သမုဒ္ဒရာရင်းမြစ်စီးပွားရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး၌ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းဆောင်ရွက်မည်။ အမေရိကန်ထံမှ ဂြိုလ်တု သို့မဟုတ် ဆိုနာနည်းပညာသုံး ငါး ရှာဖွေနည်းပညာရရှိရန် မျှော်လင့်။ တရုတ်အကူအညီဖြင့် ကျောက်မီးသွေးသုံး အကြီးဆုံးစွမ်းအင်စက်ရုံ စွမ်းအားပြည့် လည်ပတ်နိုင်ပြီဟု ဘင်္ဂလားဒေ့ရှ် ဆို

ဘင်္ဂလားဒေ့ရ်ှနှင့် အမေရိကန်နိုင်ငံတို့သည် သမုဒ္ဒရာရင်းမြစ် စီးပွားရေးအပါအဝင် ဗဟုသုတ၊ အချက်အလက် နှင့် အတွေးအခေါ်များ မျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အ၀ တိုးမြှင့်ခြင်းများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။ 

  
အမေရိကန်အနေဖြင့် ငါးနှင့် ပင်လယ်စာပြုပြင်ထုတ်လုပ်နည်းသာမက ဂြိုလ်တု သို့မဟုတ် ဆိုနာနည်း ပညာ သုံး ငါးရှာဖွေနည်းပညာကိုလည်း လွှဲပြောင်းပေးလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်က မျှော်လင့်လျှက်ရှိကြောင်း အမေရိ ကန်နိုင်ငံခြားရေးဋ္ဌာနအဆိုအရ သိရှိရသည်။ 
ထိုအတွက် မကြာသေးမီကပြုလုပ်ခဲ့သော နှစ်နိုင်ငံအစည်းအဝေးတွင် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရ်ှနှင့် အမေရိကန်တို့က ဆွေးနွေးခဲ့ကြသည်ဆို၏။ 

  
တရားမဝင်၊ သတင်းပို့အကြောင်းကြားမှု မရှိခြင်းနှင့် မူမမှန် ငါးဖမ်းခြင်းဆိုင်ရာတို့အား ဟန့်တား ဖယ်ရှားရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆိပ်ကမ်းအဆင့် အစီအမံများဆိုင်ရာသဘောတူညီချက်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ပါဝင်လာခြင်းကို အမေရိကန်ဘက်မှ ချီးကျူးခဲ့သည်။ 


ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရ်ှအစိုးရက အိန္ဒိယသမုဒ္ဒရာအနားသတ်နိုင်ငံများ၏ ပင်လယ်ပြင်စီး ပွားရေး ဆိုင်ရာ တတိယအကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကိုလည်း အမေ ရိကန်က အလေးအနက်ထားကြောင်း ပြောဆိုသည်။ 
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့၏ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် နှစ်နိုင်ငံ စလုံး တို့သည် သမုဒ္ဒရာရင်းမြစ်စီးပွားရေးနှင့် သမုဒ္ဒရာများ၏ အနာဂါတ်အလားအလာများတွင် ခိုင်မာ သည့်သိပ္ပံ ပညာ၊ တီထွင်ဆန်းသစ်သည့် စီမံခန့်ခွဲမှု၊ ထိရောက်သောအုပ်ချုပ်မှု၊ အဓိပ္ပာယ်ပြည့်ဝသော မိတ်ဖက်များနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့၏ အရေးပါပုံကို အသိအမှတ်ပြုကြကြောင်း၊ 


ဘင်္ဂလားဒေ့ရ်ှဘက်ကလည်း ယခုကဏ္ဍ၌ USAID , USTDA နှင့် အမေရိကန်နိုင်ငံခြားရေးဋ္ဌာန၏ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးဌာနခွဲ၏ အာရှဒေသ စွမ်းအင်မှတစ်ဆင့် ဖွံ့ဖြိုတိုးတက်အစီအစဉ် Asia EDGE သာမက အမေရိကန်အစိုးရတစ်ဖွဲ့လုံးကပါ ထောက်ပံ့ကူညီသည့်အတွက် ကြိုဆိုကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။ 


ထိုစဉ်အတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၀ မေလတွင် “ ပေယာ စွမ်းအင်စက်ရုံ “ အား ၅-လခန့် ရှေ့ပြေးစမ်းသပ်လည်ပတ်ခဲ့ပြီးနောက် စီးပွားဖြစ် လျှပ်စစ်ယူနစ်များ စတင်ထုတ်ယူနိုင်တော့မည်ဖြစ်ကြောင်း Dhaka Tribune (October 5th, 2020 ) က ရေးသားသည်။  


ဘင်္ဂလားဒေ့ရ်ှအစိုးရ၏ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (PBDB) နှင့် တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီလီမိတက် (BCPCL) တို့အကြား ဖက်စပ်အစီအစဉ် တစ်တိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဒေါ်လာ ၂- ဘီလျံကုန်ကျခံကာ တည် ဆောက်ခဲ့သော “ ““ ပေယာ စွမ်းအင်စက်ရုံ “ သည် လွန်ခဲ့သောသုံးလအတွင်း ဒုတိယယူနစ်အဖြစ် လျှပ်စစ် ဓါတ်အား ၆၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး စွမ်းရည်ပြည့် လည်ပတ်လျှင် ၁၃၂၀ မဂ္ဂါဝပ် ရရှိနိုင်သည်။ 


ပေယာ စွမ်းအင်စက်ရုံသည် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုလည်ပတ်သည့် ဒုတိယမြောက် စက်ရုံဖြစ်သည်။ ဒင်နဂျ်ပူတွင်တည်ရှိသည့် ဘာရာပူကူရီးယာ စွမ်းအင်စက်ရုံမှာ ပထမဆုံးဖြစ်၍ လျှပ်စစ်မဂ္ဂါဝပ် ၂၅၀ ထုတ်ယူရန် ပြည်တွင်းထွက် ကျောက်မီးသွေးကို အသုံးပြုသည်။ ဤသည်မှာ တိုးတက်လာနေသော နိုင်ငံ့စီးပွားရေးနှင့် အရံသဘာဝဓါတ်ငွေ့လျှော့နည်းလာခြင်းအတွက် ကျောက်မီးသွေးစွမ်းအင်အသုံးပြုရေး ဘင်္ဂလားဒေ့ရှ်အစိုးရ၏အားထုတ်မှု့ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဆက်လက်၍လည်း ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံ ၃၀ အထိ တည်ဆောက်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် မဂ္ဂါဝပ် ၄၀,၀၀၀ ထုတ်ယူချိန်တွင် ကျောက်မီးသွေးအပေါ် မှီခိုမှု့ ၃၅ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။ 


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်နေသော်လည်း ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် မဟာစီမံကိန်း ကြီးများကို အားသွန်ခွန်စိုက် ဆက်လက်တည်ဆောက်နေသည်။ ၎င်းတို့တွင် ရုရှားနိုင်ငံအကူအညီဖြင့် အမေ ရိကန် ဒေါ်လာ ၁၂.၆၅ ဘီလျှံ တန် “ ရွတ်ပူး“ အမည်ရှိ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည် ဆောက်ရေးလည်း ပါဝင်သည်။ ယခုအခါ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော အဆိုပါစီမံကိန်းတွင် ပြည်ပအလုပ် အင်အားကို တိုးချဲ့ ထည့်သွင်းခြင်းအားဖြင့် လာမည့် ၂၀၂၃-ခုနှစ်၌ စက်ရုံထွက် လျှပ်စစ်ဓါတ်အားကို အမျိုးသား မဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု bdnews24 ( July 12, 2020 ) ကရေးသားသည်။ 

  
(( မီဒီယာသည် ပြည်သူလူထုမှားယွင်းလျှင်လည်း မှားကြောင်း ပြောရရဲရမည်ဟု သတင်းစာဆရာကြီး လူထုဦး စိန်ဝင်းက ဆိုပါသည်။ လူထုသည်လည်း မှားယွင်းတတ်ပြီး လစ်ဗျားနှင့် ဆီးရီးယားတွင် အစိုးရသာမက ပြည်သူ လူထုကလည်း အမှားကြီးကြောင်း တွေ့ရှိရသည်။ ကိုယ်တိုင် သွေးတစ်စက် ချွေးတစ်ပေါက်မျှ မကျရပဲ လက် နက်-ငွေကြေးထောက်ပံ့ယုံဖြင့် နိုင်ငံတစ်နိုင်ငံအား ယခုထက်တိုင် မီးဟုန်းဟုန်းတောက်စေသော ပြည်တွင်းစစ် ကို ဖန်တီးမည့် ပြည်ပနိုင်ငံအများအပြားရှိနေသည်။ ထိုအတွက် မြှောက်ပေးလျှင် သွေးတက်အောင် က’သော “ ဘဝင်ရူးများ” ရှိရန်သာ လိုအပ်သည်။ 


နှစ်စဉ် ရေကြီး-ရေလျှံနှင့် မူမမှန်ရာသီဥတုကြုံတွေ့နေရသေ ကျွန်တော်များနိုင်ငံသည် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ဖန်လုံအိမ်ဓါတ်ငွေ့ အများဆုံးထုတ်လွှတ်သော အိန္ဒိယနှင့် တရုတ်အကြားတည်ရှိနေသည်။ 


ဘင်္ဂလားဒက်ရှ်တွင် ကျောက်မီးသွေးသုံး အကြီးစားဓာတ်အားပေးစက်ရုံ တစ်ခုပြီးတစ်ခု တည်ဆောက် လည်ပတ်လျှက်ရှိသည်။ ၂၀၃၁-ခုနှစ် အရောက်တွင် ၎င်းစွမ်းအင်စက်ရုံများ တစ်ပြိုင်နက်လည်ပတ်ခြင်းကြောင့် ကမ္ဘာ့လေထုအတွင်းသို့ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တန်ချိန် ၁၁၅ သန်းကို ထုတ်လွှတ်နေလိမ့်မည်ဖြစ်သည်။ 
သစ်တောများပြုန်းတီးခြင်းသည် ရေကြီးရေလျံ၊ မုတ်သုန်ဝင်ထွက်ချိန်မမှန်ခြင်းကဲ့သို့ မူမမှန်ရာသီဥတုဖြစ်စေရန် အချက်တစ်ခု အမှန်ဖြစ်ပါသည်။ သိူ့သော် ကမ္ဘ္ဘာ့ကာဗွန်အထုတ်လွှတ်ဆုံး အိန္ဒိယနှင့် တရုတ်ကြား တည်ရှိယုံမ က လောနိုင်ငံက ဆည်များတည်ဆောက်ပြီး ဘင်္ဂလားဒေ့ရှ်ကလည်း ကျောက်မီးသွေးစက်ရုံများ တည်ဆောက် နေသည်။ ရာသီဥတုတို့သည် ခြံခတ်ထားခြင်းမရှိပါ၍ မြန်မာသည် ဆည်မတည်၊ ကျောက်မီးသွေးစက်ရုံ မဆောက်ယုံမျှနှင့် သဘာဝပတ်ဝန်းကျင် ပြန် ကောင်းလာနိုင်စရာမရှိပါ။ ရေကြီး-ရေလျှံ မုတ်သုန်ဝင်ထွက်မမှန် ရပ်တန့်သွားစရာလည်း လမ်းမမြင်ပါ။ 


လျှပ်စစ်ဓါတ်အားပေးစက်ရုံများ မတည်ဆောက်နိုင်၍ ရှိပြီး မဟာဓါတ်အားလိုင်းမှ ပိုမိုရှည်လျှားသည့် ဓါတ်အား လိုင်းများ သွယ်တန်းရလျှင် လျှပ်စစ်လေလွင့်ဆုံးရှုံးမှု့ ပိုမိုများပြားလာမည်ဖြစ်သည်။ ထိုအတွက် ဆုံးရှုံးမည့် ဘဏ္ဍာငွေများကိုမူ အခွန်ထမ်းပြည်သူများက ကျခံရတော့မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

#ဘင်္ဂလားဒေ့ရှ်စီးပွားရေးဖွံ့ဖြိုးမှု_အမေရိကန်_တရုတ်_ရုရှား 

((( Dhaka Tribune., October 6th, 2020,” Bangladesh, US for joint efforts to develop inclusive blue economy. UNB.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/business/2020/10/06/bangladesh-us-for-joint-efforts-to-develop-inclusive-blue-economy 


https://www.dhakatribune.com/bangladesh/nation/2020/10/05/payra-power-plant-ready-to-operate-at-full-capacity 

https://www.dhakatribune.com/bangladesh/power-energy/2020/08/27/payra-power-plant-unit-2-begins-trial-run 


https://burma.irrawaddy.com/opinion/interview/2020/01/13/212750.html?fbclid=IwAR0m1PT_GatTzLBhDybZyKAl-GmI6ynxeuoASrHpOXS1TsGiB7asT2CaFy4 


https://www.thedailystar.net/frontpage/news/payra-coal-power-plant-takes-1853791 . 


https://www.facebook.com/oung.marine/posts/428261581436745 


https://www.facebook.com/oung.marine/posts/473055786957324 


https://bdnews24.com/economy/2020/07/12/rooppur-nuclear-power-plant-on-fast-track-despite-pandemic 


https://bdnews24.com/economy/2019/12/12/bangladesh-mulls-more-underwater-tunnels-instead-of-bridges-after-karnaphuli . 


https://www.thedailystar.net/country/pm-hasina-launches-bangabandhu-tunnel-work-under-karnaphuli-river-1706587 


https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index 


https://www.dhakatribune.com/business/2020/10/06/bangladesh-us-for-joint-efforts-to-develop-inclusive-blue-economy 


https://www.dhakatribune.com/bangladesh/nation/2020/10/05/payra-power-plant-ready-to-operate-at-full-capacity 


https://www.dhakatribune.com/bangladesh/power-energy/2020/08/27/payra-power-plant-unit-2-begins-trial-run 


https://burma.irrawaddy.com/opinion/interview/2020/01/13/212750.html?fbclid=IwAR0m1PT_GatTzLBhDybZyKAl-GmI6ynxeuoASrHpOXS1TsGiB7asT2CaFy4 


https://www.thedailystar.net/frontpage/news/payra-coal-power-plant-takes-1853791 . 


https://www.facebook.com/oung.marine/posts/428261581436745 
https://www.facebook.com/oung.marine/posts/473055786957324 


https://bdnews24.com/economy/2020/07/12/rooppur-nuclear-power-plant-on-fast-track-despite-pandemic 


https://bdnews24.com/economy/2019/12/12/bangladesh-mulls-more-underwater-tunnels-instead-of-bridges-after-karnaphuli . 


https://www.thedailystar.net/country/pm-hasina-launches-bangabandhu-tunnel-work-under-karnaphuli-river-1706587 


https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index  

1+

Leave a Reply

Your email address will not be published.