပစ်ချကာ ရပ်ကွက်ထဲ လှည့်ပတ်ပြေးချင်လောက်အောင် ဖွတတ်သည့် မီဒီယာ ငဖွတို့က ” ဇီဝလက်နက် ” ဟု ပွဲထုတ်ခဲ့သည်။ ထိုမှ မိတ်အင်ချိုင်းနား၊ မိတ်အင်ယူအက်စ် .. စသည်ဖြင့် ကရွတ်ကင်းလျှောက် မဆုံးနိုင်အောင် ဖွကြပြန်လေသည်။

ဇီဝလက်နက်ဆိုသည်မှာ ” ဗုံး ” ထဲ ထည့်ရန် နွားချေးလို ကြုံးယူ စုပုံ၍ မရပါ။ ဓါတ်ခွဲခန်းတွင် မွေးမြူ ဖန်တီးယူမှသာ ရပါသည်။ လူတစ်ယောက်ချင်းစီတွင် လက်ဗွေရာ မတူသကဲ့သို့ ဗိုင်းရပ်စ်ပိုးတိုင်းတွင် ဆဲလ်တည်ဆောက်ပုံချင်းမတူကြပါ။ ထို့ကြောင့် လက်ဗွေရာကဲ့သို့ ဗိုင်းရပ်စ်တစ်ခုချင်းစီကို အတိအကျ နောက်ကြောင်းခံ လိုက်နိုင်ပါသည်။ ကူးစက်ရောဂါဗေဒ။ မျိုးရိုးဗီဇအင်ဂျင်နီယာ ဘာသာရပ်နှင့် ပတ်သက်၍ နိုင်ငံတကာနာမည်ကျော် ပညာရှင် ၃၀၀ ခန့် ရှိမည်ဖြစ်ပြီး ထိပ်သီးအဆင့် ထိပ်တန်း ပညာရှင်မှာ ၃၀ မပြည့်ချေ။ ၎င်းတို့အားလုံးက SARS-CoV သည် ဓါတ်ခွဲခန်းထွက် လူလုပ်ဗိုင်းရပ်စ်မဟုတ်ပါကြောင်း ယနေ့တိုင် လက်ခံထားကြပါသည်။

အမှန်တော့ ဗိုင်းရပ်စ်ပိုးနှင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါအကြောင်း သိရှိသူတို့မှာ သိပ္ပံပညာရှင်များသာဖြစ်၍ နိုင်ငံရေးသမားများ မဟုတ်ချေ။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါနှင့် ပတ်သက်၍ နှောင့်နှေး- တစ်လွဲတစ်ချော် အကြံပြု-သုံးသပ်ချက်များ ထုတ်ပြန်မိခဲ့လေရာ WHO ကို ယုံ၍ ပုံအပ်မိသော နိုင်ငံတကာ အစိုးရအဖွဲ့အတော်များများမှာ ပြည်သူတို့၏ ဆဲရေးခြင်း ခံကြရကုန်၏။

ဤတွင် နိုင်ငံရေးသမားတို့ကလည်း မိမိတိုင်းပြည်အတွင်း ကူးစက်ရောဂါကပ်ပြင်းထန်စွာ ထိုးနှက်သဖြင့် ဖျားနာ-သေဆုံးမှု လျော့ကျ-ရပ်တန့်အောင် မဆောင်ရွက်နိုင်ခြင်း၊ အဆဲခံရခြင်းတို့မှ အာရုံပြောင်း လွတ်မြောက်အောင် သွေးရူးသွေးတန်းနှင့် သူ့လက်ညှိုးထိုး – ငါ့လက်ညှိုးထိုးကြလေသည်။

သူတို့အသံမှာ ပို၍ ကျယ်လောင်လေရာ ရောဂါပိုးနှင့် ရောဂါအကြောင်း ပညာရှင်တို့ ပြောဆိုချက်ကို မကြားတကြား ဖြစ်သွားလေသည်။ ဘာ နားလည်လို့ ဘယ်လိုဆုံးဖြတ်ရမှန်း အတိအကျ မသိဖြစ်ရလေသည်။

ဥပမာ …” မြင်း ” ကလေး ဖြစ်ရန် ” မြင်းမိဘ ” နှစ်ပါးမှ မွေးဖွားရန် လိုအပ်သည်။

ယခုတော့ ” မြည်းထီး ” နှင့် ” မြင်းမ ” အိမ်ထောင်ကျကာ ” လား ” တွေ မွေးနေကြလေသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://thehill.com/policy/international/495626-china-refuses-who-requests-to-participate-in-coronavirus-investigations

https://www.refinery29.com/en-us/2020/05/9769786/trumps-new-press-secretary-lied-in-her-first-press-briefing

Donald Trump is angry at China for failing to share coronavirus genetic sequence

0

Leave a Reply

Your email address will not be published.