ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနှုန်း ၃၀ ရာနှုန်းနီးပါး ခုန်တက်။ သေဆုံးအရေအတွက် ၁၇၀-ဦးဖြစ်လာ။ SARS ရောဂါကျရောက်စဉ်ကထက် ပိုမိုဆိုးရွားကြောင်း တရုတ်အတည်ပြု

ထူးဆန်းစွာ ဖျားနာလျှက်ရှိသော ဝူဟန်မြို့မှ ၎င်းတို့နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံအစိုးရတို့က ခေါ်ထုတ်နေကြစဉ် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကမ္ဘ္ဘာတစ်ဝှမ်းကူးစက်ခြင်းခံရသူ ၇၇၀၀ -ဦးကျော် တွေ့ရှိရသည်။ ပြန့်ပွားနှုန်း ၃၀ ရာနှုန်းနီးပါး ခုန်တက်လာကြောင်း တရုတ်အစိုးရက အတည်ပြုသည်ဟု The New York Times က ယနေ့ရေးသားသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် သေဆုံးအရေအတွက်မှာလည်း ၁၇၀-ဦးဖြစ်လာသည်။ လက်ရှိ ဗိုင်းရပ်စ်ကူးစက်မှု့နှုန်းမှာ ၂၀၀၂-၂၀၀၃-ခုနှစ် SARS ရောဂါကျရောက်စဉ်ကထက် ပိုမိုဆိုးရွားသည်။ အလားတူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော Severe Acute Respiratory Syndrome “ အသက်ရှူလမ်းကြောင်း ရုတ်တရက် ပြင်းထန်ယောင်ယမ်းရောဂါလက္ခဏာစု “ SARS ရောဂါကျရောက်စဉ် နိုင်ငံပေါင်း ၁၇ – နိုင်ငံ၌ လူ ပေါင်း ၇၇၄-ဦး သေဆုံးခဲ့ရသည်။ တရုတ်ပြည်မကြီး တစ်နိုင်ငံတည်း၌ပင် ကူးစက်ခံရသူ ၅,၃၂၇-ဦး၊ သေဆုံးသူ ၃၄၉-ဦးရှိခဲ့ကြောင်း WHO ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မှတ်တမ်းများအရ သိရှိရသည်။

ကြာသပတေး ( ယနေ့ ) နံနက်စောစောပိုင်းအထိ ကမ္ဘ္ဘာတစ်ဝှမ်း ရောဂါကူးစက်ခံရမှု့မှာ ယမန်နေ့ ၆,၀၀၀ -ဦး ကျော်ထက် ပိုမိုများပြားလာနေဆဲဖြစ်ကြောင်း WHO နှင့် တရုတ်အာဏာပိုင်တို့၏ အချက်အလက်များက ဖော်ပြနေသည်။ ကမ္ဘ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၆၈-ဦးရှိသော်လည်း သေဆုံးသူ မရှိချေ။ ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ကြောင့် တရုတ်နိုင်ငံအတွင်း ထူးဆန်းစွာ သေဆုံးသူ ၁၇၀-ဦးရှိသည်ဆိုခြင်းမှာ တရုတ်အာဏာပိုင်တို့ လက်လှမ်းမီသမျှနှင့် တရားဝင်စစ်ဆေးအတည်ပြုနိုင်သော ကိန်းဂဏန်းများအရဖြစ်ပြီး အမှန်တကယ် သေဆုံးမှု့မှု့မှာ ၎င်းထက်ပိုမိုနိုင်ဖွယ်ရှိကြောင်း၊ ဝူဟန်တစ်မြို့တည်း၌ပင် ယမန်နေ့ထက် သေဆုံးသူ ၃၈-ဦး တိုးမြင့်လာဖြစ်သည် ဟု New York Times က ဆက်လက်ဖော်ပြသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာ လင်းနို့နှင့် အခြားရင်းမြစ်များစွာတို့မှ ကူးစက်ခြင်းဖြစ်ကြောင်း မျိုးဗီဇအစဉ်အရ ကျွမ်းကျင်သူများက ယုံကြည်ကြပြီး၊ ၎င်းတို့အနက် အဆိုးရွားဆုံးမှာ လင်းနို့ထံမှဖြစ်ကြောင်း ယခင်ကတည်းက သိရှိထားကြပြီးဖြစ်သည်ဟု CNN က ယနေ့ရေးသားသည်။ တိရိစ္ဆာန်တို့မှ လူသားတို့အား ဗိုင်းရပ်စ်ကူးစက် ခြင်းကြောင့် ရောဂါခံစားခဲ့ကြရာ SARS မှာ ကြောင်ကတိုးထံမှ ဖြစ်ပြီး ၂၀၀၀-ပြည့်နှစ် MERS မှာ ကုလားအုတ်များမှ ကူးစက်ခံရခြင်းဖြစ်သည်ဆို၏။

ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားခြင်းကြောင့် တရုတ်နိုင်ငံတွင် တားဆီးကန့်သတ်ခြင်းများမတိုင်မီ ဝူဟန်မှ ကမ္ဘေ္ဘာဒီးယားနိုင်ငံအတွင်း ဝင်ရောက်လာသူ ၃,၀၇၈-ဦး ရှိခဲ့ကြောင်း Khmer Times အား ကိုးကား၍ Bangkok Post က ယနေ့ရေးသားသည်။

အလားတူပင် ဝူဟန်မှ ထိုင်းနိုင်ငံသို့ ၂၀,၀၀၀ – ဦးကျော်၊ ဂျပန်နှင့် တောင်ကိုရီးယားသို့ ၁၂,၀၀၀ -ဦးကျော် နှင့် စင်္ကာပူသို့ ၁၀,၀၀၀ – ဦးကျော် တိုက်ရိုက်ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။ ကမ္ဘေ္ဘာဒီးယားသည် အင်္ဂါ နေ့ကတည်းက ဝူဟန်မှ တိုက်ရိုက်လေကြောင်းခရီးစဉ်များအား ယာယီတားမြစ်ခဲ့ရာ တရုတ်ဘက်က ရပ်ဆိုင်းချိန်ထက်စောသည်ဟု သတင်းဖော်ပြသည်။

(((The New York Times., Jan.30, 2020, “Coronavirus Live Updates: China Now Has More Cases Than It Had of SARS.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ဆက်စပ်အချက်အလက်များကို ဖော်ပြပါ Links များမှ ရယူသည်။ )))

#ဝူဟန်ကိုရိုနာဗိုင်းရပ်စ်

https://www.bangkokpost.com/world/1846319/more-than-3-000-chinese-from-virus-hit-wuhan-visit-cambodia

0

Leave a Reply

Your email address will not be published.