လွန်ခဲ့သည့် နာရီပိုင်း၌ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်သတင်းစာကွန်ဖရင့်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းက ငွေသား၊ ရွှေတုံး၊ ပိုးထည်များဖြင့် လာဘ်ပေးခဲ့ကြောင်း Reuters ၏ သတင်းကို ကျွန်တော် ဘာသာပြန်ဆို ဖော်ပြခဲ့ပါသည်

(မတ်-၂၃၊၂၀၂၁) လွန်ခဲ့သည့် နာရီပိုင်း၌ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်သတင်းစာကွန်ဖရင့်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းက ငွေသား၊ ရွှေတုံး၊ ပိုးထည်များဖြင့် လာဘ်ပေးခဲ့ကြောင်း Reuters ၏ သတင်းကို ကျွန်တော် ဘာသာပြန်ဆို ဖော်ပြခဲ့ပါသည်။…

သတင်းစာ ကွန်ဖရင့်ပါ ကွီးဖြိုး၏ Video testimony ဗွီဒီယို သက်သေခံချက်မှာ အစစ်မဟုတ် Deep Fake နည်းပညာဖြင့်  ဖန်တီးထားခြင်းဖြစ်ကြောင်း အတိအကျ ငြင်းဆိုချက်များ ထွက်ပေါ်လာကြောင်း တွေ့ရှိရပါသည်။…


Deep fake နည်းပညာကို အသင့်အတင့် ကျွန်တော် သိပါသည်။…

သိသည်ဆိုရာတွင်လည်း သိပ်တော့ မကြာသေး နှစ်နှစ်ခန့်သာရှိသေးပြီး ပြည်ပမီဒီယာများ၌  ဖတ်ရှု့ရခြင်း ဖြစ်သည်။


..အိုဘားမား –  ပူတင်တို့ မပြောခဲ့ဖူးသည့် စကားများကို ပြောနေလေဟန် ဗွီဒီယိုနည်းပညာဖြင့် ဖန်တီးပုံအကြောင်း အလွန်စိတ်ဝင်စားစရာ ဖြစ်သော်လည်း ပညာရပ်ဆိုင်ရာ ဝေါဟါရ အခက်အခဲကြောင့် ဘာသာပြန် တင်ပြခြင်း မပြုနိုင်ခဲ့ပါ
..
ယခုအခါ အဆိုပါ Deep fake နည်းပညာအကြောင်း ဖောက်သည်ချဖူးသည့် ပြည်ပမီဒီယာကြီးပင်လျှင် ကွီးဖြိုး၏ ဗွီဒီယိုဖြင့်သက်သေခံထွက်ဆိုကြောင်း သတင်းရေးနေကြပါသည်။..

Deep fake အကြောင်း တစ်လုံးမှ မပါပါ
..
သူတို့ပြောလို့ Deep fake ကို သိရသူများက ဒါကြီးဟာ Deep Fake အတုကြီးဟု လာငြင်းနေကြသည်တော့ ..

အင်း….  


ငါတို့ပြောတာကလွဲရင် ဘယ်သူ/ဘာပြောပြော မယုံတတ်သည့်..ဝဋ်နာ ကံနာရှင်များပါလားဟုသာ တွေးမိပါသည်။

..
သို့သော် .. 

…မကြာမီ အရေးကြီးဆုံး ကာယကံရှင်ကိုယ်တိုင် ထွက်ဆိုချက်ကို ထုတ်လွှင့်မည်ဟု သတင်းကြားနေကြရခြင်းများအား 

ကြိုတင်ပိတ်ဆို့ခြင်းလည်း ဖြစ်နိုင်သည်။….

အစဉ်လေးစားစွာဖြင့်..

#HtayOung, #OungMarine….

0

Leave a Reply

Your email address will not be published.