လုယက်ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သည့် ဂိုဏ်းခေါင်းဆောင် ဒုက္ခသည် ဘင်္ဂါလီအမျိုးသမီးအား မလေးရှားရဲတို့ အပူတပြင်းရှာဖွေနေ။ အမျိုးသမီးများပါဝင်သည့် မြန်မာနိုင်ငံသားဆို သူများ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးစဉ် ကြိုးကိုင်သူကို အသေရမိ။

မလေးရှားနိုင်ငံ ခရိုင် ၃-ခုတွင် လုယက်မှုနှင့် ဖောက်ထွင်းမှုများဆက်တိုက်ကျူးလွန်ခဲ့သော“ ဂျဟန်းဂိုဏ်း “ အား ကြိုးကိုင်သူဟု ယုံကြည်ရသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေလျှက်ရှိသည်ဟု New Strait Times က ယမန်နေ့ ရေးသားသည်။

ကလန်အူတာရာ ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး နာရူဟူဒါမိုဟာမက်ဆီလာက ပြောဆိုရာတွင် အဆိုပါအမျိုးသမီးမှာ အသက် ၃၀ အရွယ် နော်ဂျဟန် ဆိုသူဖြစ်ကြောင်း၊ အတူပုန်းအောင်းနေသူ ၃-ဦးကိုလည်း ခြေရာခံ ဖော်ထုတ်လျှက်ရှိကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ကလန်၊ ကွာလာဆီလန်ဂါနှင့် ကွာလာလန်ဂတ်တို့တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကြောင့် ရဲတပ်ဖွဲ့က အလိုရှိနေသူများဖြစ်ကြောင်း ၊

ဖေဖော်ဝါရီလ ကွာလာလန်ဂတ်ခရိုင်တစ်ဝှိုက် ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ရာ ဒုက္ခသည်ဘင်္ဂါလီ အမျိုးသမီး ၃-ဦး၊ အမျိုးသား ၃-ဦးပါ ဂိုဏ်းအဖွဲ့ဝင် ၆-ဦးတို့ကို သြဂုတ်လ ၁၉-ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်းရှင်းလင်းသည်။

ယောကျ်ား ၃-ဦးမှာ မိုဟာမက်အာလမ်၊ ရာဖီးနှင့် ဟိုစိန်တို့ဖြစ်ကြပြီး အသက် ၂၅ နှစ်မှ ၃၅-နှစ်အတွင်း အသီးသီး ရှိကြသူများဖြစ်ကြောင်း၊ ၎င်းတို့မှာ ရာဇဝတ်မှုများကျူးလွန်ရာတွင် “ အပြာရောင် ပဲရိုဒူဝါ အယ်ဇာကား “ ကို စီးနင်းလေ့ရှိခြင်းကြောင့် “ အပြာရောင်အယ်ဇာဂိုဏ်း “ ဟု လူသိများကြောင်း၊ ၎င်းကားမှာ နော်ဂျဟန်ပိုင် ကားဟု ကနဦး စုံစမ်းသိရှိရကြောင်း၊

အပြာရောင်ပဲရိုဒူဝါ အယ်ဇာကားနှင့် ရွှေငွေရတနာပစ္စည်းများအပြင် အမှတ်တံဆိပ်အမျိုးမျိုးနှင့် လက်ပတ်နာရီများ၊ ရင်းဂစ်ငွေအဟောင်းများ၊ နိုင်ငံခြားသုံးငွေများ၊ အပေါင်စာရွက်များ၊ ပတ်စ်ပို့များ၊ မိုဘိုင်းဖုန်းများနှင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ရင်းဂစ် ၁၅၀,၀၀၀ ခန့်ကို ရဲတပ်ဖွဲ့ဝင်များက သိမ်းဆီးရမိခဲ့သည်။

၎င်းတို့သည် သေနတ်နှင့် “ ပရန်း “ ဒါးရှည်များကိုင်ဆောင်လျှက် တိုက်ခိုက်ရန် သားကောင်တို့ကို ည သို့မဟုတ် နံနက်စောစောတွင် ကျပန်းရွေးချယ်လေ့ရှိသည်ဟု သိရှိရကြောင်း၊ သံသယရှိသူများသည် အသက် ၁၉-နှစ်မှ ၅၀ အတွင်း ရှိကြပြီး ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပေးသော ဒုက္ခသည် လက်မှတ်ကိုင်ဆောင်သူများဖြစ်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်အပါအဝင် မိသားစုပုံစံဖွဲ့စည်းမှု ရှိလိမ့်မည်ဟု ယုံကြည်ရကြောင်း၊

ဖမ်းဆီးရမိသူ ၆-ဦးသည် “ ဂျဟန်းဂိုဏ်းဝင် “ များဖြစ်ကြပြီး ခရိုင် ၃-ခုတွင် ဒါးပြမှုပေါင်း ၄၅-မှုတို့ကို ကျူးလွန်ခဲ့သည်ဟု ဖော်ထုတ်တွေရရှိရကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၅/၃၉၇ အရ တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးရန် ရမန် ၁၄-ရက်ယူ၍ ချုပ်နှောင်ထားကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းသည်။

ထိုစဉ်အတောအတွင်း ပီနန်ကျွန်းတွင် နိုင်ငံခြားသားများပါဝင်သော ပြန်ပေးဆွဲမှုအများအပြားတို့၌ နောက်ကွယ်၌ ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိသူ မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၁ ရက်နံနက်ပိုင်း မလေးရှားရဲတပ်ဖွဲ့က စီးနင်းစဉ် အသေဖမ်းဆီးရမိကြောင်း Malay Mail ( Sept 01, 2020 ) က ရေးသားသည်။

သြဂုတ်လ ၁၄-ရက်နေ့ ပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့၍ ရဲတပ်ဖွဲ့က အလိုရှိနေသော အသက်(၂၅)နှစ်အရွယ် မြန်မာနိုင်ငံသားနှင့်ပတ်သက်၍ သတင်းရရှိခဲ့ကြောင်း၊ ၎င်းနေ့နံနက် ၁-နာရီခွဲတွင် ကီပါလာဘာကစ်ဒေသရှိ ဆီအုန်းစိုက်ခင်းအတွင်း တဲတစ်လုံးကို မလေးရှားရဲတပ်ဖွဲ့က စီးနင်းစဉ် ၎င်းက ဒါးရှည်ဖြင့် ခုခံတိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ခုခံမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ဒါဏ်ရာရရှိခဲ့ရပြီး ၎င်းကိုလည်း မျက်နှာနှင့် ဦးခေါင်းပိုင်း ဒါဏ်ရာများဖြင့် သေဆုံးလျှက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ သက်သေခံဒါးရှည်နှင့်အတူ ပျက်စီးနေသော ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတ်ပြားတစ်ခုကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ရာ အတုဟု ယူဆရကြောင်း၊

ယင်းအမျိုးသားသည် ပီနန်တွင် အထူးသဖြင့် မြန်မာနိုင်ငံသားများ ပါဝင်သော နိုင်ငံခြားသားများအား ပြန်ပေးဆွဲမှုများ၌ နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က မှတ်ယူထားပြီး မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နေဆဲဖြစ်သည်ဆို၏။

ပီနန်တစ်ဝှိုက်၌ ရဲတပ်ဖွဲ့က အကြိမ်ကြိမ် စီးနင်းမှုများပြုလုပ်ခဲ့ရာ မလေးရှားနိုင်ငံသား ၅-ဦးနှင့် အသက်(၁၈) နှစ်မှ (၄၅)နှစ် အရွယ်ကြား အမျိုးသမီး ၁-ဦးပါဝင်သော မြန်မာနိုင်ငံသား ၆-ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ပြန်ပေးဆွဲခံရသူများကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( ပီနန်းနှင့် ပို့ကလန်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး ရခိုင်ပြည်နယ်လည်း ရောက်ခဲ့ဖူးသူ ကျွန်တော့်အနေဖြင့် ထိုဒေသရောက် မြန်မာနိုင်ငံသားဆိုသူများမှာ အစစ်အမှန် ဟုတ်-မဟုတ် သံသယရှိပါသည်။

၎င်းတို့သည် ယခင်လှေစီးပြေး သို့မဟုတ် နည်းလမ်းပေါင်းစုံခြင့် ရောက်ရှိနေသူများဖြစ်ပြီး ရခိုင်မြောက်ဖျားပိုင်းနေခဲ့ဖူးသူအချို့လည်း ပါဝင်နိုင်ပါသည်။

ယခုသတင်းတွင် မလေးရှားနိုင်ငံ၏ ပြစ်မှုဆိုင်ရာ/ကျင့်ထုံးဥပဒေတို့မှာ ကျွန်တော်တို့ဆီနှင့် ပုဒ်မနံပါတ်မှအစ တူညီနေကြောင်း တွေ့နိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

#လုယက်ဖောက်ထွင်းဂိုဏ်းခေါင်းဆောင် #ဒုက္ခသည်ဘင်္ဂါလီအမျိုးသမီး #မလေးရှားရဲတို့ အပူတပြင်းရှာဖွေ #မြန်မာနိုင်ငံသားဆိုသူများပြန်ပေးဂိုဏ်း #ကြိုးကိုင်သူကိုအသေဖမ်းဆီးရမိ။

(((New Strait Times ., September 2, 2020 , “Cops looking for mastermind of ‘Jahan Gang’ – a Rohingya woman. By: Bernama “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.nst.com.my/news/crime-courts/2020/09/621465/cops-looking-mastermind-jahan-gang-rohingya-woman

https://www.malaymail.com/news/malaysia/2020/09/01/myanmar-man-behind-spate-of-kidnappings-shot-dead-by-police-in-penang/1899109

0

Leave a Reply

Your email address will not be published.