သမ္မတ၏အနီးကပ်လုံခြုံရေးများကို စစ်တပ်ကဖယ်ရှားပြီးနောက် သမ္မတအက်ဗို မော်ရာလီ ရာထူးမှ နှုတ်ထွက်မည်ဟုဆို ။ ရွေးကောက်ပွဲရလာဒ်အပေါ် ဆူပူကန့်ကွက်မှု့များဖြင့် ဘိုလစ်ဗီးယား တွင် မငြိမ်မသက်ဖြစ်

ဘိုလစ်ဗီးယားနိုင်ငံတွင် ရွေးကောက်ပွဲရလာဒ်အပေါ် ဆူပူကန့်ကွက်မှု့များဖြင့် ရက်သတ္တပတ်ပေါင်းများစွာ မငြိမ်မသက်မှု့များဖြစ်ပွားလျှက်ရှိသည်။ သမ္မတ၏အနီးကပ်လုံခြုံရေးများကို စစ်တပ်ကဖယ်ရှားပြီးနောက် သမ္မတအက်ဗို မော်ရလီက ရာထူးမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာသည်ဟု Guardian က ယနေ့ရေးသားသည်။

ရုပ်သံမှတစ်ဆင့် တွေ့မြင်ရသော သမ္မတ မော်ရလီက တိုင်းပြည်ကောင်းစားရေးအတွက် မိမိရာထူးမှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် နိုင်ငံရေးပြိုင်ဖက်တို့အား အာဏာသိမ်းရန်အား ထုတ်သည့် ဒီမိုကရေစီကို ဖျက်ဆီးနေသော နောက်ကွယ်မှ လက်မည်းကြီးဟု စွပ်စွဲလိုက်ပြီး ၎င်းအား တိုက်ခိုက်လျှက်ရှိကြောင်း ဖြည့်စွက်ပြောကြားသည်။

ဘိုလစ်ဗီးယားနိုင်ငံ၏ ပထမဆုံးဋ္ဌာနေတိုင်းရင်းသားသမ္မတဖြစ်သူ မော်ရလီက နောက်ပိုင်း ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားရာ၌ ရဲတပ်ဖွဲ့သည် တရားမဝင် ဝရမ်းဖြင့် ၎င်းအား ဖမ်းဆီးရန် ရောက်ရှိလာပြီး၊ နေအိမ်အားတိုက်ခိုက်ကြောင်း ဖော်ပြထားသည်။ မော်ရလီ၏ ရေးသားချက်မှာ မဟုတ်မမှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုသည်။

မော်ရလီနှင့်အတူ ဒုတိယသမ္မတပါနှုတ်ထွက်ခြင်းဖြစ်သည်။ လက်တင်အမေရိကတွင် ၁၄-နှစ်ကြာ အာဏာရရှိခဲ့သော လက်ဝဲခေါင်းဆောင်တစ်ဦး ပြုတ်ကျချိန်တွင် မက္ကဆီကိုနှင့် အာဂျင်တီးနားတို့၌ လက်ဝဲယိမ်းများ အာဏာပြန်လည်ရရှိနေသည်။

မော်ရလီနှင့် အစိုးရအဖွဲ့ဝင် ၂၀-ဦးကို နိုင်ငံရေးခိုလှုံခွင့်ပေးရန် လာပက်ဇ်မြို့ မိမိတို့သံရုံးအား ညွှန်ကြားထားပြီးဖြစ်သည်ဟု မက္ကဆီကို နိုင်ငံရေးဋ္ဌာနက ကြေညာသည်။ ဗင်နီဇွဲလား၊ အာဂျင်တီးနားအပါအဝင် မော်ရလီ၏ လက်ဝဲအစိုးရမဟာမိတ် လက်တင်အမေရိကနိုင်ငံအချို့က ဘိုလစ်ဗီးယားလက်ရှိဖြစ်ရပ်ကို အာဏာသိမ်းခြင်း အဖြစ် ဖော်ပြကြပြီး မော်ရလီနှင့်အတူ တစ်သားတည်းရပ်တည်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ဘရာဇီးနိုင်ငံကမူ မော်ရလီရွေးကောက်ပွဲခံရသော ရလာဒ်မှာ တရားဝင်ခြင်းမရှိကြောင်း၊ မော်ရလီအနေဖြင့် ဘိုလစ်ဗီးယားပြည်သူလူထု အုံကြွတောင်းဆိုသည့်အတိုင်း ရာထူးမှနှုတ်ခြင်းမှာ နည်းလမ်းမှန်ကန်ကြောင်းနှင့် ဒီမိုကရေစီပြန်လည်တည်ဆောက်ရန် ပြောဆို၍ အာဏာသိမ်းသည်ဟု လက်ဝဲဝါဒီတို့၏ သတင်းထုတ်ပြန်ချက်ကို ပယ်ချခဲ့သည်။

အက်ဗိုမော်ရလီအား လေးကြိမ်မြောက်တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သော လွန်ခဲ့သည့်လ ရွေးကောက်ပွဲတွင် မဲမသမာမှု့များရှိသည်ဟု စွပ်စွဲချက်များဖြင့် အောက်တိုဘာ ၂၀-ရက်နေ့မှ စတင်ကာ ကန့်ကွက်ဆန္ဒပြမှု့များ ဖြစ်ပွားခဲ့သည်။

ကန့်ကွက်သူနှင့် မော်ရလီထောက်ခံသူတို့အကြား ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားပြီး ၃-ဦးထက်မနည်းသေဆုံး၍ ၃၀၀ ကျော် ဒါဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များကလည်း ကန့်ကွက်သူများနှင့် ပူးပေါင်းသွားခဲ့သည်။

ဘိုလစ်ဗီးယားအခြေခံဥပဒေအရ သမ္မတနှင့် ဒုတိယသမ္မတို့ မရှိလျှင် ဆီးနိတ်ဥက္ကဋ္ဌက သမ္မတတာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ သို့သော် ဆီးနိတ်ဥက္ကဋ္ဌကိုယ်တိုင်လည်း ယမန်နေ့ကတည်းက ရာထူးမှ နှုတ်ထွက်သွားသည်။

ဘိုလစ်ဗီးယားတပ်မတော်က သမ္မတရာထူးအတွက် ယှဉ်ပြိုင်အရွေးခံလိုသူများအမည်စာရင်းတင်သွင်းကြရန် ဆော်သြထားစဉ် ဖွဲ့စည်းပုံအရ လွှတ်တော်အမတ်များအစည်းအဝေးဖြင့် ကြားဖြတ်ကော်မရှင်ဖွဲ့စည်းရန် သို့မဟုတ် ယာယီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း၍ နိုင်ငံတော်အား ထိန်းကျောင်းရမည်ဖြစ်သည်။

((( Guardian., Mon 11 Nov 2019 , “Bolivian president Evo Morales resigns after election result dispute.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။ )))

#ဘိုလစ်ဗီးယား #သမ္မတအက်ဗိုမော်ရလီ #ဘိုလစ်ဗီးယားရွေးကောက်ပွဲမဲသမာမှု့

https://www.theguardian.com/world/2019/nov/10/bolivian-president-evo-morales-resigns-after-election-result-dispute

https://www.bbc.com/news/world-latin-america-50360413

https://www.dw.com/en/bolivia-protests-student-dies-after-violent-clashes/a-51145274

https://www.scmp.com/news/world/americas/article/3033992/riots-break-out-bolivia-mysterious-vote-count-puts-president

https://www.telegraph.co.uk/news/2019/11/09/evo-morales-warns-coup-police-across-bolivia-mutiny-join-protests/

0

Leave a Reply

Your email address will not be published.