လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်ဒေသ မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ယက်တို့ကို ဘင်္ဂလားဒက်ရှ်ပိတ်ပင်။ မြန်မာနှင့် အိန္ဒိယနယ်စပ်တစ်လျှောက် ခရိုင် ၃၂-ခုရှိ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် ၂,၀၀၀ ခန့်အား ရပ်ဆိုင်းထားမည်ဟု ဆို။

ဘင်္ဂလားဒက်ရှ်အစိုးရသည် အိန္ဒိယနှင့် ဆက်စပ်လျှက်ရှိသော နယ်စပ်ဒေသ တစ်လျှောက်တွင် တည်ရှိသည့် မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ယက်ဝန်ဆောင်မှုတို့ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရပ်ဆိုင်းထားရန် ညွှန် ကြားလိုက်ကြောင်း ဘင်္ဂလားအခြစိုက် Dhaka Tribune က ယမန်နေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကော်မရှင် BTRC ၏ တနင်္ဂနွေနေ့ ညွှန်ကြားချက်အရ မိုဘိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီတို့အနေဖြင့် အိန္ဒိယနယ်စပ်တစ်လျှောက် ၁-ကီလိုမီတာ အကွာအဝေးအတွင်းရှိ ၎င်းတို့၏ ဝန်ဆောင်မှု့များကို တနင်္လာနေ့မှစတင်ကာ ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒက်ရှ်အစိုးရ၏ အမိန့်အရ ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း BTRC လက်ထောက်ညွှန်ကြားရေးမှူးက အတည်ပြုသော်လည်း အစိုးရညွှန်ကြားချက်ကို မိမိတို့ သတိမထားမိကြောင်း ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီး ခန်ကမဲလ်နှင့် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်တို့က အသီးသီးပြောဆိုခြင်းဖြင့် ဖုံးကွယ်လျှက်ရှိသည်ဟု Dhaka Tribune က စွပ်စွဲရေးသားသည်။

ဝန်ဆောင်မှု ကုမ္ပဏီ ၄-ခုတို့ထံ BTRC ၏ အကြောင်းကြားစာတွင် နိုင်ငံတော်၏ လတ်တစ်လောဖြစ်ပေါ်နေ သော လုံခြုံရေးအခြေအနေများအရ နောက်ထပ် ညွှန်ကြားချက် မထုတ်ပြန်မချင်း နယ်စပ်မိုဘိုင်းဖုန်း အသုံးပြုမှု့များ ရပ်ဆိုင်းထားရန် ဖော်ပြထားသည်ဆို၏။

အဆိုပါ ညွှန်ကြားချက်ကြောင့် နယ်စပ်ဧရိယာတစ်လျှောက်ရှိ မိုဘိုင်းဖုန်းသုံးစွဲသူများတွင် အင်တာနက်ကွန်ယက်ဖြင့် စာတိုပေးပို့လက်ခံခြင်း ဖုန်းဆက်သွယ်ပြောဆိုခြင်းများ ပြတ်တောက်သွားခဲ့ရကြောင်း အစိုးရထံ တင်ပြထားသည်ဟု မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု့ကုမ္ပဏီများ အထွေထွေအတွင်းရေးမှူးက ပြောဆိုသည်။

ဘင်္ဂလားဒက်ရှ်အစိုးရအမိန့်အရ BTRC ၏ တားမြစ်ချက်တွင် မြန်မာနှင့် အိန္ဒိယနယ်စပ်တစ်လျှောက် မိုဘိုင်းဖုန်းသုံးစွဲသူ ၁၀ သန်းနေထိုင်ရာ ခရိုင် ၃၂-ခုရှိ တာဝါတိုင် ၂,၀၀၀ ခန့်အား မိုဘိုင်းဆက်သွယ်ရေး ရပ်ဆိုင်းထားမည်ဖြစ်သည်။

((( Dhaka Tribune., Dec. 30, 2019, “Govt shuts down mobile networks in border areas. ‘Security reasons’ cited; Top ministers in dark about this decision.” ကို #HtayOung, #OungMarine ဆီ လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#နယ်စပ်မိုဘိုင်းဖုန်းဆက်သွယ်ရေးဘင်္ဂလားဒက်ရှ်ရပ်ဆိုင်း

https://www.dhakatribune.com/bangladesh/2019/12/30/mobile-networks-shutdown-along-india-border

0

Leave a Reply

Your email address will not be published.