သမ္မတ ပူတင် သွားရောက်ကြည့်ရှု့ခဲ့သော ကိုဗစ်-နိုင်တင်းကုသဆေးရုံ အကြီးအကဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း သတင်းထွက်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကိုဗစ်-နိုင်တင်းရောဂါ လူနာများအား ပြုစုကုသပေးလျှက်ရှိသည့် ဆေးရုံမှ ဆရာဝန် များ အကြီးအကဲဖြစ်သူ ဒင်းနစ် ပရိုရှင်ကိုတွင် SARS-CoV-2 ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း ဒေသန္တရ မီဒီယာများက ရေးသားလျှက်ရှိရာ အဆိုပါဆေးရုံမှာ မကြာသေးမီက သမ္မတ ဗလားဒီမာပူတင် သွားရောက် ကြည့်ရှု့ခဲ့သည့် ဆေးရုံဖြစ်နေသည်ဟု Russia Today က ယနေ့ရေးသားသည်။

ပရိုရှင်ကိုသည် ရုရှားနိုင်ငံ၏ ကိုဗစ်-နိုင်တင်းဗိုင်းရပ်စွဲ ကူးစက်ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရာတွင် ထင်ရှားသော ထိပ်တန်းဆေးပညာရှင်တစ်ဦးဖြစ်ပြီး၊ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ပျံံ့နှံ့မှုနှင့် ကုသရေးအခြေအနေများကို နေ့စဉ် လူမှုကွန်ယက်၌ လွှင့်တင်ပေးနေသူဖြစ်သည်။

သမ္မတဗလာဒီမာပူတင်သည်  ၎င်းဆေးရုံ၌ လှည့်ပတ်ကြည့်ရှုခြင်းမတိုင်မီ ဆေးရုံအမှုထမ်းများအား နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပြီး နှင့် လက်ဆွဲနှုတ်ဆက်နေပုံကို မတ်လ-၂၄ ရက်နေ့ နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြခဲ့ ကြသည်။ သတင်းများတွင် အသက် ၆၇-နှစ်အရွယ် သမ္မတကြီးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိသော်လည်း ဒင်းနစ် ပရိုရှင်ကိုမှာမူ လန်းဆန်းစွာ ရှိနေသည်ဟု ကုသပေးလျှက်ရှိသည့် ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

((( Russia Today., Mra 31, 2020, “Russia’s head of coronavirus hospital visited by Putin tests positive for Covid-19 – reports.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ရုရှားသမ္မတပူတင်   #မော်စကိုVovid-19ကုသမှုဆေးရုံအကြီးအကဲဗိုင်းရပ်စ်ပိုးစွဲကပ် 

https://www.rt.com/russia/484583-russias-head-of-coronavirus-hospital/

https://www.rt.com/russia/483958-putin-hazmat-suit-hospital-coronavirus/

0

Leave a Reply

Your email address will not be published.