အင်တာနက်အခက်အခဲကြောင့် ဒေါ်စုအား ရုံးထုတ်ကြားနာမည့် ရက် ရွှေ့ဆိုင်း၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးမခံရစေရေး တရုတ်ပြည်မကြီးနှင့် ကွဲပြားကြောင်း အလံလွှင့်ထူထားရန် ထိုင်ဝမ်ပြောဆို။တရုတ်နိုင်ငံသား ၂-ဦး ဒဏ်ရာရရှိ၊ တရုတ်ရင်းနှီးမြှုပ်နှံမှု ၃၂-ခုဖျက်ဆီးခံရပြီး ကန်ဒေါ်လာ ၃၇-သန်း ခန့် ဆုံးရှုံး


စစ်ဘက်က အုပ်ချုပ်လျှက်ရှိသော မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်ရေး ပြဿနာများကြောင့် ဖြုတ်ချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗွီဒီယိုရုပ်သံစံနစ်ဖြင့် ရုံးထုတ်စစ်ဆေးမည့်ကိစ္စကို တနင်္လာ(ယနေ့) တွင် ပြုလုပ်နိုင်ခြင်း မရှိကြောင်း၊ အမှု့စစ်ဆေးရန်ကိစ္စကို လာမည့် မတ်-၂၆ ရက်နေ့သို့ တရားရုံးတော်က ရွှေ့ဆိုင်းလိုက်ကြောင်း ဒေါ်စု၏ ဥပဒေအကျိုးဆောင်အဖွဲ့ဦးဆောင်သူ ဦးခင်မောင်ဇော်က ပြောဆိုသည်ဟု Reuters က ယနေ့ ရေးသားသည်။..   
ဦးခင်မောင်ဇော်က ဗွီဒီယိုကွန်ဖရင့်စံနစ်မှတဆင့် ရိုက်တာသတင်းအေဂျင်စီသို့ ပြောကြားရာတွင် ထိန်းသိမ်းခံထားရသော နိုဘယ်ဆုရှင်အတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုခုံခံရန် သက်တမ်းနု ရှေ့နေနှစ်ဦးသာလျှင် လိုက်ပါဆောင်ရွက်ခွင့်ပြုကြောင်း အာဏာပိုင်များက မိမိထံအကြောင်းကြားသည်ဟု ရှင်းလင်းသည်။..     
ထိုစဉ်အတောအတွင်း မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၌ တရုတ်ပြည်မကြီးနှင့် ကွဲပြားကြောင်း အလံလွှင့်ထူထားရန် ထိုင်ဝမ်ပြောဆိုသည်ဟု Reuters ၏ ယနေ့သတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။..   
ထိုင်ဝမ်သည် တရုတ်-မြန်မာကပြား အများအပြားနေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး မြန်မာတို့ှနှင့် ယဉ်ကျေးမှု့ချင်း အလွန်နီးစပ်၍ စီးပွားရေးဆက်နွယ်မှုများ ရှိနေသည်။..  
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် လည်ပတ်သော စက်ရုံများကို မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြည်မကြီးတရုတ်နှင့် ရောထွေးမှုမရှိစေရန် မြန်မာနိုင်ငံရှိ ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် ထိုင်ဝမ်ကျွန်းနိုင်ငံ၏ အလံကို လွှင့်ထူထားကြရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်ဝမ်သံရုံးအဖြစ် အများသိရှိထားကြသည့် (ရုံးအဖွဲ့အစည်း)က အကြံပြုလိုက်သည် ဆို၏။..   
တနင်္ဂနွေနေ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ရာ၌ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ လှိုင်သာယာတွင် အထည်ချုပ်စက်ရုံများအား မည်သူမည်ဝါမသိရသေးသော ရန်ပြုသူများက မီးရှို့တိုက်ခိုက်ရာ၌ တရုတ်ဝန်ထမ်း အများအပြားဒဏ်ရာရရှိပြီး အချို့ ပိတ်မိနေခဲ့ကြောင်း၊ မြန်မာ(အစိုးရ) အနေဖြင့် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုနှင့် တရုတ်နိုင်ငံသားတို့အား အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။..   
ရွေးကောက်တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချ၍ မြန်မာနိုင်ငံတွင် အာဏာရယူခဲ့သည့် တပ်မတော်အစိုးရကို ပြည်မကြီးတရုတ်က အထောက်အပံ့ပြုလုပ်လျှက်ရှိကြောင်း ရှု့မြင်ခြင်းခံရသည်။..   
(မြန်မာနိုင်ငံတွင်) အကြမ်းဖက်ခံရသည့် ထိုင်ဝမ်ကုမ္ပဏီတစ်ခုတည်းသာရှိခဲ့ပြီး နိုင်ငံသား ၁၀-ဦးတို့မှာ အဆောက်အအုံတစ်ခုအတွင်း ပိတ်မိနေခဲ့သော်လည်း ဘေးအန္တရာယ်ကင်းရှင်းကြောင်း၊တရုတ်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအား တိုက်ခိုက်ခံရသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ကုမ္ပဏီများနှင့်ဆက်သွယ်ရရှိခဲ့သည်ကို မြန်မာနိုင်ငံရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးက မိမိတို့ထံ သတင်းပို့ကြောင်း၊ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် “ ထိုင်ဝမ်ကုမ္ပဏီ “ ဟု မြန်မာဘာသာဖြင့် ရေးသားချိတ်ဆွဲထားရန်၊ ထိုင်ဝမ်နိုင်ငံတော်အလံကို လွှင့်ထူထားရန် အကြံပြုခဲ့ကြောင်း တနင်္လာ (ယနေ့) ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။..  
အရှေ့တောင်အာရှတွင် ဖြန့်ကျက်လုပ်ကိုင်သော ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် တရုတ်အဖြစ် ထင်မှတ်မှားသော ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ဖူးသည်။ ၂၀၁၄-ခုနှစ် တွင် ဗီယက်နမ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ကြေညာထားသော တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်က ရေနံတူးဖော်သည်။ ထိုအတွက် ဒေါသထွက်နေသော ဗီယက်နမ်ထောင်ပေါင်းများစွာတို့က ပြည်တွင်းရှိနိုင်ငံခြားစက်ရုံများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမှာ ၎င်းတို့အနက် တစ်ခုဖြစ်သည်။..  
ထိုင်ဝမ်အား တရုတ်က ၎င်း၏အစိတ်အပိုင်းအဖြစ် အစဉ်တစ်စိုက် မှတ်ယူထားပြီး ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုခြင်းခံရသည့် ထိုင်ဝမ်သည် မြန်မာနှင့် တရားဝင်အဆက်အသွယ် မရှိချေ။ ထိုင်ဝမ်အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ၃-ခု ဖွင့်လှစ်ထားရာ ကာသေးယူနိုက်တက်ဘဏ်၊ မီဂါအင်တာနေရှင်နယ်ကော်မာရှယ်ဘဏ်၊ အီး-ကော်မာရှယ်ဘဏ်တို့ဖြစ်ပြီး ထိုင်ဝမ်ဘဏ်များမှာ ပုံမှန်လည်ပတ်လျှက်ရှိကြောင်း သိရှိရသည်။..   
မြန်မာနိုင်ငံတွင် #ဆူပူသောင်းကျန်းတိုက်ခိုက်ခံရခြင်းကြောင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသည့် ရမ်းကားဖျက်ဆီးခြင်းခံခဲ့ရသော စက်ရုံပေါင်းမှာ တနင်္လာနေ့နံနက်အထိ ၃၂-ရုံအထိရှိသည်ဟု ဟု Global Times ဖော်ပြကြောင်း Reuyers က ယနေ့ရေးသားသည်။  ..   
တရုတ်နိုင်ငံသား ၂-ဦး ဒဏ်ရာရရှိသော်လည်း သေဆုံးသူ မရှိကြောင်း၊ ပျက်စီးဆုံးရှုံးရသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ ယွမ် သန်း ၂၄၀ (ကန်ဒေါ်လာ ၃၆.၉-သန်းခန့်) အထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအား ကိုးကား၍ တရုတ်အစိုးရပိုင်သတင်းအေဂျင်စီက ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြခြင်းဖြစ်သည်ဆို၏။
..
(((Reuters., 15 Mar 2021,” Myanmar court adjourns Suu Kyi hearing over internet issues.” “ Taiwan tells firms in Myanmar to fly flags to distinguish from China.“ “ 32 Chinese-invested factories vandalised in attacks in Myanmar” တို့ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#ဒေါ်စုရုံးထုတ်ရက်ရွှေ့ဆိုင်း၊ #မြန်မာရှိစီးပွားရေးလုပ်ငန်းများ၌ထိုင်ဝမ်အလံလွှင့်ထူထားရန်
#တရုတ်နိုင်ငံသား၂-ဦးဒဏ်ရာရရှိ_တရုတ်ရင်းနှီးမြှုပ်နှံမှု၃၂-ခုဖျက်ဆီးခံရပြီး_ကန်ဒေါ်လာ၃၇-သန်:ဆုံးရှုံး..  
https://www.reuters.com/article/us-myanmar-politics-suukyi/myanmar-court-adjourns-suu-kyi-hearing-over-internet-issues-lawyer-idUSKBN2B70QO?il=0
https://www.reuters.com/article/myanmar-politics-taiwan-int/taiwan-tells-firms-in-myanmar-to-fly-flags-to-distinguish-from-china-idUSKBN2B70CQ
https://www.channelnewsasia.com/news/asia/myanmar-protests-china-very-concerned-for-safety-citizens-14412328
https://www.reuters.com/article/myanmar-politics-china-int-idUSKBN2B70Q6 

0

Leave a Reply

Your email address will not be published.