လူမှု့ကွန်ယက်တွင် ဘာသာစကား ၃-မျိုးဖြင့် ပြန့်နှံ့နေသော မြန်မာနိုင်ငံဂျီနိုဆိုက် သက်သေခံဓါတ်ပုံမှာ အတုဖြစ်နေ

လွန်ခဲ့သည့် နိုဝင်ဘာ – ၂၃၊ ၂၀၁၉ ရက်နေ့တွင် အဗ္ဗဒူ မိုနာနာ Abdul Monana ဆိုသူက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဒုက္ခသည်ဘင်္ဂါလီ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) တို့အပေါ် “ လူမျိုးသုဉ်းပြုခြင်း “ “ Genocide “ သက်သေအထောက်အထား ဓါတ်ပုံပါ ပို့စ်ကို လွှင့်တင်ခဲ့သည်။

အဗ္ဗဒူမိုနာနာ ဆိုသူက ၎င်း၏ဘလော့မှ အဆိုပါဓါတ်ပုံကို ထိုင်း၊ တူရကီ၊ အင်္ဂလိပ် ဘာသာစကား ၃-မျိုးဖြင့် လွှင့်တင်ခဲ့ရာ သတင်းစာမျက်နှာ အတော်များများသို့ ပြန့်နှံ့ခဲ့ပြီး Fecebook တွင် Share သူ ၈၇၀ အထိ ရှိခဲ့သည်။

သို့သော် အဗ္ဗဒူမိုနာနာလွှင့်တင်သော သတင်းပါ ဓါတ်ပုံမှာ အစစ်အမှန်မဟုတ်ပဲ အတုသာလျှင်ဖြစ်သည်။

၂၀၁၅-ခုနှစ် မတ်လ ၂၅-ရက်နေ့ မြန်မာနိုင်ငံ လက်ပံတန်းမြို့ရောက် ကျောင်းသားသပိတ်မှောက်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲနေစဉ် BBC ၏ သတင်းဓါတ်ပုံသာဖြစ်ကြောင်း AFP သတင်းဌာနက ယနေ့ရေးသားသည်။

အဗ္ဗဒူမိုနာနာက ၎င်း၏ ပို့စ်ပါဓါတ်ပုံ၌ ပုံစာရေးထိုးရာတွင် ““This is the witnessed of Rohingya genocide was in Arakan states Myanmar” မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီတို့အပေါ် ဂျီနိုဆိုက်ကြောင်း မျက်မြင်သက်သေ “ ဟု ရေးထိုးထားကြောင်း တွေ့ရှိရသည်။

(( ကျွန်တော် လက်လှမ်းမီသမျှဆိုလျှင် မြန်မာ၊ ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယတို့၌ မရှိခဲ့သော လူမျိုးတစ်မျိုးအမည် ကို ၂၀၀၇-ခုနှစ်ခန့်တွင် အွန်လိုင်း၌ စတင်လွှင့်တင်သည်။ ထိုနောက် ဘာသာရေးကွဲပြားခြားနားခြင်းကြောင့် ညှင်းပန်းနှိပ်စက်-သတ်ဖြတ်ခံနေရသူများအဖြစ် တစ်ဖြည်းဖြည်း ပုံဖော်လာသည်မှာ Genocide အထိဖြစ်သည်။

ဓါတ်ပုံအတုလွှင့်တင်သူများတွင် ဗြိတိန်အခြေစိုက် ဘာသာရေးယဉ်ကျေးမှု့ဋ္ဌာနမှ ဂျာနယ်လစ်ဆိုသူများသာမက တူရကီနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ပင် ပါဝင်နေကြောင်း တွေ့ရှိရပါသည်။

၂၀၁၂-ခုနှစ်နောက်ပိုင်း ကျွန်တော်နှင့် စိတ်တူ ကိုယ်တူမိတ်ဆွေတစ်စုတို့က အဆိုပါ ဓါတ်ပုံအတုများကို ရှာဖွေဖော်ထုတ်ပြီး၊ Facebook, YouTube နှင့် Twitter တို့မှ အခါအားလျှော်စွာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ချေပတုန့်ပြန်ခဲ့ ပါသည်။ သို့သော် ကျွန်တော်များ ဖတ်တတ်သည်မှာ အင်္ဂလိပ်ဘာသာတစ်မျိုးတည်းသာရှိပြီး အခြားဘာသာစကားနှင့် လွှင့်တင်ခဲ့လျှင် မသိနိုင်တော့ပါ။ ထိုနည်းဖြင့် အမှားတို့သည် ကမ္ဘာတစ်ခွင် တွင်ကျယ်လျှက်ရှိသည်။

ကျွန်တော်နှင့် မိတ်ဆွေသက်တမ်း နှစ်အနည်းငယ်ရှိလျှင် လူမှု့ကွန်ယက်၌ သတင်းတု-ဓါတ်ပုံတုများအတွက် ကျွန်တော် အလွန်အကဲဆတ်ကြောင်းသတိပြုမိကြပါလိမ့်မည်။

မိမိတို့အမှတ်မထင် လွှင့်တင်သော နိုင်ငံရေးနွယ်သည့် အစစ်အမှန်ဓါတ်ပုံ- ဗွီဒီယိုတို့သည် ကျွန်တော်များနိုင်ငံတော်အတွင်း ရက်စက်စွာလူမျိုးသုဉ်းပြုခြင်းအဖြစ် အချိန်မရွေးပြောင်းလဲသွားနိုင်၍ ဖြစ်သည်။ ယခင် အွန်လိုင်းတွင် ပျံနှံ့နေသော ဓါတ်ပုံအတုများမှာ ၎င်းနည်းဖြင့် ရရှိသွားကြခြင်းဖြစ်သည်။
ယခုတော့ ကုလသမဂ္ဂအထိပင်တရားစွဲခံရသည့်အဆင့် ရောက်နေပါပြီ။


Facebook ကို မြန်မာစာရေးတတ်-ဖတ်တတ်မှ ပါရဂူအထိ အသုံးပြုလျှက်ရှိသည်။ ဓါတ်ပုံလွှင့်တင်ခြင်းသည် မိမိ၏ စဉ်းစားချင့်ချိန်မှု့ပေါ်လိုက်၍ အတိမ်မနက် တူညီမည်မဟုတ်ပါ။

အတတ်နိုင်ဆုံး အမုန်းခံကာ လိုက်လံတားဆီးမိသည့်အခါ အုပ်စုလိုက် Reoprt ထုခြင်းအပါအဝင် Live လွှင့်၍ ညစ်ညမ်းစွာ ဆဲဆိုသူများ ရှိခဲ့သည်။
ကျွန်တော့်အနေဖြင့်မူ ဒီအလုပ် လုပ်ကတည်းက ဒီလိုမျိုးလည်း ကြုံရနိုင်သည်ကို ကောင်းစွာ နားလည် လက်ခံပြီး ဖြစ်ပါသည်။ ။ သတင်းသာသာပြန်သူ ))

((( AFP: Fact Check,, 28 November 2019.” This photo was taken two years before a military crackdown on Rohingya Muslims in Myanmar.” ကို #HtayOung#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.bbc.com/news/world-asia-32046136

https://factcheck.afp.com/photo-was-taken-two-years-militar…

#ဂြီနိုဆိုကျဓါတျပုံအတု #AFP‘sFake #AbdulMonana #ဒုက်ခသညျဘငျ်ဂါလီ

0

Leave a Reply

Your email address will not be published.