
လွန်ခဲ့သည့် ၇၂-နှစ်၊ မေလ ၈-ရက်နေ့ အင်းစိန်အကျဉ်းထောင်အတွင်း ဗြိတိသျှလက်အောက် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးစောအား ကြိုးဒါဏ်စီရင်ခဲ့သည်။
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအား လုပ်ကြံသတ်ဖြတ်ကြောင်း ထင်ရှားသဖြင့် ဂဠုန်ဦးစောတို့အား ကြိုးပေးစဉ် ယခုသတင်းမှတ်တမ်းဓါတ်ပုံကို ကွယ်လွန်သူ စာရေးဆရာကြီး ဓူဝံ ( ဦးသန်းတင် ) က ရိုက်ကူးခဲ့ကြောင်း ဆရာကြီးကိုယ်တိုင်ရေးသားခဲ့ဖူးသည့် ဆောင်းပါးတစ်စောင်၌ ကျွန်တော်ဖတ်ခဲ့ရဖူးသည်။
ဆရာကြီး ဓူဝံသည် ဦးစောဝန်ကြီးချုပ်အဖြစ် အာဏာရရှိစဉ် အမျိုးမျိုး ပညာပြ နှိပ်စက်ခြင်းခံခဲ့ရသူဖြစ်ပြီး ထောင်ကျသည်အထိ ဖြစ်ခဲ့ရသည်။
တစ်ချိန်ချိန်တွင် ဦးစောအား ကြိုးစင်ထက်၌ မြင်တွေ့ရပြီး၊ မိမိမှာ တာဝန်အရ သတင်းမှတ်တမ်းရိုက်ကူးရသူဖြစ်လိမ့်မည်ဟု မည်သည့်အခါမျှ ကြိုတင်မစဉ်းစားမိကြောင်း ဆရာကြီးဓူဝံ၏ သံဝေဂရဖွယ် ရေးသားချက်ကို ပြန်လည်အမှတ်ရမိပါသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
Credit: Irrawaddy
The Day the Prime Minister of British Burma was Hanged