သူများ သားသမီးတွေ ဘာလုပ်နေသလဲ လေ့လာပါ။

လက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်ပြဿနာမှာ အရေးကြီးတာဟာ 2019 n-CoV ပြန့်ပွားမှု့ကို ရပ်တန့်ပစ်ဖို့ပါ။ အဲဒီနောက် ကုသဖို့ ထပ်ချပ်လိုက်ပါတယ်။

လေထဲက လာပြီး၊ အချိန်တိုအတွင်း လူ-လူချင်း ကူးစက်နိုင်တဲ့အတွက် တစ်ခြားနိုင်ငံတွေ လုပ်နေကြတာက

– စီမံခန့်ခွဲပုံ တစ်နေရာနဲ့ တစ်နေရာ မကွဲပြားစေရပါ။ တစ်ပြေးညီဖြစ်အောင် Center of Epicenter ကို ဗဟိုချုပ်ကိုင် အမိန့်တွေ ထုတ်ပါတယ်။

– ရောဂါမပြန့်ပွားရအောင် နယ်မြေတွေ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ ဝင်ထွက် ကန့်သတ်-တားဆီးပါတယ်

– (က) ၂ ပါတ်အတွင်း တရုတ်က ပြန်လာသူ (ခ) ကူးစက်သူနှင့် အတူနေခဲ့သူ (ဂ) ချောင်းဆိုး။ ကိုယ်ပူ ဖျားနာ။ လည်ချောင်းနာသူများကိုတိကျတဲ့ ဓါတ်ခွဲခန်းအဖြေ မရသေးမီ ၂-ပတ်ကြာ Quarantine ရောဂါခြေချုပ်ချကို ချကြပါတယ်။

– ဒီအတောအတွင်း သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ၊ တစ်ဦးချင်း ခွဲခြား၊ အချိန်ပြည့် စောင့်ကြည့်ပါတယ်၊ လိုတဲ့ ဆေးအကူအညီ ပေးပါတယ်၊ ဗိုင်းရပ်စ်သေချာခြင်း ရှိ-မရှိ စစ်ရပါတယ်။ သွေး-သလိပ် ကိုယ့်တိုင်းပြည်မှာ မစစ်နိုင်လျှင် ပြည်ပပို့ပါတယ်။

– ရောဂါသိမှ Intensive Care Cases, Isolation cases ဖြစ်သွားပါတယ်။ ကွဲကွဲပြားပြားသိပြီမို့ ဒီဂရီလျှော့ချ- ပြောင်းလဲလိုက်တဲ့ သဘောပါ။

– ဗိုင်းရပ်စ်သေချာလား ဓါတ်ခွဲခန်း နမူနာများ ကိုယ့်တိုင်းပြည်မှာ မစစ်နိုင်သေးလျှင် ပြည်ပပို့၊ တိကျတဲ့ အဖြေမရသေးမီ ကြားကာလဟာ Quarantine သာလျှင် ဖြစ်ပါတယ်။

– Suspected ဗိုင်းရပ်စ်သံသယရှိသူကို Intensive Care , Isolated cases ကို တန်းပို့နေမိလျှင် အဲဒီနေရာဟာ ရောဂါစုဝေးဖြန့်တဲ့နေရာ ဖြစ်မသွားရအောင် ဆောင်ရွက်ပါတယ်။

တကယ်တော့ Quarantine ၂-ပတ်ချရတာမျိုး ခုလို Outbreak ကာလမှလွဲလျှင် ဘယ်သူမှ- ဘာမှ လျှာရှည်ပြီး လုပ်လေ့မရှိပါ။ အားလုံးတစ်ပြေးညီ ညှိပစ်ရာရောက်လို့ ခုလို အရေးတကြီး လိုအပ်မှသာ လုပ်ကြခြင်းပါ။

လုပ်ပြီဆိုလဲ Quarantine ခံရမည့်ကို ကူညီပူးပေါင်းဖို့ ဆောင်ရွက်ပါတယ်။ မလိုက်နာလျှင် လုံခြုံရေးအင်အားသုံးပါတယ်။

Quarantine ဟာ Intensive Care မဟုတ်၊ Isolation မဟုတ်ပါ၊ ဥပဒေပြဋ္ဌာန်းချက်ဘောင်အတွင်း အများကြီး ရောက်ပါတယ်။ အချိန်တိုအတွင်း လူအများကြီးအတွက် မမျှော်လင့်နိုင်တဲ့ ပျက်စီး/ထိခိုက်မှု့ မဖြစ်ရအောင် ဥပဒေ ဘောင်အကူအညီနဲ့ ပိုမို တင်းကြပ်ပေးတဲ့သဘောပါ။

Outbreak Alert ဖြစ်တဲ့အခါ တိကျတဲ့ အဖြေမရသေးမီ တားဆီးဖို့ အရမ်းခက်ပါတယ်။ဆင်းရဲပြီး မဖွံံဖြိုး တဲ့နိုင်ငံတွေမှာ Quarantine ဟာ အတော်အားကိုးရပါတယ်။ စရိတ်အကုန်အကျနည်းနည်း ပညာရှင် နည်းနည်းနဲ့ လုပ်နိုင်တာကြောင့်ပါ။ သို့သော် တစ်ဖက်မှာ လူကိုလူချင်း ဥပဒေဘောင်အတွင်း အတင်းအကြပ် ချုပ်နှောင်ထားရာမရောက်ဖို့ အထူးသတိပြုရမှာပါ။

အစဉ်လေးစားစွာဖြင့်

#HtayOung#OungMarine

ကိုးကား။ မြန်မာနိုင်ငံ ပြစ်မှု့ဆိုင်ရာဥပဒေ၊ အခန်း -၁၄၊ ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာစောင့်စည်းမှုနှင့် ကိုယ်ကျင့်တရားရှိမှုကို ထိခိုက်စေသော ပြစ်မှုများ

0

Leave a Reply

Your email address will not be published.