သူများကို အားကျသည်ဆိုပါလျှင်

ယခုအခါ အမေရိကန်၊ ဥရောပ၊ အိန္ဒိယအပါအဝင် နိုင်ငံအချို့၌ Covid-19 ကူးစက်ခံရသူ အရေအတွက် နေ့စဉ်ကျဆင်းစပြုလာသည်ကို သတိထားမိပါသည်။ ဥရောပနိုင်ငံအချို့တွင်လည်း ၂၄-နာရီအတွင်း သေဆုံးဦးရေ ကျဆင်းလာသည့်အတွက် Lockdown တားဆီးပိတ်ဆို့ထားခြင်းး အချို့ကို ပယ်ဖျက်ရန် ပြင်ဆင်လျှက်ရှိသည်။ ကျွန်တော်တစ်ဦးတည်းအနေဖြင့် ရှင်းလင်းစွာနားလည်မိသည်မှာ ထိုဖြစ်စဉ်မှာ ဗိုင်းရပ်စ်ပိုးက သူ့ဖာသာ ဦးကျိုးသွားခြင်းမဟုတ်၊ တစ်ဦးတစ်ယောက်၏ ဘုန်းတန်ခိုးဖြင့် ကျဆင်းသွားခြင်းလည်း မမှန်ပါ။ သက်ဆိုင်ရာနိုင်ငံ၏ ကူးစက်ရောဂါ ကာကွယ်-ထိန်းချုပ်-ကုသရေးတို့က အသာစီးရသွားခြင်းသာဖြစ်သည်။ Lockdown, Stay at home, Movement Restriction တားဆီးပိတ်ဆို့၊ နေအိမ်အပြင်မထွက်ရ၊ အသွားအလာ ကန့်သတ်ခြင်းဆိုသည် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်- ပျံ့နှံ့လျှက်ရှိသည့်နေရာတို့ကို တိတိကျကျ မသိမချင်း ဘာအဓိပ္ပါယ်မှ မရှိပါ။ အမြန်ဆုံးနည်းလမ်းဖြင့် အရေအတွက် များများ- မြန်မြန် ထိရောက်စွာ မစစ်နိုင်သရွေ့ ရောဂါပိုးသယ်ဆောင်-ဖြန့်ဖြူးသူတို့အား အချိန်ပိုပေး ကစားခိုင်းသလိုသာဖြစ်နေပါလိမ့်မည်။ ယခုဗိုင်းရပ်စ်ပိုးသည် သာမန် မိုက္ကရိုစကုပ်နှင့် မမြင်ရနိုင်သော်လည်း လူအများအပြားတို့အား အစုအပုံလိုက် အသေသတ်ခဲ့သည်ကိုတော့ ကျွန်တော် အမှတ်ရနေပါသည်။ အစဉ်လေးစားစွာဖြင့် #HtayOung, #OungMarine https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.