အက်စ်ထရာဇီနီကာ ကိုဗစ်ကာကွယ်ဆေးကို အသက် ၅၅-နှစ်အထက်ရှိသူများအတွက်သာ ထိုးနှံပေးရန် ပြင်သစ်ဆုံးဖြတ်၍ ဆေးထိုးနှံခြင်းပြန်လည်စတင်။ ဆေးထိုးနှံသူ သန်း ၂၀ တွင် ဘေးထွက်ဆိုးကျိုးခံစားရသူ ၂၅-ဦးခန့်ရှိ။ ဆေးထိုးနှံခြင်းမရှိလျှင် သေဆုံးရမည့် စွန့်စားရမှုများထက် များစွာသာလွန်


#အက်စစ်ထရာဇီနီကာ #AstraZeneca ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးမှာ လူငယ်များတွင် သွေးခဲနှုန်း မြင့်မားစေကြောင်း ယူဆနေကြချိန်၌  အဆိုပါထိုးဆေးအား အသက် ၅၅-အထက်ရှိသူများသာလျှင် ထိုးနှံရန် ပြင်သစ်ဆေးဝါးထိန်းညှိရေးအဖွဲ့ HAS က ထောက်ခံချက်ပေးလိုက်သည်ဟု Russia Today (Mar. 19,2021 ) က ရေးသားသည်။..   
AstraZeneca, Covid-19 ကာကွယ်ဆေးထိုးနှံပြီးနောက် Thromboembolism #သရွမ်ဘိုအမ်ဘော်လင်ဇင် ခေါ် သွေးကြောအတွင်း သွေးခဲခြင်း၊ ယင်းသွေးခဲမှ သွေးခဲစများ ပြုတ်ထွက်၍ အခြားနေရာများတွင် သွေးခဲ ပိတ်ဆို့သည့်ဖြစ်ရပ်များ ပိုမိုတွေ့ရှိလာစဉ် ပြင်သစ်နိုင်ငံ၏ ယခုဆုံးဖြတ်ချက်မှာ အသက် ၅၅ နှစ်အောက် အရွယ်ရှိသူများ၌ ထိုးနှံပေးရန် အန္တရာယ်အလွန်များသည်ဟု ယူဆကြောင်း ပေါ်လွင်လျှက်ရှိပြီး ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီ (EMA) ၏ လမ်းညွှန်ချက်မှ သွေဖီနေသည်။..  
EMA မှရရှိသောအချက်အလက်များအရ ရပ်တန့်ထားခဲ့ရသော AstraZeneca ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆုံး ပြန်လည်စတင်နိုင်မည်ဟု ပြင်သစ်ဆေးဝါးထိန်းညှိရေးအဖွဲ့က ယုံကြည်ကြောင်း သောကြာနေ့၌ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။..    
သို့သော် EMA ကိုယ်တိုင်သည်ပင်လျှင် ၅၅ နှစ်အောက်ရှိသူများတွင် Thormbus ဟု လူသိများသော (Thrombosis) ခေါ် သွေးကြောအတွင်း သွေးခဲမှု ဖြစ်နိုင်ချေ ပိုမိုမြင့်မားသည့် အန္တရာယ်ရှိကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်က AstraZeneca ကာကွယ်ဆေးကို အသက် ၅၅ နှစ်နှင့်အထက်ရှိသူများတွင် အဓိက ဦးစားပေးထိုးနှံရန် အကြံပြုခြင်းဖြစ်သည်။ ယခင် အသက် ၆၅-နှစ်အောက်များအတွက် သတ်မှတ်ချက်မှ နောက်ထပ်အလှည့်အပြောင်း တစ်ခုဖြစ်နေပြီး အချက်အလက်အသစ်များ ထွက်ပေါ်လာသည်နှင့်အမျှ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။..  
AstraZeneca ကာကွယ်ဆေးနှင့် ပတ်သက်၍ ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီ (EMA) က ရက်သတ္တ ၁-ပတ်ကြာ ပြန်လည်သုံးသပ်မှုများအပြီး ကြာသပတေးနေ့၌ နောက်တစ်ကြိမ် ထောက်ခံခဲ့သည်။ ကာကွယ်ဆေးထိုးနှံခဲ့သူ သန်း-၂၀ နီးပါးတွင် သွေးကြောများစွာတို့ကို ထိခိုက်စေသော သွေးခဲမှု ၇ ခုနှင့် (#CVST) ခေါ် #ဦး နှောက်သွေးပြန်ကြောအခေါင်းငယ်များရောင်ရမ်းရောဂါ ၁၈ ခု တို့ ဖြစ်ပွားရခြင်း အကြောင်းရင်းကို EMA က စစ်ဆေးဖော်ထုတ်ခဲ့သည်။ AstraZeneca ကာကွယ်ဆေးအနေဖြင့် ဘေးထွက်ဆိုးကျိုးမှလွဲလျှင် အန္တရာယ် ကင်းရှင်းပြီး အာနိသင် ထိရောက်ကြောင်း (ကာကွယ်ဆေးထိုးနှံခြင်းမရှိလျှင် သေဆုံးရမည့်) စွန့်စားရမှုထက် များစွာသာလွန်ကြောင်းပြောကြားခဲ့သည်။..
AstraZeneca သည် ဥရောပတွင် ပို့ကုန်လျော့နည်းသည့်အတွက် အကြီးအကျယ်ဝေဖန်ခံခဲ့ရသည်။ Pfizer နှင့် Moderna တို့က စာချုပ်ချုပ်ဆိုသည့် သဘောတူညီချက်များအတိုင်း လိုက်နာနေစဉ်တွင်၊ အင်္ဂလန်-ဆွီဒင် ဖက်စပ် AstraZeneca ပိုင်ရှင်များသည် ထုတ်လုပ်မှုနှင့် ဖြန့်ဝေရာ၌ အလွန်နည်းပါးကြောင်း #ဥရောပကော်မရှင်ဥက္ကဋ္ဌ_အာဆူလာဗွန်ဒါလိန်းက ပြစ်တင်ပြောဆိုသည်။ ဗြိတိန်နိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိလာမည်ကို ဥရောပသမဂ္ဂအနေဖြင့် စောင့်ဆိုင်းလျှက်ရှိပြီး၊ တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိလျှင် ဥရောပသမဂ္ဂကလည်း ဗြိတိန်သို့ တင်ပို့မည့် ကာကွယ်ဆေးများကို တားဆီးပိတ်ဆို့ရန် စဉ်းစားရလိမ့်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောဆိုသည်။..   
( ယခုသတင်းနှင့် ဆက်စပ်၍ စပိန်နိုင်ငံတွင် AstraZeneca ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးခဲ့သူ ကျောင်းဆရာတစ်ဦး၏ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးရာ ကာကွယ်ဆေးကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း၊ စပိန်တွင် AstraZeneca ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၉၈၀,၀၀၀-ဦး ရှိကြောင်း သတင်းတွေ့ရှိ ရပါသည်။
..
ဗြိတိန် အောက်ဖို့ဒ်တက္ကသိုလ်နှင့် ဆွီဒင်ဆေးဝါးထုတ်လုပ်ရေးတို့ ဖက်စပ် AstraZeneca ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute က Covishield အမည်ဖြင့် ထုတ်လုပ်ပါသည်။ ..အဆိုပါ ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရာ ဋ္ဌာနတစ်ခုဖြစ်ပြီး ကာကွယ်ဆေးကြိမ်ရေပမာဏ ၁-ဘီ လီယံထုတ်လုပ်၍ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့အား သင့်လျော်သော ဈေးနှုန်းဖြင့် ဖြန့်ဝေရန် AstraZeneca ထံမှ လိုင်စင်ရယူထားသည်။ ။ သတင်းဘာသာပြန်သူ )))

https://www.rt.com/news/518628-france-covid19-astrazeneca-age-vaccine/
https://www.rt.com/news/518531-norway-astrazeneca-link-blood-clots/
https://www.rt.com/news/518616-spain-autopsy-clear-vaccine/
https://www.bbc.com/news/world-asia-india-55748124 

0

Leave a Reply

Your email address will not be published.