သတ်ဖြတ်ခံလိုက်ရသော ဘက္ကတာဒီနေရာတွင် အိုင်စစ်တို့ ခေါင်းဆောင်သစ် တင်မြှောက်။ အိုင်စစ်တို့ခြောက်လှန့်နေဆဲဖြစ်ပြီး အယ်လ်ကိုင်ဒါနှင့် ပူးပေါင်းဖွယ်ရှိဟု သတိပေးချက်ထွက်ပေါ်။

လွန်ခဲ့သည့်တနင်္ဂနွေနေ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အမေရိကန်အထူးတပ်ဖွဲ့က စီးနင်းသတ်ဖြတ်ခြင်းခံခဲ့ရသည့် အိုင်စစ် ( ISIS,IS, ISIL ) တပ်မှူး အဘူဘေကာအယ်လ်ဘက္ကတာဒီ၏ နေရာတွင် ဆက်ခံသူအဖြစ် အဗ္ဗဒူလာကွာဒက်ရှ် အမည်အား တွေ့ရှိရကြောင်း ယူအေအီးသတင်းရင်းမြစ်များအား ကိုးကားလျှက် အစ္စရေးအခြေစိုက် Harretz က ယနေ့ရေးသားသည်။


အိုင်စစ်ခေါင်းဆောင်အဖြစ် ဆက်ခံသူဖြစ်လာလိမ့်မည့်ဟု New York Times က ရေးသားခဲ့ဖူးသည့် ပြောရေးဆိုခွင့်ရှိသူနှင့် လက်ထောက်တပ်မှူး အဘူဟာဆန်အယ်လ်မူဟာဂျာမှာလည်း အမေရိကန်၏ စီးနင်းမှု့တွင် ဘက္ကတာဒီနှင့်အတူ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အီရတ်တာ့ခ်မင်ဇာတိ အဗ္ဗဒူလာကွာဒက်ရှ်သည် ဘက္ကတာဒီ၏ နေရာတွင် လွန်ခဲ့သည့် သြဂုတ်လကတည်းက လွှဲပြောင်းဆက်ခံပြီးဖြစ်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ အဗ္ဗဒူလာကွာဒက်ရှ်သည် အိုင်အက်စ်အဖွဲ့အစည်း၏ တပ်မှူးသစ်ဖြစ်လာကြောင်း အိုင်စစ်တို့၏ “ အာမက်သတင်းအေဂျင်စီ “ အား ကိုးကား၍ မီဒီယာများက ဖော်ပြလျှက်ရှိကြောင်း သိရှိရသည်။


အဗ္ဗဒူလာ ကွာဒက်ရှ်၏ ပုဂ္ဂိုလ်ရေးအကြောင်းအရာ အသေးစိတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရသေးသော်လည်း ၎င်းသည် ယခင်အီရတ်ဆဒမ်ဟူစိန်ခေတ် မိုဆူးမြို့အနီး တယ်လ်အဖာမြို့မှ စစ်ဖက်အရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသန္တရ ထောက်လှမ်းရေးအရာရှိများအားကိုးကား၍ Newweek က ဖော်ပြသည်။


လက်ထောက်တပ်မှူး အဘူဟာဆန်အယ်လ်မူဟာဂျာကို ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အမေရိကန် အထူးတပ်ဖွဲ့နှင့်အတူ ပူးတွဲစီးနင်းခဲ့စဉ် ၎င်းတို့ထောက်လှမ်းရေးများက သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယန်းကာ့ဒ် SDF တပ်မှူးက ပြောဆိုသည်။


အဘူဘေကာအယ်လ်ဘက္ကတာဒီအား စီးနင်းသတ်ဖြတ်နိုင်ခဲ့ပြီးနောက် အဆိုပါဒေသအတွင်း အယ်လ်ကိုင်ဒါ ( Al Qaeda ) နှင့် အိုင်စစ်တို့ ပူးပေါင်းဟန်ရှိသည့် အထောက်အထားများ တွေ့ရှိရသည်ဟု အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်များတပ်ပေါင်းစု ကော်မတီက သတိပေးပြောဆိုသည်ဟု Harretz က ယနေ့ရေးသားသည်။


ယခငကြ ပှိုငဖြကမြွားအဖှဈ အမွားမှတယြူခဲ့ကှသညြ့ အယလြကြိုငဒြါနှငြ့ အိုငစြဈအကှမြးဖကအြဖှဲ့ဝငအြခွို့မှာ နရောဒသအေတောမြွားမွားတှငြ ဆကသြှယပြူးပေါငြးလွှကရြှိနိုငကြှောငြး သတငြးမွားရရှိသညဟြု တပပြေါငြးစု ကောမြတီဥကျကဋျဌက ပှောဆိုခှငြးဖှဈသညြ။


(( ဆီးရီးယားနှင့် အီရတ်တွင် ပြန့်ကြဲလျှက်ရှိသော အယ်လ်ကိုင်ဒါနှင့် အိုင်စစ်တို့မှာ အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းချင်းတူသော်လည်း အခြေခံအယူအဆချင်းလည်းမတူ၊ သင့်မြတ်ခြင်းလည်းမရှိကြချေ။


အီဗရာဟင် အာဝတ်အီဗရာဟင် အယ်လ်ဘဒရီ အယ်လ်ဆမ်မာရိုင် Ibrahim Awad Ibrahim al-Badri al-Samarrai ကို ၁၉၇၁-ခုနှစ် အီရတ်ဘက္ကဒက်မြို့ မြောက်ဖက် ရှာမာရာမြို့၌ မွေးဖွားသည်။ ၂၀၀၃-ခုနှစ် အီရတ်အား အမေရိကန်ကျူးကျော်ပြီးနောက် ၎င်းသည် ဆွန်နီဘာသာဝင်များဖြင့် Jaysh Ahl al-Sunnah wa-l-Jamaah ခေါ် အဖွဲ့ကို ထူထောင်ရာတွင် ပူးတွဲဦးဆောင်သူတစ်ဦးဖြစ်သည်။ ထိုအဖွဲ့သည် အယ်လ်ကိုင်ဒါ၏ မဟာမိတ်အဖြစ်ခံယူသည်။ ၂၀၁၀-တွင် အီရတ်အယ်လ်ကိုင်ဒါခေါင်းဆောင် ဖြစ်လာသည်။


၂၀၁၄-ခုနှစ်တွင် အီရတ်နှင့် ဆီးရီးယားနယ်မြေအများအပြားကို လျှပ်တစ်ပြက် တိုက်ခိုက်သိမ်းယူသည်။ မိုဆူးမြို့ အယ်လ်နူရီဗလီတွင် သူ့ကိုယ်သူ တမန်တော်မိုဟာမက်အား ဆက်ခံသူ “ ခလီဖာအီဗရာဟင် “ ဖြစ်ကြောင်း ကြေညာပြီး၊ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော် (The Islamic State of Iraq and the Levant (ISIL) နောင် ISIS ခလီဖိတ်ဘာသာရေးနိုင်ငံတော်ကို ထူထောင်သည်။


သမိုင်းလာ တမန်တော်မိုဟာမက်အား ဆက်ခံသူ အဘူဘေကာ၏ အမည်ကို ယူထားပြီး အယ်လ်ကိုင်ဒါတို့ထုံးစံ အမည်ရင်းဖျောက်၍ ဇာတိရပ်ရွာကို စွဲမှတ်အမည်ပေးလေ့ရှိသည့်အတိုင်း ဘက္ကာဒက်မြို့သားဟု အခေါ်သညာနှင့်ပေါင်းစပ်ပြီး “ အဘူဘေကာအယ်လ်ဘက္ကတာဒီ “ ဖြစ်လာသည်။


ဘက္ကတာဒီ၏ လုပ်ရပ်ကို အယ်လ်ကိုင်ဒါတို့က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ တမန်တော်မှဆင်းသက်သည်ဆိုခြင်းတွင် အထောက်အထားများစွာလိုအပ်နေခြင်းနှင့် သူ့ကိုယ်သူ “ ခလီဖာ “ အဖြစ် ကြေညာခြင်းတို့လည်း ပါဝင်သည်။


အယ်လ်ကိုင်ဒါတို့မှာ ဝါဟာဘီဝါဒ၊ ဆလားဖစ်ဝါဒီတို့ဖြစ်ကြသည်။ အိုင်စစ်တို့သည် ဝါဟာဘီဝါဒ၊ ဆလားဖစ်ဝါဒအခြေခံလျှက် ကမ္ဘာကြီးအား အစ္စလာမ်နယ်မြေကြီးအဖြစ် သွတ်သွင်းလိုသော “ ခလီဖိတ်ဝါဒီ “ များဖြစ်ကြသည်။


အိုင်စစ်နှင့် အယ်လ်ကိုင်ဒါတို့သည် ရက်စက်စွာလူသတ်ခြင်း၊ ဘာသာရေးအစွန်းရောက်အကြမ်းဖက်ခြင်းတို့၌ အတူတူနှင့် အနူနူချည့်သာဖြစ်သည်။ သို့သော် အိုင်စစ်ထက် အယ်လ်ကိုင်ဒါက ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ဆီးရီးယားစစ်ပွဲနှင့် စပ်လျှဉ်း၍ သုတေသနစာတမ်းများတွင် တွေ့ရသည်။ အိုင်စစ်တို့က မွတ်စလင်ကမ္ဘာတွင် ထောက်ခံသူ နည်းသော်လည်း အယ်လ်ကိုင်ဒါတို့ကို ထောက်ခံသူများသည်။


9/11 သည် အိုစမာဘင်လာဒင်၏ အယ်လ်ကိုင်ဒါလက်ချက်မဟုတ်ကြောင်း မွတ်စလင်ကမ္ဘာ၌ ယုံကြည်သူမှာ ၂၀၀၁-ခုနှစ်တွင် ရာနှုန်းပြည့်နီးပါးရှိသည်။ ထိုနှုန်းထားသည် ဆက်လက်လျော့ကျသွားရာ ၂၀၀၇-ခုနှစ်တွင် ပျမ်းမျှ ၆၀ ရာနှန်းအထက်တွင် ရှိနေသည်။ နိုင်ငံတကာအကြမ်းဖက်မှု့တိုက်ဖျက်ရေးဗဟို International Centre for Counter-Terrorism – The Hague (ICCT) နှင့် အာရပ် သုတေသနနှင့် ပေါ်လစီရေးရာ လေ့လာရေးဗဟို Arab Center for Research & Policy Studies တို့က အာရှ၊ အာဖရိက အစ္စလာမ် ဘာသာဝင်များအကြား လူတွေ့မေးမြန်းခြင်း၊ တယ်လီဖုန်းဆက်သွယ်ခြင်း၊ ဆန္ဒမဲပေးပွဲရလာဒ်များအား ခန့်မှန်းခြင်းတို့ကို အသုံးပြုလျှက် အချက်အလက်များ ကောက်ယူခဲ့ရာ ၂၀၁၄-ခုနှစ်တွင် အယ်လ်ကိုင်ဒါ အားလက်ခံ၍ အယ်လ်ကိုင်ဒါ ထိုသို့ လုပ်ဆောင်ခွင့်ရှိသည်ဟု ယုံကြည်သူ ဘင်္ဂလားဒက်ရှ်တွင် ၂၃ ရာနှုန်း၊ အင်ဒိုနီးရှား ၁၅၊ မလေးရှား ၁၈၊ ပါကစ္စတန် ၁၂ ရာနှုန်း အသီးသီးရှိသည်။ ။ သတင်းဘာသာပြန်သူ ))


((( Harretz., Oct 28, 2019, “ISIS Reportedly Names New Leader After Killing of Baghdadi and His Right-hand Man.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))


https://www.haaretz.com/middle-east-news/syria/isis-names-new-leader-after-killing-of-baghdadi-and-his-right-hand-man-1.8050783 https://www.haaretz.com/us-news/isis-and-al-qaida-may-be-cooperating-warns-top-republican-1.8033921?v=7D91627702FFB54260E783E01B241E0E https://www.thesun.co.uk/news/10224942/new-isis-leader-abdullah-qardash-baghdadi/

1+

Leave a Reply

Your email address will not be published.