သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိကဆေးဝါး၊ REGN-COV2 ကို သန္ဓေသားတစ်သျှူးများမှ ထုတ်ယူသည့် ဆဲလ်များဖြင့် ဖန်တီးခဲ့ဟုဆို။

အမေရိကန်သမ္မတ ဒေါနယ်ထရမ့်သည် လွန်ခဲ့သည့် အောက်တိုဘာ ၂-ရက်တွင် Covid-19 ရောဂါဖြစ်ပွားစေသည့်SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်ဟု တရားဝင်သတင်းသိရှိရသည်။

အောက်တိုဘာ ၃-ရက်နေ့တွင် ဝေါ်လ်တာရိဒ် အမေရိကန် တပ်မတော်ဆေးရုံသို့ ကုသမှု့ ပြောင်းရွှေခံယူပြီး အောက်တိုဘာ ၈-ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်သမ္မတသည် အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

သမ္မတဒေါ်နယ်ထရမ့်ကို ကုသမှုပေးရာတွင် သန္ဓေသားတစ်သျှူးများမှ ထုတ်ယူသည့် ဆဲလ်များဖြင့် ဖန်တီးထားသောဆေးဝါးတစ်မျိုးမှာ အဓိကဖြစ်ကြောင်း ( DW Oct 09 2020 ) က ရေးသားပါသည်။ အဆိုပါဆေးဝါးကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီဖြစ်သော Regeneron ရီဂျင်နာရွန်ဆေးဝါးလုပ်ငန်းက တီထွင်ပြီး Antibody cocktail REGN-COV2 ဟု ခေါ်ကြောင်း သိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်၍ ှဖျားနာလျှက်ရှိသော အမေရိကန်သမ္မတအား ခေတ်ရှေ့ပြေး ပဋိပစ္စည်းဆေးဝါးဖြစ်သည့် REGN-COV2 ဖြင့် ကုသပေးခဲ့ရာ အံ့သြစရာကောင်းလောက်အောင်ပင် ရက်ပိုင်းအတွင်း ဆေးရုံမှ ဆင်းနိုင်သည်အထိ လျှင်မြန်စွာ ကျန်းမာလာသည်။

ဆေးရုံမှဆင်းလာသော ဒေါ်နယ်ထရမ့်သည် ၎င်းအား ရီဂျင်နာရွန်မှ ဆေးဝါးဖြင့် ကုသပေးကြောင်းပြောဆိုသည်ဟု Financial Times ( Oct 08,2020 ) ဆိုပါသည်။ စောစောပိုင်းတွင် ရီဂျင်နာရွန်နှင့် အခြား ကုမ္ပဏီတစ်ခုတို့မှ ထုတ်လုပ်သော ဆေးဝါးများဖြင့် ကုသပေးပြီး နောက်ပိုင်းတွင် ရောဂါနှောင်းပိုင်း အဆင့်များကို ရည်ရွယ်လျှက် ဒက်ဆာမီသာဇုန်းစတီးရွိုက်နှင့် ရမ်ဒီစီဗီယာဆေးတို့ဖြင့် ကုသပေးခဲ့သည်။

Remdesivir ရမ်ဒီစီဗီရာ ( ရမ်ဒက်စီဗာရာ ) အမည်ရှိ ( Antiviral ) ဗိုင်းရပ်စ်ဆန့်ကျင်ဆေးမှာ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီဖြစ်သော Gilead Sciences “ ဂီးလိယက် “ သိပ္ပံက တီထွင်ပါသည်။ ဈေးကွက်အမည်မှာ Veklury ဖြစ်ပြီး ယခင် အီဘိုလာ ရောဂါ ကုသရာ၌ အသုံးပြုခဲ့ဖူးသည်။ MARS အပါအဝင် ယခု SARS ဆားစ်ရောဂါဖြစ်စေသော Covid-19 အတွက် ( Dexamethasone ဒက်ဆာမီသာဆုန်း ) Chloroquine ကရိုလိုကွင်းနှင့် တွဲဖက်အသုံးပြုသည်။

၂၀၂၀ မေလ ၁၂ ရက်တွင် ဂီလိယက်သည် နိုင်ငံပေါင်း ၁၂၇ နိုင်ငံသို့ ဖြန့်ဖြူးရန် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများအား တစ်ဆင့်ခံ ထုတ်လုပ်ခွင့် လိုင်စင် ချပေးခဲ့သည်။ ထုတ်လုပ်ခွင့် လိုင်စင်ရရှိသူများအနေဖြင့် Covid-19 ရောဂါ “ အရေးပေါ်အခြေအနေ “ ပြီးဆုံးပြီဖြစ်ကြောင်း WHO က ကြေညာခြင်းမတိုင်မီအထိ သို့မဟုတ် Covid-19 အတွက် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးတစ်မျိုးဖြစ်ကြောင်း သတ်မှတ်ချိန်အထိ ဂီးလိယက်သို့ ငွေကြေးထပ်မံပေးရန် မလိုပဲ ၎င်းတို့ကိုယ်ပိုင်ဈေးနှုန်းသတ်မှတ်နိုင်သည်။

ဇွန် -၂၃ ၂၀၂၀ တွင် အိန္ဒိယဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးများဖြစ်သော Cipla နှင့် Hetero Drugs တို့ သည် ဂီလိယက်ထံမှ အရေးပေါ်ဈေးကွက်ရှာဖွေခွင့် လိုင်စင်ရရှိသည်။

အကြောဆေး ( iv, injection into a vein ) ဖြစ်ပြီး Covid-19 အတွက် တမင်ရည်ရွယ်ထုတ်လုပ်ထားခြင်းတော့ မဟုတ်ချေ။

Remdesivir သည် Covid- 19 ရောဂါအား ယူပစ်သလို ပျောက်ကင်းနိုင်သည်ဟုလည်း မဆိုနိုင်ပါ။ ထိုသို့ အစွမ်းထက်နေလျှင် Gilead ဆေးကုမ္ပဏီတည်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းခံရသူ ၈-သန်း နီးပါးရှိနေသော အမေရိကန်နိုင်ငံသည် လူ ၂-သိန်းကျော် သေဆုံးလျှက် ကမ္ဘာ နံပါတ် ၁ ဖြစ်နေစရာ အကြောင်းမရှိပါ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.dw.com/en/donald-trump-coronavirus-drug-fetal-tissue/a-55223016

https://investor.regeneron.com/news-releases/news-release-details/regenerons-regn-cov2-antibody-cocktail-reduced-viral-levels-and

https://www.nejm.org/doi/full/10.1056/NEJMoa2007764

https://www.ft.com/content/a792326c-40e7-460d-ac38-8a9b03286ea0

https://www.dw.com/en/what-is-the-experimental-drug-that-trump-is-being-treated-with/a-55141918

https://health.economictimes.indiatimes.com/news/pharma/cipla-to-price-remdesivir-version-for-covid-19-under-5000-rupees/76531644#:~:text=Remdesivir%2C%20intravenously%20administered%20in%20hospitals,improvement%20in%20COVID%2D19%20trials.&text=BENGALURU%3A%20Indian%20drugmaker%20Cipla%20Ltd,66)%2C%20the%20company%20said.

0

Leave a Reply

Your email address will not be published.