ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၄၅ – ဦး ထပ်မံ သေဆုံးစဉ် ကပ်လျှက် ဟူနန်ပြည်နယ်၌ ကြောက်မက်ဖွယ် ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားနေပြန်။ 2019-nCoV ကြောင့် သေဆုံးသူ ၃၀၄-ဦးရှိလာရာ တရုတ်နိုင်ငံ၌ ဖြစ်

တရုတ်နိုင်ငံတွင် ဟူဘေးပြည်နယ်မှ စတင်၍ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားခြင်းကြောင့် အသက်ဆုံးရှုံးရသူ လောလောဆယ် ၄၅-ဦး ပိုမိုလာစဉ် တောင်ဖက်ကပ်လျှက် ဟူနန်ပြည်နယ်၌ ကြောက်မက်ဖွယ် H5N1 ကြက် ငှက်တုတ်ကွေးရောဂါဖြစ်ပွားနေသည်ဟု South China Morning Post က ယနေ့ရေးသားသည်။ 

ဟူနန်ပြည်နယ် ခရိုင်တစ်ခုရှိ ကြက်ကောင် ၇,၈၅၀ နှင့် ၄,၅၀၀ တို့ မွေးမြူထားသည့် ခြံ ၂-ခြံတွင် ကြက်များ သေဆုံးရသည်မှာ H5N1 ကြက်ငှက်တုတ်ကွေးဗိုင်းရပ်ကျရောက်ခြင်းဖြစ်ကြောင်း၊ သို့သော် ကြက်ငှက်မှ လူသို့ ကူးစက်သည့် အရိပ်လက္ခဏာ မတွေ့ရကြောင်း တရုတ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဋ္ဌာနက ယမန် နေ့ သတင်းထုတ်ပြန်သည်။ 

၂၀၀၂-၂၀၀၃ ခုနှစ်များတွင် Severe Acute Respiratory Syndrome “ အသက်ရှူလမ်းကြောင်း ရုတ်တရက် ပြင်းထန်ယောင်ယမ်းရောဂါလက္ခဏာစု “(SARS-CoV) ဆားစ်ကိုရိုနာဗိုင်းရပ် ရောဂါကျရောက်စဉ် နိုင်ငံပေါင်း ၁၇ – နိုင်ငံ၌ လူ ပေါင်း ၇၇၄-ဦး သေဆုံးခဲ့ရသည်။ 

Highly pathogenic avian influenza virus ပြင်းထန်ရောဂါပေး ငှက်တုတ်ကွေးဗိုင်းရပ်စ် H5N1 သည် SARS ထက် ပိုမိုဆိုးရွားသည်။ တရုတ်နိုင်ငံ ဘဲငန်းများမှစတင်ဖြစ်ပွားသည့် H5N1 ကြောင့် ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အတွင်း မွေးမြူရေး ကြက်-ဘဲများသာမက ကမ္ဘ္ဘာတစ်ဝှမ်းရှိ လေနေသတ္တဝါ သန်းရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ 

H5N1 ဗိုင်းရပ်စ်သည် လူနှင့် အခြားသတ္တဝါများတွင် ကူးစက်သည့်အခါအသက်ရှု လမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါဖြစ်ပွားစေသည်။ ထိုစဉ်က ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် နိုင်ငံ ၅-နိုင်ငံ၌ လူပေါင်း ၆၃၀ သေဆုံးခဲ့ရာ ရောဂါကူးစက်ခံရလျှင် လူ ၁၀၀ တိုင်း ၁၀-ဦး သေဆုံးနှုန်းရှိခဲ့သည်။ သို့သော် အဆိုပါဗိုင်းရပ်မှာ လူအချင်းချင်း ကူးစက်ကြောင်း WHO က အတည်မပြုနိုင်ခဲ့ချေ။ 

လတ်တလောတွင်လည်း 2019-nCoV နိုဗဲလ်ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်နှံ့ခြင်းကြောင့် ဖျားနာ လူသေဆုံးလျှက်ရှိသောတရုတ်နိုင်ငံတွင် နောက်ထပ် ၄၅-ဦးသေဆုံးပြီး ကူးစက်ခံရသူ ၂,၅၉၀-ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့ South China Morning Post ၏ အခြားသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ 

တရုတ်နှင့် နိုင်ငံပေါင်း ၂၆ နိုင်ငံထက်မနည်းတွင် ၁၄,၅၅၁ – ဦးကို အဆိုပါဗိုင်းရပ်စ်ကူးခံရကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း ၃၀၄-ဦးရှိလာခဲ့ပြီဖြစ်သည်။ သေဆုံးရာနှုန်းပြည့်နီးပါးမှာ တရုတ် ဟူဘေးပြည်နယ်မှဖြစ်သည်။ ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၉,၀၇၄-ဦးတွင် ၁,၁၁၈-ဦးမှာ ဝေဒနာပြင်းထန်၍ ၄၄၄-ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေရှိသည် ။ 

(( အခြားသူများသို့ ကူးစက်နိုင်သော ရောဂါခံစားလျှက်ရှိသည်ဟု ယုံကြည်ရလျှင် ကျန်းမာရေးဥပဒေအရ Quarantine အဖြစ် ၁၄-ရက် ရောဂါခြေချုပ်ချထားလေ့ရှိပါသည်။ ၎င်းသည် ကျန်းမာရေးကြောင့် အခြားသူများနှင့် ခွဲခြားထားခြင်း Isolated Cases လုံး၀ မဟုတ်ပါ။ 

ထို့ပြင် Quarantine ခြင်းခံရသူသည် ဗုံးခွဲခါးပတ် ဝတ်ဆင်ထားသော အကြမ်းဖက်သမား မဟုတ်ပါ။ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စိတ်ဓါတ်ကျ အားမငယ်စေရန် ၎င်းတို့အား နားလည်အောင် ရှင်းပြပြောဆို၍ ပူးပေါင်းဆောင်ရွက်ပါရန် အကူအညီတောင်းခံသင့်ပါသည်။ Quarantine ကို အပီအပြင်လိုက်နာခြင်းမှာ ရောဂါပြန့်ပွားမှု့ကို စရိတ်အကုန်အကျနည်းနည်းအကောင်းဆုံး တိုက်ဖျက်နည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းရှိသော ကျန်းမာရေးဆိုင်ရာ အလေးထားမှု့ ပြသရာလည်း ရောက်ပါသည်။ 

အထူးသဖြင့် Quarantine ခြင်းခံနေရသော တရုတ်ရှိ လူတစ်သောင်းကျော်နှင့် ကမ္ဘာအရပ်ရပ်ရှိ ၁၀၀ ကျော်တို့မှာ ကျန်းမာသူများလည်း ဖြစ်နိုင်ပါသည်။ ရောဂါကူးစက်ခံထားရသည်ဆိုသည့်တိုင် တရုတ်နိုင်ငံမှလွဲလျှင် သေဆုံးသူမရှိသလောက်ဖြစ်ခြင်းကိုလည်း သတိပြုသင့်ပါသည်။ ( ဖိလစ်ပိုင် ၁-ဦးသေဆုံး ) 

ကမ္ဘာအရပ်ရပ်တွင် လူအမြောက်အများ ရုတ်တရက်သေဆုံးလေ့ရှိခြင်း၊ တည်ဆောက်ပုံ ပြောင်းလဲဆန်းကျယ်လာတတ်ခြင်းကြောင့် ဗိုင်းရပ်စ်ကို ကြောက်ရွံ့ကြခြင်းဖြစ်သည်။ သို့သော် အဆိုပါဗိုင်းရပ်စ်သည်ပင်လျှင် ကျွန်တော်များ၏ ဆန်းကျယ်သည့် ကိုယ်ခံအားစံနစ်ကြောင့် အချိန်ကာလတစ်ခုအရောက်၌ လူသတ်နိုင်နှုန်း ကျဆင်းသွားလေ့ရှိပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( South China Morning Post., 2 Feb, 2020.” China reports outbreak of deadly bird flu among chickens in Hunan province, close to coronavirus epicentre of Wuhan.” နှင့် “Coronavirus: 45 more deaths, 2,590 new cases reported across China, bringing totals to 14,380 infected, 304 dead .By: Cissy Zhou.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ ))) 

#H5N1ကြက်ငှက်တုတ်ကွေးဗိုင်းရပ်စ် #SARSဆားစ်ရောဂါ 
https://www.scmp.com/news/china/society/article/3048566/china-reports-outbreak-deadly-bird-flu-among-chickens-hunan 
https://www.scmp.com/news/china/society/article/3048575/coronavirus-45-more-deaths-1921-new-cases-reported-hubei 
http://news.bbc.co.uk/2/hi/health/4746204.stm 
https://jech.bmj.com/content/62/6/555.abstract 

0

Leave a Reply

Your email address will not be published.