သှေးထှကသြံယိုဖှိုခှငြးမှုမွားအပှီး ဒေါအြောငဆြနြးစုကှညအြား နောကထြပစြှဲခကွြ ၂-ခုဖှငြ့ တရားရုံးတှငြ စှဲဆို။ ၂၀၂၀ ပှညြ့နှဈ ရှေးကောကပြှဲရလဒအြား တပမြတောခြနြ့အပသြညြ့ရှေးကောကြ ဖကွသြိမြး။ စှဲခကွြ ၄-ခု ထောငဒြဏြ ၉-နှဈကခွံရနိုငြ


သွေးထွက်သံယို နှိမ်နင်းမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဗိုလ်ချုပ်များက တရားစွဲဆိုလိုက်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက ပေါ့ပေါတန်တန်သဘောထားလျှက်ရှိသည် ဟု AFP က ယမန်နေ့ဖော်ပြသည်။

 ..
လွန်ခဲ့သည့်လ အာဏာသိမ်းစဉ်ကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျှက်ရှိသော ဖယ်ရှားခံ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးရန်ရှိနေသည်။ တနင်္ဂနွေနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အားမလျှော့တမ်း ဆန္ဒပြလျှက်ရှိသော လက်နက်မဲ့ကန့်ကွက်သူများကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် မြို့ကြီး ၄-မြို့၌ ၁၈-ဦးထက်မနည်း သေဆုံးကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။

..  
စီးပွားရေးမြို့တော် ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြသည့်အုပ်စု၌ ပါဝင်သူတစ်ဦးသည် အမှိုက်ပုံးနှင့် လက်ဖြစ်အကာအကွယ်များနောက်၌ ပုန်းခိုနေစဉ် သေနတ်ထိမှန်ပြီး အခြားသူများက ဆွဲထုတ်သွားရပုံကို AFP ၏ ရုပ်သံ သတင်း၌ တွေ့မြင်ရသည်။

..    
မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ တိုးမြင့်လာသည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူတို့အပေါ် အင်အားသုံးမှုအား တပ်မတော်အစိုးရက အမြန်ဆုံးရပ်တန့် တောင်းဆိုကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်သည်။ တနင်္ဂနွေနေ့ အကြမ်းဖက်မှု၌ သေဆုံးသူ ၈-ဦး ရှိကြောင်း AFP က လွတ်လပ်စွာ သတင်းအတည်ပြုသော်လည်း သေဆုံးသူအရေအတွက် ပိုမိုနိုင်သည်ကို စိုးရိမ်ဖွယ်ရှိသည်ဟု ဖော်ပြသည်။

..  
ယုံကြည်စိတ်ချရသောစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ကမူ ဖေဖော်ဝါရီ ၁ ရက်ကအာဏာသိမ်းချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့များ လက်ချက်ဖြင့် လူ- ၃၀ ခန့်သေဆုံးခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနေ့အရုဏ်မတိုင်မီ ထိန်းသိမ်းခံခဲ့ရပြီး ထိုအချိန်မှစ၍ လူမြင်ကွင်းမှ ပျောက်ကွယ်လျှက်ရှိခဲ့သည်။

..

အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ်များအား အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း မြန်မာ့တပ်မတော်က ၎င်း၏အင်အားအသုံးပြုမှုကို ပိုမိုမြှင့်တင်ခြင်းဖြင့် ပြည်တွင်းပြည်ပဖိအားပေး ှုများကို တုန့်ပြန်ခဲ့သည်။

..  
လူထုအုံကြွမှုကို ထိန်းသိမ်းရန်ကြိုးစားသည့်အနေဖြင့် မြန်မာ့တပ်မတော်က မျက်ရည်ယိုဗုံး၊ ရေအမြောက်များဖြင့်စတင်ဖြိုခွင်းခဲ့ပြီး တပ်ဖွဲ့ဝင်ပုံစံကို တဖြည်းဖြည်း တိုးမြှင့်လာချိန်တွင် တနင်္ဂနွေနေ့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် အကြီးမားဆုံး အရှိန်တိုးမြင့်မှု့ဖြစ်သည်။

..  
လက်နက်မဲ့ဆန္ဒပြသူများသည် ကျည်အစစ်များ၊ ရာဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးတို့ကို ရင်ဆိုင်ခဲ့ရသည်။ တောင်ပိုင်းကမ်းရိုးတန်း အချက်အချာမြို့တော် ထားဝယ်၌ လူသူစုဝေးမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုင်တွယ်ရာတွင် ၃ ဦး သေဆုံး၍ အနည်းဆုံး ၂၀ ဒဏ်ရာရခဲ့သည်။

..  
တနင်္ဂနွေနေ့၌ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး အများအပြားကို ရန်ကုန်ရှိအင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။အဆိုပါအကျဉ်းထောင်သည် ယခင်အာဏာရှင်များလက်အောက်တွင် ဒီမိုကရေစီခေါင်းဆောင်များအား နှစ်ရှည်ချုပ်နှောင်ထားသည့်နေရာဖြစ်သည်။

..  
နိုင်ငံ့အသည်းနှလုံး ဧရာဝတီမြစ် မြို့တော် မြစ်ကြီးနားတွင် သတင်းရယူလျှက်ရှိသော မီဒီယာသမားတစ်ဦးမှာ ရိုက်နှက်၍ ဖမ်းဆီးခြင်းခံရပြီး အခြားသတင်းထောက်တစ်ဦးမှာ ရာဘာကျည်ဆန်ဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသန္တရ 74 Media က ဖော်ပြသည်။

..  
စနေနေ့တွင် လုံခြုံရေးတပ်ဖွဲ့များက သတင်းယူလျှက်ရှိသော သတင်းထောက်အများအပြားကို တိုက်ခိုက်ဖမ်းဆီးဲခဲ့ရာ ရန်ကုန်တွင် Associated Press သတင်းအေဂျင်စီမှ သတင်းဓာတ်ပုံသမား တစ်ဦးလည်း အပါအဝင် ဖြစ်ခဲ့သည်။

..  
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်စောစောစီးနင်းမှုတွင် အစိုးရထိပ်တန်းခေါင်းဆောင်များနှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇဗ္ဗူသီရိမြို့နယ် မြေပုံသာလမ်း၌ နေအိမ်အကျယ်ချုပ်အဖြစ်နေခဲ့ရသည်။ လွန်ခဲ့သော ၆-ရက်တွင် ၎င်းနေအိမ်မှ အမည်ဖော်ပြခြင်းမရှိသည့်နေရာသို့ တပ်မတော်က ရွှေ့ပြောင်းလိုက်ကြောင်း၊ မည်သည့်နေရာဖြစ်သည်ကို မသိရသေးကြောင်း NLD ပါတီ သတင်းရင်းမြစ်များက ပြောဆိုသည်။ ဒေါ်စု၏ အိမ်နီးချင်းဖြစ်သူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်မှာလည်း အာဏာသိမ်းချိန် မှစ၍ အမည်ထုတ်ဖော်ခြင်းမရှိသေးသော နေရာတွင်ထိန်းသိမ်းထားခဲ့သည်။

..

NLD ပါတီ အာဏာရရှိခဲ့သည့် ၂၀၁၆-ခုနှစ်မှ စတင်ကာ နိုင်ငံတော်၏ တိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအားဖမ်းဆီးခြင်းမတိုင်မီ မြေပုံသာ လမ်းအိမ်၌ နေထိုင်ခဲ့သည်။

..  
ဝေါ့ကီတော်ကီများ တရားမဝင် တင်သွင်းမှုနှင့် NLD မှအပြတ်အသတ်အနိုင်ရခဲ့သော ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် လူအများအပြားနှင့် တွေ့ဆုံခြင်းဖြင့် Covid-19 စည်းမျဉ်းများကိုဖောက်ဖျက်သည်ဟု တပ်မတော်အစိုးရက ထပ်မံဒေါ်စုအား တရားစွဲဆိုထားသည်။

..  
နေပြည်တော်နှင့် #လရောင်တော_ဥယျာဉ်စိုက်ပျိုးရေး သင်တန်း အကယ်ဒမီကိုလည်း အာဏာပိုင်များက ဝင်ရောက်ရှာဖွေသည်။ အဆိုပါ အကယ်ဒမီမှာ ဒေါ်စုတည်ထောင်သည့် ပရဟိတလုပ်ငန်းတစ်ခုဖြစ်သော ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း၏ ပရော့ဂျက်တစ်ခုဖြစ်သည်။ ၎င်းအကယ်ဒမီတွင် ပြတိုက်ဖွင့်လှစ်ရန် စီစဉ်ထားပြီး လွန်ခဲ့သည့် နှစ် ၃၀ က ဒေါ်စုရရှိခဲ့သည့် ဆုတံဆိပ်များ၊ စုဆောင်းထားသည့် ကိုယ်ပိုင်အသုံးအဆောင်များအား ပြသရန် စီစဉ်ထားသည်။တပ်မတော်အစိုးရက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စုံစမ်းစစ်ဆေးနေပြီး ဖောင်ဒေးရှင်း၏ အကြီးတန်းအရာရှိ ၂ -ဦး ကို ဖမ်းဆီးထားသည်။

..

ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တရားရုံးတွင်အမှုကြားနာခဲ့သော်လည်း ရှေ့နေဦးခင်မောင်ဇော်အား ဒေါ်စု၏ ကိုယ်စားလှယ်ပါဝါ တင်ခွင့် မပြုခဲ့ပါ။ ဒေါ်စုနှင့် တွေဆုံခွင့်ကိုလည်း ပိတ်ပင်ထားသည်။

..  
သောကြာနေ့တွင် စစ်ဘက်က ခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်ရှိနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးစဉ် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို တရားဝင် ပယ်ဖျက်လိုက်သည်။

..  
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသောခေါင်းဆောင်များဖြစ်သည့် သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အား ဖမ်းဆီးခြင်းကို တရားဝင်အသိအမှတ်ပြုရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် တပ်မတော်အစိုးရက တနင်္လာနေ့တွင် နောက်ထပ်စွဲချက်တင်ခဲ့သည်။

..  
ဝေါ်ကီတော်ကီများအား တရားမဝင်ပိုင်ဆိုင်ထားခြင်းကြောင့် ပို့ကုန်နှင့်သွင်းကုန်ဥပဒေအရတရားစွဲခြင်း ခံထားရသော ဒေါ်စုသည် ဖေဖော်ဝါရီလ ၁၆ -ရက်နေ့တွင် ဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ နောက်ထပ်စွဲ ချက်တင်ခံခဲ့ရသည်။

..  
တနင်္လာနေ့တွင် တပ်မတော်အစိုးရက ဒေါ်စုနှင့်အတူ ဦး ဝင်းမြင့်နှင့် နေပြည်တော် မြို့တော်ဝန်ဒေါက်တာ မျိုးအောင်တို့လည်း ၂-နှစ်အထိ ထောင်ဒဏ်ထိုက်သော ( ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်သည့် ပြစ်မှုကို ကျူး လွန်ချင်လာအောင် အများပြည်သူ/သီးခြားလူစုကို ကြောက်/ထိတ်လန့်ဖြစ်စေခြင်း ) ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲဆိုလိုက်သည်။

..   
ယခုအခါ ဒေါ်အောင်ဆန်စုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၉-နှစ် ကျခံရနိုင်သော စွဲချက် ၄-ခု ဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ပြည်တွင်း အင်္ဂလိပ်ဘာသာမီဒီယာများက ဖော်ပြသည်။
..
#ဒေါ်အောင်ဆန်းစုကြည်အား_ထောင်ဒဏ်၉-နှစ်ထိုက်သောစွဲချက်၄-ခုဖြင့်ရုံးထုတ်
..
https://www.deccanherald.com/international/world-news-politics/myanmars-aung-san-suu-kyi-to-face-court-after-deadly-crackdown-956647.html
https://secure.telegraph.co.uk/customer/secure/checkout/?productId=nyytq4zthbvwsoliojugwyzzmyzha3dt&offerId=free1-3×1-website-monthly-ZG340&campaignId=018A&ICID=int_overlay_AEM_hard_subscribecta_anon&redirectTo=https%3A%2F%2Fwww.telegraph.co.uk%2Fnews%2F2021%2F03%2F01%2Faung-san-suu-kyi-hit-fresh-charges-myanmars-bloodiest-day%2F
https://www.myanmar-now.org/en/news/nld-sources-aung-san-suu-kyi-taken-from-her-naypyitaw-home-to-undisclosed-location
https://www.irrawaddy.com/news/burma/myanmar-military-sues-suu-kyi-president-charges.html
https://sg.news.yahoo.com/myanmars-suu-kyi-face-court-031240845.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAAKyayIVfquH0tnGPxkqgCgSINZHAnZSsOwnoh-9eZiXu5jF93AO8Omr4rkFdZOiK-1E0U1yEnqBTUUo8TB_CDmW-Q0etT7B9fiJsCL3CQYI5mMKIQtQwqiS0COASiCJQvZ2dxfC0TmPNcXdBgASJnwkMpQGnoUIqRceME2NX9Ske
https://www.thenews.com.pk/latest/797534-ousted-myanmar-leader-suu-kyi-hit-with-two-new-criminal-charges ..

Leave a Reply

Your email address will not be published.