ဟူဘေးပြည်နယ်ကိုရိုနာဗိုင်းရပ်စ် ၂၄- နာရီအတွင်း လူသေဆုံးအရေအတွက် ၈၁ – ဦးဖြင့် ဆက်လက်မြင့်တက်နေ။ ၂၀၀၂-၂၀၀၃ SARS ရောဂါကျရောက်စဉ် WHO ၏ တစ်သေဆုံး သူဦးရေနှင့် မတိမ်းမယိမ်းဖြစ်လာ။ ကုသပျောက်ကင်းသူ ၂,၆၁၇-ဦး ရှိခဲ့

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့လျှက်ရှိသော ဟူဘေးပြည်နယ်တွင် ၂၄- နာရီအတွင်း နောက်ထပ် ၈၁-ဦးသေ ဆုံးခြင်းဖြင့် ယခုဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၏ သေဆုံးသူဦးရေ ၈၀၅-ဦးမှာ ၂၀၀၂-၂၀၀၃ SARS ရောဂါကျ ရောက်စဉ် WHO ၏ သေဆုံးသူဦးရေ ၈၁၃-ဦးနှင့် မတိမ်းမယိမ်းဖြစ်လာသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

သို့သော် စနေ့နေ့ ညနေ ၅-နာရီအချိန်ထိ ပြည်နယ်၏ ၂၄-နာရီအတွင်း ဗိုင်းရပ် ကူးစက်ခံရကြောင်း အတည်ပြု နိုင်သူဦးမှာ ၂,၁၄၇ – ဦးရှိသဖြင့် ၎င်းနေ့မတိုင်မီ ၂,၈၄၁-ဦးထက် ကျဆင်းသွားသည်။ ၎င်းတို့တွင် ပင်လယ်စာနှင့် အသားဈေးမှ ဗိုင်းရပ်စ်စတင်ကူးစက်သည်ဟု ယုံကြည်ရသော ဟူဘေးပြည်နယ် ဝူဟန်မြို့၌ ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အသစ်ထပ်မံအတည်ပြုနိုင်သူ ၁,၃၇၉ ဦးလည်း ပါဝင်သည်။


((( South China Morning Post., 9 Feb, 2020,” Coronavirus: China’s Hubei reports 81 deaths, bringing total just short of WHO’s Sars figure.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်

https://www.scmp.com/news/china/article/3049690/coronavirus-chinas-wuhan-reports-81-deaths-bringing-total-just-short
0

Leave a Reply

Your email address will not be published.