လူကုန်ကူးခံရသော ဒုက္ခသည်ဘင်္ဂါလီတို့ ပင်လယ်ပြင်၌ ဆန့်ကျင်ပုန်ကန်နိုင်၍ အသက်ရှင်ခဲ့ရဟုဆို။ လူကုန်ကူးသူ ၁၁-ဦးအနက် ၄-ဦးသေဆုံး၊ ၂-ဦး ဖမ်းမိ

ဧပြီလ ၁၆-ရက်နေ့ နံနက်စောစောပိုင်းတွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၄၀၀ ကျော်တင်ဆောင်လာသည့် ဘုတ်တစ်စီးမှာ ဘင်္ဂလားဒက်ရှ်ကမ်းခြေသို့ ဆိုက်ရောက်လာခဲ့သည်။ အဆိုပါဒုက္ခသည်ဘင်္ဂါလီတို့မှာ လူကုန်ကူးသူများအား ပင်လယ်ပြင်၌ ဆန့်ကျင်ပုန်ကန်နိုင်ခဲ့သူများဖြစ်သည်။ လူပေါင်း ၅၈-ယောက်သေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူများက ၎င်းမတိုင်မီ နာရီ ၃၀ ၌၎င်းတို့၏ အဖြစ်အပျက်များအား ပြန်လည်ပြောပြကြကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune (မေ-၁၁၊ ၂၀၂၀)ကရေးသားသည်။

ငါးဖမ်းဘုတ်ပေါ်တွင် ဒုက္ခသည်ဘင်္ဂါလီတို့က ဆန့်ကျင်ပုန်ကန်ရာ၌ ရခိုင်လူကုန်ကူးသူ ၁၁ -ဦးအနက် ၄-ဦး သေဆုံးခဲ့သည်။ ၅-ဦးကို အခြားဘုတ်တစ်စီး ကယ်တင်သွားခဲ့ပြီး ငါးဖမ်းဘုတ်၏ ပဲ့နင်းဖြစ်သူအပါအဝင် ၂-ဦးကို ဒုက္ခသည်တို့က ဓါးစားခံအဖြစ်ဖမ်းဆီး၍ ဘင်္ဂလားဒက်ရှ်သို့ အရောက်ပြန်လာနိုင်ခြင်းဖြစ်သည်ဆို၏။ အဆင်မပြေသော ခရီးစဉ်တွင် မလေးရှားကမ်းခြေသို့ ဆက်သက်ခွင့်ရရှိရန် ကြိုးပမ်းမှု ၃-ကြိမ်ပါဝင်ခဲ့သော် လည်း မအောင်မြင်ခဲ့ချေ။

လူကုန်ကူးသူများအား ထိပ်တိုက်ရင်ဆိုင်ရာတွင် ဒုက္ခသည်ဘင်္ဂါလီ ၁၇-ဦးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်၊ ဘုတ် ပေါ်လိုက်ပါလာသူများအတွင်း သေဆုံးသူဦးရေတိုးပွားလာခြင်းနှင့် လက်ခံနိုင်ဖွယ်မရှိသော အခြေအနေများမှာ လူကုန်ကူးသူများအား တော်လှန်ပုန်ကန်ရန် အဓိကအချက်ဖြစ်ကြောင်း သိရှိရသည်။

#အံ့သြဖွယ်-၁၇ယောက် အဆိုပါ ဒုက္ခသည်ဘင်္ဂါလီအမျိုးသား ၁၇-ယောက်မှာ မူလက လူကုန်ကူးသူများ အတွက် ဆန္ဒအလျှောက် အောက်ခြေသိမ်းအလုပ်များလုပ်ကိုင်ပေးသူ ဗော်လံတီယာများဖြစ်သည်။ ၅-ဦးမှာ ထမင်းဟင်းချက်သူများဖြစ်ပြီး ကျန်သူများမှာ အားနည်းလှိုင်းမူးသူများအား ကူညီခြင်း၊ ပြုစုပေးရခြင်းနှင့် သေ ဆုံးသွားသော ဒုက္ခသည် ကျား-မတို့အလောင်းကို ပင်လယ်ပြင်သို့ပစ်ချရခြင်းစသည့် တောက်တိုမယ်ရ လုပ်ကိုင်ပေးရသည်။

#ရေပြင်ပေါ်မှငရဲတွင်း ဘုတ်ပေါ်တွင် လိုက်ပါလာသူများအနက် မ- ၈ ဦး ကျား- ၅၀၊ စုစုပေါင်း ဒုက္ခသည် ၅၈-ဦး သေဆုံးသွားပြီးသောအခါ ဘုတ်ကို သင့်လျှော်သော ကမ်းခြေတစ်နေရာရ ဆိုက်ကပ်ပေးရန် ဗော်လံတီယာ များက တောင်းဆိုသည်။ ထွက်ခွာလာသည်မှာ ရက်ပေါင်း ၅၀ ကုန်ဆုံးခဲ့ရပြီး ဘယ်သွားလို့ ဘယ်လောက်ကြာ မှန်းမသိဖြစ်နေချိန် ပထမပတ်တွင် တောင်းဆိုခြင်းဖြစ်သည်။

စားနပ်ရိက္ခာနှင့်ရေမှာ အလွန်အမင်းမလုံမလောက်ဖြစ်လာသဖြင့် ငတ်မွတ်ခေါင်းပါးလာသည်။ လူအများမှာ သံချောင်း၊ တုတ်၊ ခါးပတ်များဖြင့် နေ့စဉ်လိုလို ရိုက်နှက်ခံနေရသည့်အတွက် သည်းမခံနိုင်ဖြစ်လာသည်။ ထို အတွက် ၎င်းတို့အား မြန်မာဘက် ကမ်းခြေတွင်ချထားခဲ့ရန် သို့မဟုတ် ဘင်္ဂလားဒက်ရှ်သို့ ပြန်ခေါ်သွားပေး ရန် ဗော်လံတီယာများက ခပ်ရှင်းရှင်းပင် တောင်းဆိုသည်။ အခြားဘုတ်တစ်စီးရောက်ရှိလာပြီး မကြာမီ အားလုံးကို တင်ခေါ်သွားလိမ့်မည်ဟု လူကုန်ကူးသူများက ချွေးသိပ်သည်။ တစ်ရက်နှစ်ရက်အတွင်းမှာပင် လူကုန်ကူးသူ များအနေဖြင့် ၎င်းတို့၏အစီအစဉ်ကို မပြောင်းလဲခဲ့ကြောင်း ထင်ရှားလာသည်။ ကမ်းကပ်ရန်အခွင့်အလမ်းမပေါ် မချင်း ဘုတ်ပေါ်တွင် ဆက်လက်ထားရမည်ဟု ဆိုလာသည်။ ကလန်ကဆန်လုပ်သူများ သေရအောင်သာ ပြင် ထားကြဟု ခြိမ်းခြောက်သည်။တော်လှန်ပုန်ကန်ကြခြင်းသည် မြန်မာရေပိုင်နက်များအတွင်း ၁၀ ရက်ကြာ မျော နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူက ရှင်းပြသည်။

#ဆုတောင်းခြင်း ဧပြီ ၉-၁၀ ရှတ်-အီ-ဘာရတ်ညများတွင် ဒုက္ခသည်ဘင်္ဂါလီကျား-မအားလုံး အသက်ရှင်ခွင့် ရရန်ဆုတောင်းကြသည်။ ၁-ရက် ၂-ရက်အကြာတွင် မြန်မာရေတပ်ကင်းလှည့်သင်္ဘောတစ်စီးပေါ်လာသည်၊ ဒုက္ခသည်များက သူတို့ဆုတောင်းပြည့်ပြီထင်ကြ၏။ ကင်းလှည့်သင်္ဘောက သူတို့အား တင်ခေါ်သွားပြီး UNHCR ဒုက္ခသည်လက်မှတ်ကိုင်ဆောင်ထားသူများဖြစ်၍ ဘင်္ဂလားဒက်ရှ်သို့ ပြန်ပို့မည်၊ ယုတ်စွအဆုံး မြန်မာနိုင်ငံတွင် ထောင်ချထားယုံတော့ ရှိမည်ဟု တွေးထင်ကြ၏။

သို့သော် လိုရာရ၍ ကင်းလှည့်ဘုတ်ပြန်လှည့်သွားမှ ဘယ်ကမ်းခြေမှ ခြေချရန်မရှိ၊ သူတို့ဆုတောင်းမပြည့်မှန်း သိရတော့သည်။ နောက်ထပ်အသေအပျောက်ဖြစ်လာမည်ကို တွေးတောစိုးရိမ်ပြီး လူကုန်ကူးသူများအား တွန်း လှန်တိုက်ခိုက်ရန် လက်နက်ဖြစ်လောက်သည်တို့ကို စတင်သိုဝှက်ထားကြတော့သည်။

#နောက်ဆုံးမျှော်လင့်ချက် အသက်ရှင်ကျန်နေသူများအတွက် အခြားမြင်ကွင်းတစ်ခုက သူတို့ကို တစ်ခုခုလုပ် ရန် စိတ်ဒုံးဒုံးချ ဆုံးဖြတ်ချက်ဆီသို့ တွန်းပို့ပေးခဲ့သည်။ ၅၇-ဦးမြောက်သေဆုံးသူမှာ ကလေးငယ် ၂-ဦး၏ မိခင် ဖြစ်သည်။ ခရီးတစ်လျှောက်လုံး ဖျားနာကာ သွေးများချည့်အန်နေသည်။ မိခင်ဖြစ်သူက အလွန်နည်းသည့် အစာဝေစုလေးကိုပင် ကလေးနှစ်ယောက်အား စားစေသည်။ မိခင်သေဆုံးပြီးသောအခါ ကလေးနှစ်ယောက်မှာ မကြာခဏ အချင်းချင်းဖက်ကာ ငိုကြသည်။ ကျန်အားလုံးမှာ ထိုအဖြစ်အပျက်ကိုကြည့်၍ ဒုက္ခသည်စခန်းအတွင်း ကျန်ခဲ့သော သူတို့မောင်နှမသားချင်းများကို ပြန်ပြောင်းသတိရကာ စိတ်မချမ်းမစာဖြစ်ရသည်။

#အကြံအစည်ကိုအကောင်အထည်ဖော်ခြင်း လူကုန်ကူးသူများအား ဆန့်ကျင်ပုန်ကန်ခြင်းသည် ဘင်္ဂလားဒက်ရှ် ကမ်းခြေသို့ မရောက်မီ ၁-ရက်နှင့် ၆-နာရီအလိုတွင်ဖြစ်သည်။ ဗော်လံတီယာများက လူကုန်ကူးသူများ အလစ် အငိုက်ရရန် နေဝင်ရီတရောအချိန်ထိစောင့်ခဲ့သည်။ နေ့ဖက်တွင် လှုပ်ရှားမှုအားလုံးကိုမြင်ပြီး တုန့်ပြန်နိုင်သဖြင့် မှောင်နေမှသာ အကောင်းဆုံးဖြစ်မည်ဟု ယူဆသည်။ အခြားလူကုန်ကူးလှေများကလည်း သတိထားမိပြီး မိမိ တို့ ဘုတ်ပေါ်မှ ရခိုင်များကို အကူအညီပေးနိုင်သည်။

လူကုန်ကူးသူများတွင် ပစ္စတိုသေနတ် ၂-လက်ရှိကြောင်း ဗော်လံတီယာများက သိထားပြီး၍ သေနတ်သုံးခွင့် မရနိုင်ဖို့ လိုအပ်သည်။ လူကုန်ကူးသူတစ်ဦးကို ငါးဖမ်းဘုတ်ဦးပိုင်း၌ ကိစ္စတုံးပစ်လိုက်သည်။ အခြားသူများကို လှေကုန်းပတ်ပေါ်တွင် အိမ်သာတက်ဟန်ဆောင်ကာ စောင့်နေကြသည်။

တစ်နာရီအကြာတွင်ရခိုင်လူမျိုးသုံးဦးအား လက်ရဖမ်းပြီး မပြန်လမ်းသို့ ပို့လိုက်နိုင်သည်။ လူကုန်ကူးသူများက ပြန်လည်တိုက်ခိုက်လာသည့်အခါ အမျိုးသမီးများနှင့်ကလေးငယ်များက ငါးဖမ်းဘုတ်ဝမ်းတွင်းပိုင်းသို့ ထွက်ပြေး ကြသည်။ ခရီးတစ်လျှောက်လုံး ဗော်လံတီယာ ၁၇ ဦးမှအပ ကျန်ယောက်ျားများကို ချုပ်နှောင်ထားသည့် နေရာ ဖြစ်သည်။

ပုန်ကန်ခြင်းသည် ၅-နာရီမျှကြာအောင် အီလေးဆွဲနေခဲ့သည်။ ထိုအချိန်တွင် လူကုန်ကူးသူများသည် ၎င်းတို့ အား ကယ်ဆယ်ရန်အခြားလှေများနှင့် ကြိုးစားအဆက်အသွယ်ပြုကြသည်။ နောက်ဆုံးငါးနာရီကြာပြီးနောက် အခြားလူကုန်ကူးဂိုဏ်းတစ်ခုမှ ကယ်ဆယ်သွားသည်။

#ငရဲတွင်းမှလွတ်မြောက်ခြင်း လူကုန်ကူးသူများ အခြားလှေပေါ်သို့ ခုန်ချလိုက်သည်နှင့် ဗော်လံတီယာများက ပန်ကာ ၂-ခုပါ ငါးဖမ်းဘုတ်၏ စက်ရှိန်ကို ၂-ဆတိုးမြှင့်လိုက်သည်။ လူကုန်ကူးသူများအား ကယ်ရန်လာသည့် လှေအားလုံးတွင် ပန်ကာ ၁-ခုသာပါ၍ အမီမလိုက်နိုင်ခဲ့ချေ။ ဗော်လံတီယာနှင့် ဒုက္ခသည်တို့က ဓါးစာခံအဖြစ် ထိန်းသိမ်းထားသည့် ငါးဖမ်းဘုတ်ပဲ့နင်းနှင့် အခြားရခိုင်တစ်ဦးကို တက္ကနဖ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများကို မည်သို့ဆောင်ရွက်မည် မသိရသေး သော်လည်း လောလောဆယ်၌ ကူတူပါ လောင်ကြားစခန်းတွင် ရောဂါခြေချုပ် ထိန်းသိမ်းထားသည်။ အသက်ရှင်ကျန်ရစ်သူတို့ကသာ တစ်စုံတစ်ရာ ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုပါက နောက်ထပ် လူများစွာ သေဆုံးရန် သေချာပါသည်။

“ အတော်များများ သေကုန်ကြမှာပါ၊ ကြည့်လေ.. သူတို့ထဲက အတော်များများဟာ လမ်းတောင်မလျှောက် နိုင်ဘူး။ … “

(( သတင်းပါအတိုင်းဆိုလျှင် ဘင်္ဂလားပင်လယ်အော်တွင် လူကုန်ကူးသူဘုတ်များချည့် ဖြစ်နေသလို ယူဆရတော့မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., May 10th, 2020, “ Mutiny on the high seas saved trafficked Rohingya. By: Shafiur Rahman, Noor Hossain and Mojaffor Ahmed ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#လူကုန်ကူးခံရသောဒုက္ခသည်ဘင်္ဂါလီတို့ပင်လယ်ပြင်၌ ဆန့်ကျင်ပုန်ကန်

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/05/10/mutiny-on-the-high-seas-saved-trafficked-rohingya

1+

Leave a Reply

Your email address will not be published.