အခမဲ့ထိုးနှံပေးရန် ဗင်နီဇွဲလားက ရုရှား၏ကာကွယ်ဆေး ၁၀ သန်းဝယ်ယူ၊ ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်တွင် မိမိနိုင်ငံရောက် အိမ်နီးချင်း ဗင်နီဇွဲလားမှ ရွှေ့ပြောင်းအလုပ်သမား ၉-သိန်း မပါဝင်ဟု ကိုလံဘီယာပြောဆို။ လူတိုင်းကာကွယ်ဆေးလိုအပ်နေချိန်တွင် Sputnik V နှင့် ကုန်သွယ်ရေးစစ်ပွဲ 

..  
ဗင်နီဇွဲလားနိုင်ငံအတွင်း ကိုရိုနာရောဂါကာကွယ်ရေး အခမဲ့ထိုးနှံပေးရန်အတွက် Sputnik V ထိုးဆေး ၁၀-သန်းကို ရုရှားက ပေးပို့မည်ဖြစ်ရာ လာမည့် ၂၀၂၁-ခုနှစ် ပထမ ၃-လတွင် ပထမအသုတ် ကာကွယ်ဆေးထိုးနှံခြင်း ပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း #သမ္မတနီကိုလတ်စ်မဒူရိုက ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။

..
အင်္ဂါနေ့တွင် သမ္မတမဒူရိုက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ ကိုလံဘီယာလူမျိုးဖြစ်စေ၊ ပေါ်တူဂီ၊ အီတလီ၊ ဗင်နီဇွဲလားလူမျိုးကိုဖြစ်စေ နိုင်ငံအတွင်း နေထိုင်သူမှန်သမျှ လူအားလုံးကို အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ပါရှိသည်။ မဒူရိုက ထိုသို့ပြောကြားခြင်းမှာ အိမ်နီးချင်းကိုလံဘီယာ၏ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်တွင် ၎င်းနိုင်ငံရောက် ဗင်နီဇွဲလား ရွှေ့ပြောင်းအလုပ်သမား ၉-သိန်းမပါဝင်ဆိုခြင်းအား ရည်ညွှန်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

..  
အဆိုပါအစီအစဉ်မှာ #လူမျိုးခြားမုန်းတီးမှု ကို ဖော်ပြခြင်းအဖြစ် အိမ်နီချင်းဗင်နီဇွဲလားကဲ့သို့ အတိုက်အခံများက စွပ်စွဲခဲ့ကြသည်။ ကိုလံဘီယာသမ္မတအိုင်ဗန်ဒူကေးကမူ ၎င်းအနေဖြင့် အခြားနိုင်ငံသားများထက် မိမိနိုင်ငံသားများအား ဦးစားပေးခြင်းသာဖြစ်ကြောင်း ခုခံကာကွယ်ခဲ့သည်။ 

..  
လွန်ခဲ့သည့် အောက်တိုဘာလတွင် ဗင်နီဇွဲလားသို့ Sputnik V ကာကွယ်ဆေး ပထမဆုံး ကွန်တိန်နာများ ရောက်ရှိလာခဲ့သည်။ အတည်ပြုရန် နှောင်းပိုင်းစမ်းသပ်မှုတွင်ပါဝင်ခြင်းဖြင့် ဗင်နီဇွဲလားသည် ကမ္ဘာ့အနောက်ခြမ်းတွင် ကာကွယ်ဆေးထိုးနှံခံယူသည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။ 

..  
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လီစီရိုဒရီဂျွယ်လည်းကမူ ကာကွယ်ဆေးမှာ အလွန်အန္တရာယ်ကင်းကြောင်း ချီးကျူးခဲ့ပြီး ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို အမြန်ဆုံးစတင်မည်ဖြစ်ကြောင်း၊ မည်သည့် ရာဇဝတ်မကင်းသော တားဆီးပိတ်ဆို့မှုကမျှ ကျွန်ုပ်တို့ပြည်သူလူထု၏ ကာကွယ်ဆေးထိုးနှံပိုင်ခွင့်ကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်၏ ကျယ်ပြန့်သော ဒဏ်ခတ်ပိတ်ဆို့မှုများအား ရှုတ်ချပြောဆိုသည်။ 

..
Sputnik V ထုတ်လုပ်ရာတွင် ထောက်ပံ့သူဖြစ်သော ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF) ၏ အမှုဆောင်အရာရှိချုပ် ကီရီရယ်ဒီမီထရက်ဗ်ကမူ ကာကွယ်ဆေးများကို ချက်ချင်း တင်ပို့ရန် မျှော်လင့်ကြောင်း အင်္ဂါနေ့က ပြောကြားသည်။ လက်တင်အမေရိကနိုင်ငံသို့ ကာကွယ်ဆေး ၁၀-သန်းကို တင်ပို့ခြင်းမှာ ၆-လ သို့မဟုတ် ထို့ထက်မက ကြာမြင့်နိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။ 

..
ထိုစဉ်အတောအတွင်း ရောဂါပိုးဒဏ်ခံနိုင်အောင် ရုရှားကာကွယ်ဆေးထိုးသည့်အစီအစဉ်နှင့်အတူ Sputnik V အပေါ် ” ကုန်သွယ်ရေးစစ် ” ခင်းလာကြပြီဖြစ်ကြောင်း အာဂျင်တီးနားခေါင်းဆောင်က ပြောကြားသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။ 

..  
တနင်္လာနေ့၌ TV Publica နှင့် တွေ့ဆုံသော အင်တာဗျူးတစ်ခုတွင် အာဂျင်တီးနားသမ္မတ အဲလ်ဘတ်တိုဖာနန်ဒက်ဇ်က ပြောဆိုရာ၌ ယခုကဲ့သို့ လူတိုင်းဆေးရရှိရန် မျှော်လင့်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ဒေါ်လာဘီယံပေါင်းများစွာတန်သည့် ဈေးကွက်ကြီးဖြစ်နေကြောင်း၊ မည်သူက ထုတ်လုပ်သည်ဟု ပထဝီနိုင်ငံရေးအရ အငြင်းအခုန်ဖြစ်ကာ “ ကုန်သွယ်ရေးစစ် “ ပေါ်ပေါက်လာပြီဖြစ်ကြောင်း၊ ပြိုင်ဖက်များအချင်းချင်း တစ်ဦးနှင့် တစ်ဦး ရှုတ်ချရန် စိတ်အားထက်သန်နေကြသည်ဟု ၎င်း၏အမြင်ကို ရှင်းပြသည်။

..  
၎င်းတို့သည် ဆေးဝါးထုတ်လုပ်သည့် မော်စကိုအခြေစိုက် ဂမ်မယ်လီယာသုတေသနအင်စတီကျု့ဒ်မှ ဖန်တီးသဖြင့် “ ဂမ်မယ်လီယာ ကာကွယ်ဆေး “ ဟုပင် မခေါ်တော့ပဲ “ ရုရှားဆေး “ ဟု သုံးနှုန်းနေကြကြောင်း၊ သတင်း သို့မဟုတ် သတင်းအမှားများဖြင့် နိုင်ငံရေးအရ ကစားပွဲတွင် ကာကွယ်ဆေးကို တစ်စိတ်တစ်ပိုင်း အနေဖြင့် အသုံးချလျှက်ရှိကြောင်း၊ အချို့သော ကစားသမားများသည် အများပြည်သူတို့အနေဖြင့် ဆေးထိုးနှံရန် ကြောက်ရွံ့စေခြင်းနှင့် ဆေးအပေါ် သံသယဖြစ်စေရေး မျိုးစေ့ချပေးရန် စိတ်ဝင်စားလျှက်ရှိကြောင်၊ ပြည်သူလူထုအား ရုရှား၏ Sputnik V ကာကွယ်ဆေးထိုးနှံပေးရန် ကြောက်ရွံ့နေသည်ဆိုခြင်းမှာ နိုင်ငံရေး အပင်းသွင်းခြင်းအဖြစ် အာဂျင်တီးနား သမ္မတက ပယ်ချလိုက်သည်။

..   
၎င်းအနေဖြင့်မူ မည်သည်ကို နှိုင်းယှဉ်ကြောင်း မသိ၍ မည်သည့်ဆေးက ပိုမိုကောင်းမွန်သည်ဟု ပြောဆိုရန် မဝံ့ရဲပါကြောင်း၊ အာဂျင်တီးနားအနေဖြင့် #Covax ကာကွယ်ဆေးအဖြစ် #AstraZeneca ကို #ဝယ်ယူလျှက်ရှိပြီး #ရုရှားမှဆေးကိုထိုးနှံနေပြီ ဖြစ်ကြောင်း၊ #တရုတ်နှင့်ညှိနှိုင်းနေပြီး #Pfizerဆေးအတွက် ဆက်လက်ပြောဆိုနေကြောင်း၊ အဘယ်ကြောင့်ဆိုသော် #အမှန်တရားမှာ_ကျွန်ုပ်တို့ကာကွယ်ဆေးလိုအပ်ခြင်း ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ အဲလ်ဘတ်တိုဖာ နန်ဒက်ဇ်က ရှင်းပြပြောဆိုသည်။ 

..
(( အာဂျင်တီးနားသမ္မတမှာ ခေါင်းဆောင်ကောင်းဖြစ်၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟူသမျှ လက်လှမ်းမီ ရသမျှ အမြန်ဆုံး ရှာဖွေကာ သူ့နိုင်ငံသားများအား ထိုးနှံပေးမည်ဖြစ်သည်။ 
ကျွန်တော်ကတော့ ရုပ်ချောသလောက် စိတ်ပုတ်သူဖြစ်၍ Pfizer လိုဆေးမျိုးမှ အထိုးခံချင်သည်။ သို့သော်လည်း 80 and −60 °C တွင် သိုလှောင်ထားရမည့်ဆေးဆိုသည်မှာ တော်ယုံ အအေးခန်းမျိုးတွင် ထား၍ မရပါ။ 


ကျွန်တော်တို့နိုင်ငံ၏ ကျန်းမာရေးဋ္ဌာနသည် ကူးစက်ရောဂါအချို့ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်မှာ အမှန်ဖြစ်သည်။ ထိုသို့အောင်မြင်ရခြင်းမှာ ကာကွယ်ဆေးထည့်ထားသော ရေခဲပုံးလေးကို ကျန်းမာရေးဝန်ထမ်းက လက်တွင်ဆွဲကာ တစ်ရွာဝင် တစ်ရွာထွက် ထိုးနှံ/တိုက်ကျွေးပေးနိုင်ခဲ့၍ဖြစ်ကြောင်း ယုံကြည်ပါသည်။ ။သတင်းဘာသာပြန်သူ ))

..
#ဗင်နီဇွဲလား_အာဂျင်တီးနားနှင့်ရုရှားမှကာကွယ်ဆေး #ဒေါ်လာဘီယီပေါင်းများစွာတန်သည့်ကာကွယ်ဆေးဈေးကွက် #Sputnik_V_ကုန်သွယ်ရေးစစ်ပွဲ 

..
((( Russia Today., 30 Dec, 2020,” Venezuela signs deal with Russia to purchase 10 million Sputnik V vaccines for FREE distribution.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ် ဘာသာပြန်ဆိုသည်။))) 
… 
https://www.rt.com/news/511063-sputnik-vaccine-venezuela-deal/ 

..
https://www.rt.com/russia/502438-russian-covid-vaccine-venezuela/ 

..
https://www.rt.com/news/511034-sputnikv-vaccunation-argentina-start/ 

..
https://www.rt.com/viral/510979-argentina-vaccine-trade-war/ 

0

Leave a Reply

Your email address will not be published.