ဟိုက်ဒရာဘတ် အုပ်စုဖွဲ့ မုဒိန်းကျင့်-လူသတ်မှု့ စွပ်စွဲခံရသူ ၄-ဦးတို့ ထွက်ပြေးရန် ကြိုးစားစဉ် ရဲများက အသေပစ်သတ်ဖမ်းဆီး။ ဆရာဝန်မိန်းမပျို မုဒိန်းကျင့်-အသတ်ခံရမှု အိန္ဒိယတစ်နိုင်ငံလုံး နှင့် ကမ္ဘာသို့ ဂယက်ရိုက်ခတ်

တိရိစ္ဆာန်ဆေးကု ဆရာဝန်မိန်းမပျိုအား မုဒိန်းကျင့် မီးရှို့အသတ်ခံရမှုတွင် စွပ်စွဲခံရသူ ၄-ဦးတို့မှာ အဆိုပါ ဆရာဝန်မလေးရုပ်အလောင်းတွေ့ရှိရာ ဟိုက်ဒရာဘတ် အဝေးပြေးလမ်းမတစ်နေရာ၌ပင် ရဲများက အသေပစ်သတ်လိုက်ကြောင်း India Today က ယနေ့ရေးသားသည်။

အမှု့တည်ဆောက်ရန်အတွက် ဖြစ်ပွားပုံအသေးစိတ်ကို လိုက်လံပြသ ထွက်ချက်ပေးရန် ရဲတပ်ဖွဲ့က ခေါ်ဆောင်လာသည့် စွပ်စွဲခံရသူ ၄-ဦးတို့သည် ဒေသစံတော်ချိန် ယနေ့နံနက် ၀၃ – နာရီခန့် လမ်းခုလတ်တွင် အပေါ့သွားရန် ခွင့်ပြုခိုက် ထွက်ပြေးခဲ့ကြသည်ဆို၏။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ၌ ဟိုက်ဒရာဘတ် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် NH-44 အရောက်တွင် ပစ်ခတ်ဖမ်းဆီးရန် မလွှဲမရှောင်သာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

၄-ဦးစလုံး အသေဖမ်းဆီးခြင်းခံရသည့်နေရာမှာ လွန်ခဲ့သည့်ရက် ဆရာဝန်မလေးအား ၎င်းတို့ သတ်ဖြတ်သည်ဟု ပြောဆိုသည့်နေရာနှင့် မနီးမဝေး၌ ဖြစ်ကြောင်း ဟိုက်ဒရာဘတ်ရဲတပ်ဖွဲ့က အတည်ပြုသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၂၈-ရက်နေ့ အိန္ဒိယနိုင်ငံ တယ်လန်နာဂါပြည်နယ် ဟိုက်ဒရာဘတ်-ဘန်ဂလို အမျိုးသားအဝေးပြေးလမ်းမကြီး၌ ဟိုက်ဒရာဘတ်မှ ၃၇-မိုင်အကွာ တံတားအောက်တွင် မီးလောင်ကြွမ်းထားသော မိန်းမပျိုတစ်ဦး၏ ရုပ်အလောင်း ကို ဒေသခံများက စတင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အသက် ၂၆-နှစ်အရွယ် မိန်းမပျိုလေးမှာ တိရစ္ဆာန်ဆေးကု ဆရာဝန်မလေး ပရီယန်ကာရက်ဒီ ဆိုသူဖြစ်သည်ဆို၏။

နိုဝင်ဘာ ၂၇-ရက်နေ့တွင် တယ်လန်နာဂါအရေပြားဆေးရုံမှ စကူတာမော်တော်ဆိုင်ကယ်ဖြင့် အိမ်ပြန်လာသော ပရီယန်ကာကို ၎င်းတို့ ၄-ဦးက ဆိုင်ကယ်နောက်ဘီး ပေါက်စေရန် ပြုလုပ်ခဲ့ကြကြောင်း၊ ထိုနောက် အကူအညီပေးမယောင်ချဉ်းကပ်လာပြီး ပရီယန်ကာအား အတင်းအဓမ္မဆွဲခေါ်ကာ အခင်းဖြစ်ပွားရာနေရာ၌ အုပ်စုဖွဲ့ မုဒိန်းပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့ကြကြောင်း၊ ပရီယန်ကာမှာ လည်ပင်းညှစ်ခံရ၍ လေမွန်းကြပ် သေဆုံးသည်ဟု ဆေးစစ်ဆေးချက်အရ သိရှိရကြောင်း၊ ပရီယန်ကာ၏ ရုပ်အလောင်းကို လူမမှတ်မိစေရန် စွပ်စွဲခံရသူများက မီးရှို့ ဖျောက်ဖျက်ခဲ့ကြခြင်းဖြစ်ကြောင်း ဟိုက်ဒရာဘတ်ရဲတပ်ဖွဲ့က ပြောဆိုသည်။

အဓမ္မပြုကျင့်- လူသတ်ပြီး အလောင်းဖျောက်ဖျက်မှုနှင့် ပတ်သက်၍ လူ ၄-ဦးနှင့် ကုန်ကားမောင်းသူ ၁-ဦးကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ ၄-ဦးမှာ တိရိစ္ဆာန်ဆေးကုဆရာဝန်မလေး အသတ်ခံရမှု့တွင် အဓိကကျူးလွန်သူများဖြစ်သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲထားပြီး အမှု့တည်ဆောက်ရန် ရမန် ၁၄-ရက်ဖြင့် ချုပ်နှောင်ထားစဉ် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လူမဆန်အောင် ရက်စက်ကြမ်းကြုတ်သည့်အမှု့အတွက် ကမ္ဘာတစ်ဝှမ်း တုန်လှုပ်ခဲ့ရပြီး အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးတွင်လည်း ကန့်ကွက်ရှုတ်ချပွဲများ၌ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။ အသက်မွေးဝမ်း ကျောင်းအတွက် အပြင်ထွက်ရသူ မိန်းမသားများအား ထိရောက်စွာ အကာအကွယ်ပေးရန် ဒေါသထွက်နေသော ဟိုက်ဒရာဘတ်ဒေသခံများက တောင်းဆိုခဲ့ကြသည်။၊ စွပ်စွဲခံရသူများ ချုပ်နှောင်ထားရာ အဆောက်အအုံကိုလည်း ကျောက်ခဲ- အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ပရီယန်ကာအား မီးရှို့ခဲ့သူမှာ မိမိတို့၏ သားအရင်းဖြစ်စေကာမူ အရှင်လတ်လတ် မီးရှို့သေဒါဏ်ချမှတ်ရန်အထိ စုဝေးတောင်းဆိုခဲ့ကြသည်။

လတ်တလောတွင် စွပ်စွဲခံရသူများ ထွက်ပြေးရန် ကြိုးစားခဲ့သည့် နေရာ၌ ဧရာမလူအုပ်ကြီး စုဝေးလျှက်ရှိသည်ကို တွေ့ရှိရသည်။

တာဝန်ထမ်းဆောင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားခံ ထွက်ပြေးခြင်း၊ ထွက်ပြေးသူများအား လက်ရဖမ်းဆီးရာတွင် တရားခံများသေဆုံးရသည့်အတွက် အရေးယူခံရတော့မည့်အရေးကို တွေးတောပူပန်လျှက်ရှိသည်။ သို့သော် လူစုလူဝေးကြီးကမူ စွပ်စွဲခံရသူ ၄-ဦးကို ပစ်သတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ထမ်းမြှောက်ပွေ့ချီကာ ဂုဏ်ပြူလျှက်ရှိကြောင်း ANI က သတင်းရေးသားသည်။

((( India Today., 6 Dec, 2019, “All 4 accused in Hyderabad veterinarian’s rape and murder case shot dead in police.” ကို #HtayOung, #OungMarine ဆီလြောျအောငျ ကောကျနှုတျဘာသာပွနျဆိုသညျ။ )))

https://www.indiatoday.in/india/story/hyderabad-encounter-rape-accused-killed-nirbhaya-mother-asha-devi-reaction-1625690-2019-12-06

https://pbs.twimg.com/media/ELE1woFUYAIhQP_?format=jpg&name=medium

https://www.indiatoday.in/india/story/hyderabad-encounter-rape-accused-killed-nirbhaya-mother-asha-devi-reaction-1625690-2019-12-06

https://www.indiatoday.in/india/story/hyderabad-doctor-rape-killed-burnt-charred-called-sister-details-case-trending-1623634-2019-11-29

https://www.indiatoday.in/india/video/hyderabad-rape-murder-case-accused-killed-police-encounter-1625671-2019-12-06

https://www.rt.com/news/475147-gang-rapists-killed-escape/

https://www.rt.com/news/474833-burn-my-son-hyderabad-mother/

https://www.rt.com/news/475147-gang-rapists-killed-escape/

#အုပ်စုဖွဲ့မုဒိန်းကျင့်လူသတ်မှု့ #အိန္ဒိယရဲအသေပစ်သတ်ဖမ်းဆီး #ဟိုက်ဒရာဘတ် #

0

Leave a Reply

Your email address will not be published.