လွန်ခဲ့သောရက်သတ္တပတ်က ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့သူ ဘရာဇီးသမ္မတတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း သတင်းထွက်။ ၎င်းထက်စော၍ သမ္မတ၏သတင်းထုတ်ပြန် ရေးပုဂ္ဂိုလ်၌ ဗိုင်းရပ်စ်စွဲကပ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်

ဘရာဇီးသမ္မတ ဂျိုင်ဘိုလ်ဆိုနာရိုတွင် Covid- 19 ရောဂါဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိ ကြောင်း သမ္မတအိမ်တော်သတင်းရင်းမြစ်များအား ကိုးကားလျှက် ဘရာဇီးသတင်းစာများက အခိုင်အမာရေး သားကြသည်။ ထိုအခါ လွန်ခဲ့သော စနေ့နေ့က ဂျိုင်ဘိုလ်ဆိုနာရိုနှင့် တွေ့ဆုံခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အား လူတိုင်းက မျက်စိထဲ ပြေးမြင်နေကြကြောင်း Russia Today က ယနေ့ရေးသားသည်။

ဘရာဇီးသမ္မတနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သမ္မတဒေါ်နယ် ထရမ့်နှင့် ဖလော်ရီဒါရှိ အမေရိကန် သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က ဘရာဇီးသမ္မတ၏ သတင်းထုတ်ပြန်ရေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ  ဘရာဇီးလူမှု့ဆက်ဆံရေး အထူးဝန်ကြီးဖြစ်သူမှာ ( ကြာသပတေး ) ယမန်နေ့၌ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်လျှက်ရှိကြောင်း တွေ့ရှိခဲ့သည်ဆို၏။

ယခုသတင်းနှင့်ပတ်သက်၍ ဘရာဇီးသမ္မတဂျိုင်ဘိုလ်ဆိုနာရို၏ အတည်ပြုချက် မရရှိသေးသော်လည်း လွန်ခဲ့ သည့်ကြာသပတေးနေ့ သမ္မတက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားရာတွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ-မရှိ ဆေးစစ်ခံယူမည်ဖြစ်ပြီး တစ်ကိုယ်တည်း သီးခြားနေထိုင်ရန်ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် သောကြာ ( ယနေ့ ) နံနက်တွင် မျက်နှာအား နှာခေါင်းစည်း ဖုံးကွယ်ထားသော  သမ္မတကို တွေ့မြင်ရ သော်လည်း ဧည့်သည်တွေ့ဆုံမည့် အစီအစဉ်များအား ဖျက်သိမ်းခဲ့ကြောင်း ဘရာဇီးသတင်းစာများက ရေး သားကြသည်။

ဘရာဇီးသမ္မတ၏ သားဖြစ်သူကမူ ၎င်း၏ဖခင်၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသည်ဟု သတင်းဖော်ပြနေ ကြခြင်းမှာ မုသာဝါဒလုံးလုံးသာဖြစ်ပြီး ဆေးစစ်အဖြေယခုတိုင်မရရှိသေးကြောင်း ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်ကို ယနေ့တွေ့ရသည်။

သို့သော် စနေနေ့ အမေရိကန်သမ္မအိမ်တော်ဆွေးနွေးပွဲ၌ လက်ချင်းဆုပ်ကိုင်ခဲ့သူ ဒေါ်နယ်ထရမ့်၌လည်း သေမင်းတမန်ဗိုင်းရပ်စ်စွဲကပ်နေပုံရကြောင်း ခန့်မှန်းပြောဆိုလျှက်ရှိသည်။ ဘရာဇီးသမ္မတ၏ သတင်းထုတ်ပြန် ရေးပုဂ္ဂိုလ်၌ ဗိုင်းရပ်စ်စွဲကပ်ကြောင်း သတင်းထွက်ပေါ်စဉ် “ ထူးခြားတာ ဘာမှမရှိခဲ့ပါဖူး.. ခဏတစ်ဖြုတ် လောက် ဘေးချင်းယှဉ် အတူထိုင်ခဲ့တာလောက်ပါပဲ “ ဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များအား ပြောဆိုခဲ့ဖူးသည်။

ထို့ပြင် ၎င်းအနေဖြင့် ဖျားနာခြင်းရှိ-မရှိ ဆေးစစ်ခံယူရန် အစီအစဉ်မရှိကြောင်း ဆက်လက်ပြောဆိုသည်။

 ((( Russia Today., 13 Mar, 2020 ,” Brazil’s Bolsonaro, who met Trump last week, tests ‘POSITIVE’ for Covid-19, local report claims.ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘရာဇီးသမ္မတနှင့်ဒေါ်နယ်ထရမ့် #ဘရာဇီးသမ္မတ၏သတင်းထုတ်ပြန်ရေးပုဂ္ဂိုလ်

https://www.rt.com/news/483054-brazil-bolsonaro-coronavirus-trump/

0

Leave a Reply

Your email address will not be published.