အဂတိလိုက်စားမှု မလေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ဒါဏ် ၁၂-နှစ်၊ ဒါဏ်ငွေ ကန်ဒေါ်လာ သန်း ၅၀ နီးပါး အပြစ်ပေးခံရ။ ပင်လယ်ကွေ့နှင့် ဟောလိဝုဒ်ရုပ်ရှင်လောကအထိ အာဏာအလွဲ သုံးမှု ကျယ်ပြန့်။ ကလက်ပ်တိုကရေစီ ခေါ် အကျင့်ပျက်နိုင်ငံရေးသမားများ ဦးဆောင်သည့် အစိုးရအုပ်ချုပ် မှုစံနစ်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသမှ ဟောလိဝုဒ်ရုပ်ရှင် လောကအထိနှင့် မလေးရှားအစိုးရ၏ 1MDB ဘဏ်မှ ဒေါ်လာဘီလျှံနှင့်ချီသော ရန်ပုံငွေများကို အလွဲသုံး စားကြောင်း ၎င်းအပေါ် ပထမဆုံး စွဲဆိုချက်တွင် အပြစ်ရှိသည်ဟု ကွာလာလန်ပူ တရားလွှတ်တော်ချုပ်က ထောင်ဒါဏ် ၁၂-နှစ်နှင့် ဒါဏ်ငွေ ရင်းဂစ် သန်း-၂၁၀ ( အမေရိကန်ဒေါ်လာ ၄၉.၄ သန်း) အပြစ်ပေးခြင်း ခံရသည်ဟု bdnews24 က ယနေ့ ရေးသားသည်။ 

အသက် ၆၇ နှစ်ရှိပြီဖြစ်သော နာဂျစ်အား ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ 1MDB ဘဏ် SRC စီမံကိန်းမှ အစိုးရရန်ပုံငွေ ဒေါ်လာ ၁၀ သန်းနီးပါးကို တရားမဝင် ရယူပြီးနောက် ငွေကြေး ခဝါချမှု၊ ထောင်ဒါဏ်နှင့် ငွေဒါဏ် ချမှတ်ခြင်းခံရသည်။ 

အရှေ့တောင်အာရှ မလေးရှားနိုင်ငံ၏ လာဘ်ပေးလာဘ်ယူမှု အမြစ်ပြတ် ချေမုှန်းရေးနှင့်အတူ နိုင်ငံ၌ အမြင့်ဆုံးအာဏာရရှိခဲ့ဖူးသူအား ရာထူးအရှိန်အဝါ အလွဲသုံးစားသည်ဟု ကြီးလေးသော ထောင်ဒါဏ် ငွေဒါဏ် ချမှတ်ခြင်းတွင် နိုင်ငံရေး ဂယက်ရိုက်ခတ်မှုရှိနိုင်သည်ဆို၏။ 

အမေရိကန်နှင့် မလေးရှားအာဏာပိုင်များက ပြောကြားရာတွင် စုစုပေါင်းဒေါ်လာ ၄.၅ ဘီလီယံသည် 1MDB ရှိ ှု ရန်ပုံငွေမှ ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး နာဂျစ်တည်ထောင်ထားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အဖြစ် ကမ္ဘာ တစ်ဝှမ်းမှ အနုပညာလက်ရာများ၊ အဆင်မြင့်အပျော်စီး ရွက်လှေ၊ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား လီယိုနာဒို ပါဝင်သည့် “Wolf of Wall Street” အမည်ရှိ မှုခင်းနောက်ခံ ဟာသရုပ်ရှင်အတွက် ပြောင်းလဲ ခဲ့သည် ဆို၏။ အစိုးရရှေ့နေများကမူ ဒေါ်လာ ၂၇ သန်းသည် ရာဂျစ်၏ ဇနီးဖြစ်သူအတွက် ပန်းရောင်စိန် လည်ဆွဲကို ဝယ်ခြင်း ဖြစ်ပြီး အချို့သောငွေများကို မဲဆွယ်စည်းရုံး အရှိန်မြှင့်တင်ရာတွင် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ပြောဆို ခဲ့သည်။ 

အမေရိကန်နိုင်ငံ ရှေ့နေချုပ်ဟောင်း ဂျက်ဖ်ဆက်ဆီရှင်ကမူ ယခုအရှုတ်တော်ပုံမှာ ကလက်ပ်တိုကရေစီ ခေါ် အကျင့်ပျက်နိုင်ငံရေးသမားများဦးဆောင်သည့် အစိုးရအုပ်ချုပ်မှုစံနစ်တွင် အဆိုးရွားဆုံးသာဓက တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုသည်။ 

ဝန်ကြီးချုပ်ဟောင်းအား အဂတိလိုက်စားကြောင်း စွဲဆိုခြင်းဖြင့် အကျင့်ပျက်ခြစားမှုကို ဖယ်ရှားရန် သမိုင်းဝင်အားထုတ်မှုများအတွက် မလေးရှားနိုင်ငံ၏ ကြီးမားသည့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုရှိနိုင်ကြောင်း တွေ့မြင်လိုက်ရသည်ဆို၏။ 

1MDB နှင့် ပတ်သက်လျှက် အဂတိလိုက်စားကြောင်း စွပ်စွဲချက်များဖြင့် နာဂျစ်အား ၅-နှစ်ကျော်ကြာ ရင်ဆိုင် ခဲ့ရသည်။ သို့သော် ရာဇဝတ်ပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းမှာမူ ၂၀၁၈ ရွေးကောက်ပွဲတွင် နာဂျစ်အား အောင်နိုင်သူ မဟာသီယာမိုဟာမက်က စုံစမ်းစစ်ဆေးရန် ပြန်လည်စတင်ခြင်းဖြစ်သည်။ 

လူအများ စိတ်ဝင်စားခြင်းခံခဲ့သော ဤအမှုသည် လက်ရှိဝန်ကြီးချုပ် မူယက်ဒင်ယာဆင် ဦးဆောင်သည့် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို အမြစ်ပါမကျန်ချေမှုန်းရေးတွင် ဖေဖော်ဝါရီလ၌ ပြန်လည်နေရာရလာသည့် နာဂျစ်၏ UMNO ပါတီက မဟာမိတ်ဖြစ်လာပြီးနောက် စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ 

နာဂျစ်၌ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခြင်းက မူယက်ဒင်အစိုးရအပေါ် လူထုအပေါ်ယုံကြည်အားထားမှု တိုးမြှင့်စေနိုင်သော်လည်း နာဂျစ်၏ယူနိုက်တက်မလေးရှားအမျိုးသားအဖွဲ့ချုပ် (UMNO) ပါတီက မူယက်ဒင် အစိုးရအပေါ် ထောက်ခံမှု ရုတ်သိမ်းသွားနိုင်ခြင်းမှာ တကယ့် ပြဿနာတစ်ရပ်ဖြစ်သည်။ 

(( မလေးရှားနိုင်ငံရေးလောက ယခု ၅-နှစ်ကာလသည် အရှုတ်အထွေးအလှည့်အပြောင်း အလွန်များပြား လှကြောင်း တွေ့ရှိရသည်။ 

၂၀၁၆-ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်၏ အီးမေးလ် များ ဟက် ခံရသည်။ ဟီလာရီ၏ ခင်မင်ရင်းနှီးဆုံးနှင့် အထောက်ခံဆုံး မိတ်ဆွေမှာ အများသိရှိသည့် ဘီလျှံနာ သူဋ္ဌေးကြီး ဂျော့ဆိုရော့စ်ဖြစ်သည်။ ဟီလာရီ၏ အီးမေးလ်များနှင့်အတူ ဂျော့ဆိုရော့စ်နှင့် ပတ်သက်သည့် အီးမေးလ်များလည်း ရောပါသွားသည်။ 

အဆိုပါ အီးမေးလ်းများအနက် တစ်စောင်တွင် မလေးရှားအရပ်ဖက်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ( BERISH ) က ဂျော့ဆိုရော့စ်ထံမှ လှူဒါန်းငွေကို လက်ခံရရှိပါကြောင်း ဖော်ပြထားသည်။ 
မလေးရှားလူထုအမြင်တွင် ၁၉၉၇-၉၈ အာရှစီးပွားရေးပျက်ကပ်နှင့် စပ်လျှဉ်း၍ ဂျော့ဆိုရော့စ်အား မကောင်းဆိုး ရွားသဖွယ် သတ်မှတ်သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီလိုလားသည်ဆိုသူ သူဌေးကြီးသည် မလေးရှားပြည် သူတို့၏ လွတ်လပ်စွာဆန္ဒခံယူပွဲတွင် လိုရာဆွဲကြိုးကိုင်နိုင်အောင် သြဇာဂုဏ်ကြီးမားသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အား ထောက်ပံ့ခြင်းဖြစ်သည်ဟု မှတ်ယူသည်။ 

ထိုအတွက် လမ်းပေါ်လူစုလူဝေးများဖြစ်ပေါ်ခဲ့ရပြီး၊ နိုင်ငံရေးသမားအချင်းချင်း စကားစစ်ထိုးရ သည့်အခြေ ဆိုက်ခဲ့ရသည်။ ။ သတင်းဘာသာပြန်သူ )) 

((( bdnews., 28 Jul 2020, “Malaysia’s Najib sentenced to over a decade in jail in first 1MDB graft trial “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်အား_ထောင်ဒါဏ်_၁၂နှစ်အပြစ်ပေး 
https://bdnews24.com/world/south-east-asia/2020/07/28/malaysia-s-najib-sentenced-to-over-a-decade-in-jail-in-first-1mdb-graft-trial 
https://www.scmp.com/week-asia/politics/article/2042619/leaked-emails-george-soros-and-rigged-election-claims-malaysia 

0

Leave a Reply

Your email address will not be published.