သတင်းတု ဖော်ပြသောမီဒီယာဟုဆိုလျှင် လျှော့ပြောရာရောက်၍ ခြမီဒီယာဟုပြောမှ တန်ယုံကျ။ ပိုက်ဆံရှိငနဲ က အစိုးရအာဏာ လိုချင်သဖြင့် မီဒီယာထူထောင်နေဟု ဝါရှင်တန်ပို့စ်အား ဒေါ်နယ်ထရမ့် ထိုးနှက်

ရွေ့ပြောင်းဝင်ရောက်သူများအတွက် မက္ကဆီကိုနယ်စပ်တွင် မိချောင်းကျုံး၊ လျှပ်စစ်တံတိုင်းနှင့် အခြားသေလောက်သည့်ထောင်ချောက်များကို အမေရိကန်သမ္မတက အလိုရှိနေကြောင်း သတင်းဖော်ပြသည့်အပေါ် “ မရိုးသား “ “ ခြစားမီဒီယာ “ ဟု ဒေါ်နယ်ထရမ့်က ပြန်ပက်လိုက်ကြောင်း Russia Today က ယနေ့ ရေးသားသည်။ 

  
သတင်းတု ဖော်ပြသောမီဒီယာဟု ပြောဆိုခဲ့သည်မှ ယခု ခြစားမီဒီယာဟု ပြောင်းလဲပြောရတော့မည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သတင်းအတုဖော်ပြသော မီဒီယာဟု ပြောယုံနှင့် မလုံလောက်တော့၍ ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ ဘဲဥပုံရုံးခန်း၌ ဖင်လန်သမ္မတနှင့် အတူရှိနေစဉ် ဒေါ်နယ်ထရမ့်က သတင်းထောက်များ လက်ချာရိုက်လိုက်သည်ဆို၏။ တောင်ပိုင်းနယ်စပ်တွင် အလယ်ခေတ်ကျုံးမျိုးကို ရာဇဝင်ထဲတွင် ထားပစ်ခဲ့ရမည့် အသိဉာဏ်မျိုးနှင့် အမေရိကန်သမ္မတက တည်ဆောက်လိုကြောင်း ရေးသားခြင်းမှာ ခပ်ပေါက်ပေါက်ဖြစ်နေခြင်းဟု ရှုတ်ချလိုက်ကြောင်း သိရှိရသည်။ 


ကျုံးဆိုလျှင်လည်း မိချောင်းနှင့် မြွေများထည့်ထားနိုင်သည့် ကျုံးမျိုး၊ ရှိစေချင်သည့် တံတိုင်းမှာ လျှပ်စစ်ဓါတ် လွှတ်ထားပေးသည့်တံတိုင်းမျိုး တည်ဆောက်မည်ဟု ဒေါ်နယ်ထရမ့်က ကယောင်ကတမ်းနှင့် အာပေါင်အာရင်း သန်သန် ခြောက်လှန့်လိုက်ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။ 


ကိုင်မိလျှင် စူးသွားစေမည့် ဆူးချွန်များကို တံတိုင်းအပေါ်ပိုင်းတွင် ကာလျှက်သား ရှိစေချင်သည်ဟုသာ မိမိပြောခဲ့ပြီး ကျုံးဆိုသည့် စကားလုံး ညပ်ပါသွားခြင်းပင်မရှိကြောင်း ဒေါ်နယ်ထရမ့်က ဟန်အမူအရာနှင့်တကွ ရွတ်ပြလိုက်သည်။ 


ဝါရှင်တန်ပို့စ်တွင် ဖော်ပြသမျှအားလုံးနီးပါးမှာ သတင်းအတုများဖြစ်နေသည့် မီဒီယာအတုဖြစ်ကြောင်း၊ ပိုက်ဆံရှိသည့်ငနဲက အစိုးရအာဏာ လိုချင်သဖြင့် မီဒီယာထူထောင်နေခြင်းဖြစ်သည်ဟု ဝါရှင်တန်ပို့စ်အား မျက်နှာဖုံးစွပ်မီဒီယာအဖြစ် ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုခဲ့သည်။ 


ယခုအခါ အမေရိကန်မီဒီယာလောကကြီးတစ်ခုလုံး အဂတိလိုက်စားရေးသားနေကြသဖြင့် သတင်းတုဟု ပြောဆိုခြင်းကို တစ်ခန်းရပ်ပြီး ခြစားသတင်း ဟု ပြောရတော့မည်ဖြစ်ကြောင်း၊ လူအများအတွက် ရန်သူ အမှန်ဖြစ်လာနေကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ်အတွင်း အမေရိကန်သမ္မတက ကြိမ်းမောင်းသွားသည်။ 


ဝါရှင်တန်ပို့စ် ဖော်ပြသည့်အတိုင်ဆိုလျှင် ဒေါ်နယ်ထရမ့်သည် မိချောင်းနှင့် မြွေများကျုံး၊ လျှပ်စစ်ခြံစည်းရိုးနှင့် နယ်ခြားတံတိုင်းတည်ဆောက်မည်ဟု အာပေါင်အာရင်း သန်သန် ခြောက်လှန့်သူကြီး ဖြစ်နေလေသည်။ 


( အောက်တိုဘာ – ၀၃၊ ၂၀၁၉ ) ((( Russia Today., 2 Oct, 2019, “ Fake is too mild, new word for media is corrupt, says Trump, lashing out at reports he wants moats with alligators on border.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/usa/470073-trump-slams-wapo-alligators-moat/

1+

Leave a Reply

Your email address will not be published.