အင်ဒိုနီးရှားက သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းနေစဉ် မြန်မာနိုင်ငံ၌ ဆန္ဒပြမှုများ ပိုမိုမြင့်တက်၊ မြန်မာအရေးနှင့် ပတ်သက်၍ သတင်းမှားယွင်းကြောင်း အင်ဒိုနီးရှားက ငြင်းပယ်သော်လည်း Reuters ထပ်မံစွပ်စွဲဖော်ပြ။ အင်ဒိုနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်တွင် တွေ့ဆုံ

မြန်မာနိုင်ငံအကြပ်အတည်းအား ထိန်းကျောင်းရန် နောက်ကွယ်တွင် အခြား အရှေ့တောင်အာရှနိုင်ငံများ ပါဝင်သော သံတမန်ရေးနည်းလမ်းတွန်းအားပေးမည့် နည်းလမ်းကို အင်ဒိုနီးရှားနိုင်ငံက ရှာဖွေနေစဉ် ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံ၌ စစ်ဖက်အုပ်ချုပ်ရေးကို ဆန့်ကျင်သော လမ်းမပေါ်ကန့်ကွက်ဆန္ဒပြမှုများ ပိုမိုများပြားလာသည်။

 ..

ဖေဖော်ဝါရီ ၁ – ရက်အာဏာသိမ်းမှုကို ရှုတ်ချပြီး ရွေးကောက်တင်မြှောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အား လွှတ်ပေးရန်တောင်းဆိုသည့် အထွေထွေသပိတ်မှောက်ခြင်းများသည် ထိပ်တိုက်တွေ့ဆုံမှုမှာ လူသေဆုံးသည့်အထိဖြစ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးနေသည့်ကြားမှ တနင်္လာနေ့တွင် အကြီးအ ကျယ် ချီတက်ဆန္ဒပြမှုများ ဖြစ်ပွားလာသည်။

..

သံတမန်ရေးအားထုတ်များကို လက်ပူတိုက်နည်း စတင်ရန်ကြိုးပမ်းသည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်နိုမာဆူဒီသည် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ရောက်ရှိရန်စီစဉ်ထားကြောင်း မြန်မာအစိုးရ၏ ပေါက် ကြားစာရွက်စာတမ်းများအရ သိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်မှစ၍ ပြည်ပသံတမန်တစ်ဦး၏ ပထမဆုံး လူသိထင်ရှား ခရီးစဉ်ဖြစ်သည်။

..

သို့သော်လည်း ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူအချို့မှာ အင်ဒိုဝန်ကြီးရက်နို၏ခရီးစဉ်အား လက်ခံ နိုင်ခြင်း မရှိပါ။ တပ်မတော်အစိုးရနှင့် သဘောတူညီချက်မဆိုပြုလုပ်ခြင်းဖြင့် ဒေါ်စုအနိုင်ရရှိသည့် နိုဝင်ဘာ ရွေးကောက်ပွဲအား အသိအမှတ်ရန် သူတို့၏ တောင်းဆိုချက်မှာ သေးသိမ်သွားမည်ကို စိုးရိမ်ကြသည်။

..

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ခု ပြုလုပ်ရေးအတွက် အရှေ့တောင်အာရှ၏ ထောက်ခံမှုရရှိရန် လှုံဆော်စည်းရုံးလျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်ကြီး များ၏ လွတ်လပ်မျှတ၊ အားလုံးအကျုံးဝင်စေမည့် ရွေးကောက်ပွဲအတွက် ဒေသတွင်းမှ စောင့်ကြည့်သူ များစေလွှတ်ရန် တောင်းဆိုကြောင်း သတင်းရင်းမြစ်များက ပြောဆိုခဲ့ကြသည်။

..

အင်္ဂါနေ့တွင် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးအပြင်ဘက်တွင် ရာနှင့်ချီသောလူများ စုဝေးခဲ့ကြပြီးလျှင် ( အင်ဒို၏ ) ရွေးကောက်ပွဲဆောင်ရွက်ချက်ကို ဆန့်ကျင်ကြောင်းထုတ်ဖော်ပြသခဲ့ကြသည်။ မွတ်ဆလင်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များမှာ ဗုဒ္ဓဟူးနေ့တွင် အခြားဆန္ဒပြမှု ပြုလုပ်ရန် အစီအစဉ်ရှိသည်။

..

ဝန်ကြီး ရက်နို၏ ခရီးစဉ်သည် တပ်မတော်အစိုးရကို အသိအမှတ်ပြုသည့် သဘောသက်ရောက်နေသည်ဟု မြန်မာအခြေစိုက်တက်ကြွလှုပ်ရှားအုပ်စုဖြစ်သည့် Future Nation Alliance က ဝေဖန်သည်။ ပြည်ပမှ တာဝန်ရှိသူများသည် နိုင်ငံခြားဆက်ဆံရေးအတွက် ဖြုတ်ချခြင်းခံထားရသည့် လွှတ်တော်ကိုယ်စားများ၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က “ ပြည်ပဆက်ဆံရေး တစ်ဦးတည်းသော တာဝန်ပေးအပ်ခြင်းခံရသူ ဦးထင်လင်းအောင်နှင့်တွေ့ဆုံရန် တောင်းဆိုသော အုပ်စုဖြစ်သည်။

..

အင်္ဂါနေ့တွင် ဝန်ကြီးရက်နိုသည် ထိုင်းနိုင်ငံ၌ ရောက်ရှိနေကြောင်း၊ ထိုမှပြီးလျှင် ဒေသတွင်းအခြားတိုင်းပြည်များ သို့ ခရီးသွားမည်ဖြစ်သော်လည်း မည်သည့်နိုင်ငံဖြစ်သည်ကို အတည်မပြုရသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

 ..

စောစောပိုင်းတွင် အဆိုပါ အရာရှိက ( မြန်မာ့ ) ရွေးကောက်ပွဲအသစ်မှာ အင်ဒိုနီးရှား၏ ရပ်တည်ချက် မဟုတ် ကြောင်း ပြောခဲ့သည်။

 ..

နိုဝင်ဘာ ၈-ရက် ရွေးကောက်ပွဲတွင် မသမာမှုများရှိကြောင်း တပ်မတော်က စွပ်စွဲပြီးနောက် ဒေါ်အောင်ဆန်း စုကြည်နှင့် ပါတီခေါင်းဆောင်အများအပြားကို ဖမ်းဆီးကာ နိုင်ငံ့အာဏာကို ထိန်းသိမ်းလိုက်သည်။ ရွေးကောက် ပွဲကော်မရှင်( ဟောင်း ) က မသမာမှု တိုင်ကြားချက်များကို ပယ်ချခဲ့သည်။

..

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါသည် စားသုံးမှုကို ယုတ်လျော့စေ၍ ခရီးသွားလုပ်ငန်း ရပ်တန့်သွားသည်။ ဤအကျပ်အတည်းသည် ( နိုင်ငံတို့အား ) အထီးကျန်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ လိပ်ပြာလန့်မှုသို့ ဦးတည်စေ သည်။

..

ကာကွယ်ရေးဦးစီးချုပ်သည် ဆန္ဒပြပွဲများကို စီးပွားရေးပြဿနာများနှင့် တိုက်ရိုက်ချိတ်ဆက်ထား ခြင်းမရှိသော် လည်း အာဏာပိုင်များက ဆန္ဒပြသူတို့နှင့် ဆက်ဆံရာတွင် ဒီမိုကရေစီနည်းလမ်းအတိုင်း ဆောင်ရွက်နေ ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကလည်း ရာဘာကျည်ဆန်ကဲ့သို့ အနိမ့်ဆုံးအင်အားကို အသုံးပြုနေကြောင်း နိုင်ငံပိုင်မီ ဒီယာများက ဖော်ပြသည်။

..

ရာစုနှစ်ဝက်နီးပါး တိုက်ရိုက်စစ်အုပ်ချုပ်ရေးကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အစုအပြုံ လိုက်နှိမ်နင်းခြင်းနှင့် နှိုင်းယှဉ်ပါက ( ယခု ) လုံခြုံရေးတပ်ဖွဲ့များသည် ပိုမို၍ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် လျှက်ရှိကြောင်း ပြသခဲ့သည်။

..

သို့တိုင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ဆန္ဒပြသူ သုံးဦး သေဆုံးသည်။ ဆန္ဒပြစဉ်ကာလအတွင်း ရရှိခဲ့ သောဒဏ်ရာများကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။

..

 ထိုစဉ်အတောအတွင်း အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြိုတွင် တွေ့ဆုံကြကြောင်း၊ အင်ဒိုနီးရှားသည် မြန်မာနိုင်ငံအကြပ်အတည်းအား အာဆီယံဦးဆောင်သည့် အဖြေရှာရေးသို့ ခြေလှမ်းတိုးမြှင့်လိုက်ကြောင်း Nikkei Asia က ယနေ့ဖော်ပြသည်။

..

(( ယမန်နေ့တွင် မြန်မာ့အရေးအကြပ်အတည်း၌ အာဆီယံဦးဆောင်သည့် အဖြေရှာရေးအတွက် ထောက်ခံမှု ကို အင်ဒိုနီးရှားက စုစည်းလျှက်ရှိကြောင်း၊ စစ်ဗိုလ်ချုပ်ကြီးများ၏ ရွေးကောက်ပွဲတွင် လွတ်လပ်မျှတ၊ အားလုံးအကျုံးဝင်စေရေးအတွက် အာဆီယံက စောင့်ကြည့်ရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များအားး ကိုးကား၍ Reuters က ရေးသားရာ၊ ကျွန်တော် ဘာသာပြန်ဆိုတင်ပြခဲ့ပါသည်။

..

ထိုမှ နာရီအနည်းငယ်အကြာတွင် အဆိုပါသတင်းမှာ မှန်ကန်ခြင်း မရှိဟု အင်နီးရှားက ငြင်းပယ်ကြောင်း Channel News Asia က ဖော်ပြပါသည်။

 ..

ယနေ့သတင်းမှာ Reuters က ထပ်မံစွပ်စွဲဖော်ပြခြင်းဖြစ်သည်။   ။ သတင်းဘာသာပြန်သူ ))

..

#အင်ဒိုနီးရှားမြန်မာနှင့်Reutersငသတင်းအေဂျင်စီ

..

((( Reuters., 24 Feb 2021, “ Myanmar faces more protests as Indonesia pursues diplomatic efforts.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

Leave a Reply

Your email address will not be published.