လူတစ်စုက ၎င်းတို့ကိုခေါ်စေချင်သည့် အမည်အတိုင်းခေါ်ဝေါ်ရမည်မှာ လူ့အခွင့်အရေးဖြစ်သည်ဟူသော မူအရ အင်္ဂလန်တွင် မုဒိန်းကောင်တို့ မိန်းမကြီးလုံးလုံးဖြစ်သွားရ။ မုဒိန်းမှုရာဇဝတ်သားကို မိန်းမအကျဉ်းသားနှင့် ရောနှောချုပ်နှောင်ခြင်း ရှိ-မရှိ လူပြောစရာဖြစ်

လူတစ်ယောက်သည် ၎င်း၏ မူလလိင်အတိုင်း မဟုတ်ပဲ လွဲမှားသတ်မှတ်ခံရနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့ ထင်ရှားဖော်ပြစေလိုသည်နှင့် ဆန့်ကျင်ခြင်းမရှိစေရဟူသော ပြဋ္ဌာန်းချက်သစ်အရ အင်္ဂလန်နိုင်ငံတွင် အနည်းဆုံး ရဲစခန်း ၆-ခုတို့မှာ မုဒိန်းမှု့ဖြင့် ပြစ်ဒါဏ်ချမှတ်ခြင်းခံရသူကို “ မိန်းမ “ အဖြစ်ရေးသွင်းဖော်ပြပေးခဲ့ကြရာ အမှန်အားဖြင့် ၎င်းတို့သည် ယောက်ျားစစ်စစ်မုဒိန်းကောင်များဖြစ်သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 


အင်္ဂလန်နိုင်ငံ ပြည်ထဲရေးဋ္ဌာန အချက်အလက်များအရ လိင်အကြမ်းဖက်မှုကျူးလွန်သူတို့ကို “ မိန်းမ “ အဖြစ် ရေးသွင်းဖော်ပြသည့် ဖြစ်စဉ်များ ရှိနေကြောင်း သိရှိရသည်။ ၎င်းတို့တွင် ဆောက်သ့်ယော့ရှိုင်းယား၊ သိမ်းဗယ်လီအပါအဝင် ထင်ရှားသောရဲစခန်း ၆-ခုတို့သည် အလွန်အန္တရာယ်များသည့် ရာဇဝတ်ကောင်တို့အား လိင်အမျိုးအစား ဖော်ပြရာ၌ ဇီဝဗေဒ သို့မဟုတ် နည်းလမ်းတကျ ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ယုံကြည်ရသည်ဆို၏။ 


ဗြိတိန်နိုင်ငံတွင် မုဒိန်းမှုဆိုသည်မှာ ယောက်ျားလိင်အင်္ဂါက အခြားသူတစ်ဦး၏ လိင်အင်္ဂါအတွင်း အလိုမတူပဲ သွတ်ဝင်စေခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ သို့သော် မိန်းမလည်းဖြစ်နိုင်ကြောင်း တိကျရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိချေ။ နည်းလမ်းအမျိုးမျိုးဖြင့် လိင်ပြောင်းလဲသူများ တရားဝင်ဖြစ်လာကြပြီး လိင်အကြမ်းဖက်မှုဖြင့် စွဲဆိုအပြစ်ပေးခံရသော မိန်းမများလည်း ရှိနေသည်။ မုဒိန်းမှုဆိုသည်မှာ ယောက်ျားက မိန်းမကို ကျူးလွန်ခြင်းသာ ဖြစ်သည်ဟု အများနားလည်ထားရာမှ ယခုအခါ ကျူးလွန်သူမှာ မိန်းမအဖြစ် ဖော်ပြခြင်းဖြစ်လေသည်။ ထိုသို့ဆိုလျှင် မုဒိန်းမှုရာဇဝတ်သားကို မိန်းမအကျဉ်းသားနှင့် ရောနှောချုပ်နှောင်ခြင်း ရှိ-မရှိ လူပြောစရာဖြစ်ရသည်။ 


အင်္ဂလိပ်ဝေါဟာရ Mankind ဆိုသည်မှာ ကျား-မ နှစ်မျိုးလုံးပါဝင်သော “ လူဖြစ်တည်မှု့ “ ကို ဆိုလိုသည်။ သို့သော် မျက်မှောက်ကမ္ဘာအရပ်ရပ်တွင် “ Mankind “ ဟု ပြောလျှင် “ Man “ ယောကျ်ားသာဦးစားပေး၍ မိန်းမများနှင့် သက်ဆိုင်ခြင်းမရှိ၊ ခွဲခြားစော်ကားရာရောက်သည်ဟု ယူဆပြီး Humanity, The Human race, Human beings, People စသည်ဖြင့် အစားထိုးလိုက်ကြရပြီဖြစ်သည်။ “ အမျိုးသမီး လစဉ်သုံးပစ္စည်း “ ပေါ်တွင် ဣတ္ထိယဗီးနပ်စ် ♀ ကို ကာလရှည်ထင်ရှားစွာဖော်ပြခဲ့ခြင်းမှာ လိင်ခွဲခြားမှုကျူးလွန်ရာရောက်သည်ဟု လိင်ပြောင်းလဲထားသူတို့က ထုတ်လုပ်သော ကုမ္ပဏီနှင့် ခွင့်ပြုသော အစိုးရကို တရားစွဲဆိုမည်ဖြစ်သည်။ 

(( ယခု မူရင်းသတင်းကို ဖတ်ရင်း ယနေ့ကမ္ဘာကြီးတွင် လူ့အခွင့်အရေးအမြင်ရှု့ဒေါင့်မှ အသားပေးဆုံးဖြတ်မှု အလွန်အကျွံဖြစ်လာနေသလားဟု တွေးမိပါသည်။

  
တစ်ချိန်က ကျွန်တော်တို့လူသားများသည် အကြွေးမပေးနိုင်လျှင်၎င်း၊ စစ်ရှုံးလျှင်သော်၎င်း “ ကျွန်ဖြစ်ရခြင်း “မှာ “ တရားသည် “ ဟု ယူဆခဲ့ကြသည်။ ထိုမှတဖန် ရှင်ဘုရင်တို့သည် ဘုရားချီးမြှင့်သော ဘုန်းရှင်-ကံရှင်များ ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံ၏ မြေပေါ်-မြေအောက်အရာခပ်သိမ်းကို အစိုးရတော်မူသော ရေမြေ့သနင်းများဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။ ရှင်ဘုရင်တို့တွင် သေစေ-သတ်စေ အခွင့်အာဏာရှိခြင်းမှာ တရားသည်ဟု ယုံကြည်ကြပြန်သည်။ 

  
ဒုတိယကမ္ဘာစစ်တွင် လူသန်းပေါင်းများစွာတို့ ရက်စက်စွာသတ်ဖြတ်ခံခဲ့ကြရရှာသည်။ ကျူးလွန်ခဲ့သူ နိုင်ငံကြီးများသည် ရှက်ကိုးရှက်ကန်းဖြစ်လျှက် ထိုသို့အဖြစ်ဆိုးမျိုး ထပ်မံမကြုံရအောင် “ လူ့အခွင့်အရေး “ ဟု အော်ဟစ်လျှက်ရှိကြသည်။ ယနေ့ခေတ်သည် “ လူ့အခွင့်အရေး “ သာလျှင် သဘာဝဓမ္မအမှန်တရားဟု ယုံကြည်ကြသော ယုဂ်ကာလ ဖြစ်သောဟူ၏။ 

ထိုမှ ဖြစ်သင့်-ရှိသင့်သော “ လူ့အခွင့်အရေး “ ကို လွန်ကျူးစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ပုံမှားရိုက်၊ ဂွင်ဆင်၊ အတုအယောင်ထိုးထည့်သူတို့ ရောနှောပါလာတော့သည်။ ကျောက်ခေတ်မှ အစပြုခဲ့သည့် လူ့တာဝန်- လူ့ဝတ္တရားပေါ်တွင် အခြေခံသည့် “ လူ့တန်ဘိုး “ ပျောက်ဆုံးသွားတော့သည်။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်လျှင်ပင် “ လူ “ ဖြစ်၍ “ လူ့အခွင့်အရေး “ ရှိသည်၊ ထမင်းအလကားစား၍ သူတစ်ပါးပိုင် မြေပေါ်တွင်လည်း ဝင်ရောက်နေခွင့်ရှိသည်အထိ ယူဆလာကြသည်။ 


မိန်းမတစ်ဦးကို လိင်အနိုင်အထက် ကာမရယူခြင်းမှာ ယောကျ်ားသာလျှင် ဖြစ်နိုင်ကြောင်း ဆေးသိပ္ပံပညာရှေ့ဆောင် အင်္ဂလန်ကဲ့သို့ နိုင်ငံတွင် မသိပဲနေမည်မဟုတ်ပါ။ သို့သော် “ လူ့အခွင့်အရေး “ ကို ဇောင်းပေးလိုက်ရာ အရပ်ရပ်နေပြည်တော် လူကြားလို့မှ မလျော်အောင် ဖြစ်ရတော့သည်။

  
ယနေ့ “ သေဒါဏ်စီရင်ခြင်း“ ကို အသေအလဲ ကန့်ကွက်နေသော အင်္ဂလန်သည် တစ်ချိန်က ခါးပိုက်နှိုက်ကို မြို့လယ်လူမြင်ကွင်းတွင် ကြိုးပေးသည့် ဥပဒေရှိခဲ့ဖူးသည်။

  
ကျွန်တော့်တစ်ဦးတစ်ယောက်တည်းအနေဖြင့်မူ ယနေ့ “လူ့အခွင့်အရေး ” ဝေါဟာရကို “အဓိပ္ပါယ်စံသတ်မှတ်မှုလွဲမှားခြင်း “ အတွက် မဝေးလှသော ကျွန်တော့် သားမြေးတို့ခေတ်တွင် အရှက်ကြီး ရှက်ကြပြီးသကာလ အကြီးအကျယ် နောင်တရလိမ့်မည်ဟု ယုံကြည်ပါသည်။

  
လူ့အခှငွ့ရေးနှငွ့ ခှဲခှားဆကဆွံခှငွ၊ ကှား-မ လိငခွှဲခှားခှငွးသညွ ယနေ့ကမဘြာတှငွ ပှဲအကဆှုံးဖှဈပါ၏။ တဈပှိုငတွညွးမှာပငွ ရှုတသွညထွကွ ရှုတလွာသညွ။ ဤတှငွ အလေးအနကထွားသော ဖှငွ့ပှဲအခနွးအနားတို့၌ အရှေ့အလယပွိုငွးသားတို့က “ နမားဇွ “ ရှတဖွတွ၍၊ ဥရောပတိုကသွားတို့က “ ဘုရားသခငဂွုဏကွှေးဇူးတောကွို အောကမွေ့“ ကှမညွ။ သီရိလငွကြာ၊ ထိုငွး၊ မှနမွာတို့တှငွ “ ပရိတရွှတွ “ မညလွောကပွငွ Majority ကို နားမလညသွူတို့ လူတှငကွယှဖွှဈခှိနရွောကလွသညွေ။ ။ သတငွးဘာသာပှနသွူ ))


((( အောက်တိုဘာ- ၂၂၊ ၂၀၁၉ Russia Today., 21 Oct, 2019.” Actual PC police: British law enforcement allow convicted male rapists to identify as female.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/uk/471388-uk-police-male-rapists-female/ 
https://www.rt.com/op-ed/471377-menstrual-health-transgender-inclusivity/ 
https://www.rt.com/op-ed/471025-trans-woman-woke-too-far/ 

1+

Leave a Reply

Your email address will not be published.