အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားသော ကော့ခ်ဘဇားဒုက္ခသည်စခန်း၌ မြန်မာ MPT ဆင်းမ်ကတ်များကို ဖမ်းဆီးရမိနေ။ ကုလသမဂ္ဂနှင့်နိုင်ငံတကာသိ ဒုက္ခသည်စခန်းကြီးတွင် ယမန်နှစ်မှစ၍ အင်တာနက် တားဆီးထား

ကော့ခ်ဘဇားဒေသရှိ အူခီယာနှင့် တက္ကနဖ်ဒုက္ခသည်စခန်းများတွင် အင်တာနက်အသုံးပြုမှုကို ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ မိုဘိုင်းအော်ပရေတာများက ပိတ်ပင်ထားသော်လည်း ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) တို့အတွက် မည်သို့မျှ ထူးခြားသွားခြင်းမရှိချေ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT (Myanmar Post and Telecommunication) ကွန်ယက်မှတဆင့် 3G နှင့် 4G ဝန်ဆောင်မှုတို့ကို ဒုက္ခသည်စခန်းအများစုတို့၌ အကြီးအကျယ် အသုံးပြုလျှက်ရှိသည်။ ၎င်းအတွက် ရရှိလာသည့် ရလဒ်မှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုများ ထူပြောလျှက် ဒုက္ခသည်ဘင်္ဂါလီတို့အတွင်း ဥပဒေပြင်ပလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေကြောင်း ဘင်္ဂလားအခြေစိုက် Ukhiya News က ယမန်နေ့ ရေးသားသည်။

တနင်္ဂနွေ ( ဇွန် ၁၄ – ရက်) မွန်းလွဲပိုင်းတွင် ( အူခီယာနယ်မြေ ရဲတပ်ဖွဲ့ ) တွဲဘက်စခန်းမှူး နီဟတ်အဒမ်တိုင်ယန် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက ဒုက္ခသည်ဘင်္ဂါလီစခန်းများအတွင်း ဝင်ရောက်စီးနင်းရှာဖွေရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MTP SIM cards ၄၀ ကို ဖမ်းဆီးရမိသည်။ ယခင်ကလည်း MTP SIM cards များကို သိမ်းဆည်းနိုင်ခဲ့ရာ အဆိုပါ ဆင်းမ်ကတ်များမှာ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။

ဒုက္ခသည်ဘင်္ဂါလီများနှင့် နီးစပ်သူတစ်ဦးအဆိုအရမူ အူခီယာနှင့် တက္ကနဖ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာ MPT SIM Card များကို ထောင်နှင့်ချီလျှက် အသုံးပြုနေကြောင်း သိရှိရသည်။ ဒုက္ခသည်ဘင်္ဂါလီအများစုတို့သည် မူးယစ်ဆေးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုကိစ္စများတွင် မြန်မာ MPT SIM ကတ်များကို အသုံးပြုလျှက်ရှိကြောင်း၊ ထို့ကြောင့်လည်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတို့အနေဖြင့် ၎င်းကဲ့သို့ မိုဘိုင်း ဖုန်းနံပါတ်များအသုံးပြု၍ ကျူလွန်သော ရာဇဝတ်များအား့ အလွယ်တကူ ကိုင်တွယ်ရန်ခဲယဉ်းလျှက်ရှိကြောင်း သိရှိရသည်။

(( ၂၀၁၉-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့ အူခီယာဒုက္ခသည်စခန်းတွင် “ဘင်္ဂါလီများ အစုအပုံလိုက်ထွက်ခွာခြင်း ၂-နှစ်ပြည့် လူထုစည်းဝေးပွဲ “ ကျင်းပပြုလုပ်ခဲ့သည်။ အာဏာပိုင်များ ခွင့်ပြုချက်မရှိပဲ ကျင်းပသည့် လူထုအစည်းအဝေးပွဲကို “ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာဆိုသူများအသင်း”၏ ဥက္ကဋ္ဌဖြစ်သူ ( မောင်တောဇာတိ) မိုဟီဘူလာ ( မူဟစ်အူလာ ) က ဦးဆောင်သည်။ အဆိုပါ လူထုအစည်းအဝေး၏ နောက်ကွယ်တွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသော ပါကစ္စတန်အခြေစိုက် အယ်လ်ခစ်မက် ဖောင်ဒေးရှင်း ရှိနေကြောင်း၊ မိုဟီဘူလာသည် အကြမ်းဖက်အဖွဲ့အစည်းတို့က လေ့ကျင့်ပေးထားသူဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း ရှိ NGO အချို့မှတဆင့်ဆက်သွယ်ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများနေရပ်မပြန်ခြင်းအပေါ် အလုပ်ဖြစ်လျှက် ရှိသော NGO အချို့မှာ အားပေးအားမြှောက်ပြုလုပ်နေကြောင်း အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်မီဒီယာတို့က ရေဆုံးရေဖျားလိုက်ကာ သတင်းရေးကြသည်။

တိုတိုပြောရလျှင် ၎င်းအတွက်နှင့် ဘင်္ဂလားဒက်ရှ်ဒုက္ခသည်များအကူအညီပေးရေးနှင့်နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီးလည်း ရာထူးတာဝန်မှ အပြောင်းအရွှေ့ဖြစ်ပြီး စခန်းတာဝန်ခံဝန်ထမ်းအချို့ အလုပ်ပြုတ်ကြသည်။ဒုက္ခသည်စခန်းများအတွင်းရှိ အကူအညီပေးရေး NGO အချို့ကို လုပ်ငန်းဆောင်ရွက်ခွင့် ရပ်စဲခြင်းအပါအဝင် NGO စုစုပေါင်း ၄၀ ကျော် ထွက်ခွာသွားခဲ့ရသည်။

ထို့ပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၏ ဒုက္ခသည်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်သူတို့၏ ခိုလှုံနေထိုင်ရာ/ နိုင်ငံတကာဝိုင်းဝန်းထောက်ပံ့မှုတွင် မှီခိုရပ်တည်နေရသူ မိန်းမ-ကလေး နှင့်-သက်ကြီးရွယ်အို ( သူတို့မီဒီယာအဆို ၁-သန်းကျော် ) တို့ အားထားရာစခန်းဧရိယာအားလုံးတွင် ဘင်္ဂလားဒက်ရှ်အစိုးရက 3G, 4G အင်တာနက်အဆက်သွယ် ဖြတ်တောက်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဘင်္ဂလားဒက်ရှ်တွင် Covid-19 ကူးစက်ရောဂါကပ်ကျရောက်လျှက်ရှိသည်။ ဒုက္ခသည်များအတွင်းကိုရိုနာဗိုင်းရပ်စ်ကာကွယ် တားဆီးရေးအတွက် အင်တာနက်ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီတို့ ဝိုင်းဝန်းဖိအားပေးသည့်တိုင် ရှိတ်ဟာစီနာက ချောက်ဂု မစိုက်ချေ။ လက်ကိုင်ဖုန်းပြောဆိုခြင်းနှင့် SMS သုံးစွဲနိုင်ခြင်းကြောင့် အင်တာနက် မလိုဟု ဆိုပါသည်။ ( သတင်းကို ဘာသာပြန်ဖော်ပြပြီး )

စကားစပ်မိ၍ ပြောရလျှင် မြန်မာနိုင်ငံအနောက်တံခါးဝရှိ AA လှုပ်ရှားမှုအများဆုံးဖြစ်ပွားသော ( မြို့နယ် ၄-မြို့ နယ်ဟု ထင်ပါသည် ) နယ်မြေတွင် အင်တာနက်အသုံးပြုခြင်းကို မြန်မာအစိုးရက ပိတ်ပင်ထားသည်။ ထိုဒေသတွင် လူစည်ကားရာ ဈေးနှင့် မြို့လည်ကောင်ဆိုသည့်နေရာတို့၌ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စစ်ဖက်နှင့် ရဲဖက်အရာရှိ-တပ်ဖွဲ့ဝင်များ သတ်ဖြတ်ဖမ်းဆီးခြင်းခံနေရသည်။ AA အကြမ်းဖက်သောင်းကျန်းသူတို့က Nativism ခေါ် ဇာတိ-ရပ်ရွာစွဲသူများ-လူမျိုးခြားမုန်းတီးရေးအခြေခံဝါဒီများဖြစ်ကြောင်း ထင်ရှားပြသရာရောက်သည့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးနှင့် စစ်တပ်များ ထွက်သွားဟု ကြေညာစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန် ထားချေသေးသည်။

အင်တာနက်ပိတ်ပင်ထားသည်ဆိုသော်လည်း ထိုဒေသရှိ စစ်ရေးနှင့် တိုက်ပွဲများဖြစ်ပွားသည့်သတင်းကိုမူ မြန်မာဘာသာဖြင့် ထုတ်လွှင့်သော ပြည်ပမီဒီယာဆိုသူတို့က နာရီပိုင်းအတွင်း ချက်ချင်းသိနေသည်။ အမေရိကန်ကဲ့သို့သော ကမ္ဘာတစ်ခြမ်းရှိနေရာမှ သတင်းပြန်ကြားပေးနေသည်။ သို့သော် ၎င်းတို့၏ လွှင့် ထုတ်ခဲ့သမျှ သတင်းတို့တွင် AA သည် အရပ်သားဝတ်စုံဝတ်လှျှက် စစ်တိုက်နေကြောင်း၊ တနည်းအားဖြင့် ရပ်ရွာအတွင်း အရပ်သားအသွင်ယူကာ တိုက်ပွဲဖော်ဆောင်နေကြောင်း၊ ကျေးရွာများအနီး ဖြတ်သွားဖြတ်လာ ပြုလုပ်လျှက် ရှိသည့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးယာဉ်တန်းများအား မိုင်းထောင်-မိုင်းခွဲနေကြောင်း တစ်လုံးမျှ မပါချေ။

ရဲနှင့် စစ်တပ်က ဖမ်းဆီး- ပစ်ခတ်သေဆုံးမှုမှန်သမျှ အရူးနှင့် အပြစ်မဲ့အရပ်သားချည့် ဖြစ်နေသည်။ AA ပြောရေးဆိုခွင့်ရှိသူနှင့် တိုက်ရိုက်မေးမြန်းခွင့် ရရှိသော်လည်း AA ဖက်မှ သေဆုံး- ထိခိုက်ဒါဏ်ရသူများအတွက် ကိုင်တွယ်ပုံကို တစ်ခါမှ မမေး၊ ရပ်ရွာအခြေပြု ပြောက်ကျားစစ်ဆင်နေသူတို့သူ သေနတ်ကျည်ပီးသော ပါဝါရိန်းဂျားများ ဖြစ်နေလေသည်။ သတင်းဝေဖန်ချက်အစီအစဉ်တို့တွင် ထင်မြင်ချက် မေးမြန်းခြင်း ခံရသူတို့သည် တစ်ခါလာလည်း ဒီလူချည့်ဖြစ်လေရာ ထိုပုပ်ကိုယ် ဘာပြောတော့မည်ကို ပါးစပ်ဟယုံနှင့်ပင် သိပြီးဖြစ်နေတော့သည်။

သေနတ်ကိုင်၍ ယူနီဖောင်းအပြည့်အစုံဝတ် AA ကို ကြည့်လိုလျှင် ၎င်းမီဒီယာတို့၏ သတင်းဆိုသည့် ဘယ်နှစ်ခုနှစ်က ရိုက်ကူးထားမှန်းမသိသော ကြားဖြတ်ထိုးကွက်လေးများတွင်သာ အားရစဖွယ်မြင်ရလေရာ တည့်တည့်ပြောလျှင် အကြမ်းဖက်အဖွဲ့အစည်းအတွက် ဝါဒဖြန့် လူသစ်စုဆောင်ပေးနေသလိုပင် ရှိတော့သည်။


ထို့ကြောင့် ထိုဒေသတွင် တစ်နေ့ထက်တစ်နေ့ အုပ်ချုပ်ရေး-လုံခြုံရေး ယိုယွင်းလာသည်။ ဖမ်းဆီးခံရသူ များပြားလာသည်။ မိန်းမ-ကလေး-သက်ကြီးရွယ်အိုအပါအဝင် စစ်ဘေးရှောင်ချည့် နှစ်သိန်းနီးပါးတို့သည် ဖြစ်သလိုနေ ဖြစ်သလိုစားကာ လာမည့် ပြင်းထန်သော မိုးရာသီ မဆိုထားနှင့် လတ်တစ်လော Covid- 19 ရောဂါကပ်ကိုပင်လျှင် ဘယ်လိုရင်ဆိုင်နေကြမှန်း မသိနိုင်တော့ချေ။


ထိုသို့ ဖြစ်လာစေရန် ယဉ်ယဉ်လေးနှင့် မီဒီယာ ဂျင်းထည့်နေခြင်းဖြစ်လေသည်။ ။ သတင်းဘာသာပြန်သူ ))


((( Ukhiya News., 15-06-2020,” Myanmar MPT SIM card seized in Rohingya camp.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ဘင်္ဂလားဒက်ရှ်ဒုက္ခသည်စခန်း_အင်တာနက်တားဆီးပိတ်ဆို့ခြင်းနှင့်_MPT

http://en.ukhiyanews.com/myanmar-mpt-sim-card-seized-in-rohingya-camp/ .

http://www.ntvbd.com/bangladesh/269455/%e0%a6%b0%e0%a7%8b%e0%a6%b9%e0%a6%bf%e0%a6%99%e0%a7%8d%e0%a6%97%e0%a6%be%e0%a6%a6%e0%a7%87%e0%a6%b0-%e0%a6%ac%e0%a6%bf%e0%a6%b6%e0%a6%be%e0%a6%b2-%e0%a6%b8%e0%a6%ae%e0%a6%be%e0%a6%ac%e0%a7%87%e0%a6%b6%e0%a7%87%e0%a6%b0-%e0%a6%a8%e0%a7%87%e0%a6%aa%e0%a6%a5%e0%a7%8d%e0%a6%af%e0%a7%87-%e0%a6%aa%e0%a6%be%e0%a6%95%e0%a6%bf%e0%a6%b8%e0%a7%8d%e0%a6%a4%e0%a6%be%e0%a6%a8%e0%a7%87%e0%a6%b0-%e0%a6%86%e0%a6%b2-%e0%a6%96%e0%a6%bf%e0%a6%a6%e0%a6%ae%e0%a6%be%e0%a6%a4-%e0%a6%ab%e0%a6%be%e0%a6%89%e0%a6%a8%e0%a7%8d%e0%a6%a1%e0%a7%87%e0%a6%b6%e0%a6%a8

http://www.ukhiyanews.com/%e0%a6%b0%e0%a7%8b%e0%a6%b9%e0%a6%bf%e0%a6%99%e0%a7%8d%e0%a6%97%e0%a6%be%e0%a6%a6%e0%a7%87%e0%a6%b0-%e0%a6%b8%e0%a6%ae%e0%a6%be%e0%a6%ac%e0%a7%87%e0%a6%b6%e0%a7%87%e0%a6%b0-%e0%a6%a8%e0%a7%87%e0%a6%aa/?fbclid=IwAR3NDq-vrBAL9aPxNJPBkkeWbKelK0_xL3LVBHeEVegVekJkiRIGCDit81U

http://www.uniindia.com/pakistan-based-al-khidmat-foundation-mastermind-behind-rohingya-rally-in-cox-s-bazar/world/news/1711940.html

https://economictimes.indiatimes.com/news/politics-and-nation/bangladesh-accuses-pakistan-of-interfering-in-its-internal-affairs/articleshow/70899944.cms

https://zeenews.india.com/india/pakistans-isi-backed-jem-radicalising-rohingya-muslims-to-carry-out-attacks-in-india-warns-bsf-2230187.html

https://www.indiatoday.in/india/story/jaish-mohammed-jem-terrorist-arrested-baramulla-jammu-kashmir-1592280-2019-08-27

https://www.thedailystar.net/country/4-allahr-dol-militants-arrested-in-dhaka-1791823

1+

Leave a Reply

Your email address will not be published.