အင်ဒိုနီးရှားတွင် တစ်ရက်အတွင်း လူ ၂,၀၀၀ ကျော်ဖြင့် သေဆုံးမှုအ ဆိုးရွားဆုံးဖြစ်ခဲ့။ ကူးစက်ခံရသူ ၄၅,၀၀၀ ကျော်အထိ မြင့်တက်နေစဉ် အချို့တွင် ကန့်သတ်ချက်ဖြေလျှော့ပေးခဲ့။ စတုတ္ထလူဦးရေအများဆုံနိုင်ငံတွင် ၇% သာ ကာကွယ်ဆေးထိုးနှံပြီးစီး


COVID-19 ရောဂါဖြစ်ပွားလျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၂၇-ရက်နေ့၌ လူပေါင်း ၂၀၆၉-ဦး သေဆုံးခဲ့ရာ ကူးစက်ကပ်ရောဂါကာလတစ်လျှောက် အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု Nikkei Asia က ယမန်နေ့ ရေးသားသည်။

…   
ယခင် ၂၄-နာရီအတွင်း အများဆုံး လူသေဆုံးမှုအဖြစ် လွန်ခဲ့သည့် ရက်သတ္တပတ်၌ တွေ့ကြုံခဲ့ရသည့် အရေအတွက်မှာ ၁,၅၆၆-ဦးဖြစ်ရာ နောက်တစ်ရက်တွင် ၆၀၀ နီးပါးအထိ သိသိသာသာတိုးမြင့်လာခြင်းဖြစ်သည်။

…    
နိုင်ငံအတွင်း သေဆုံးပမာဏနှင့်အတူ ရောဂါပိုး ကူးစက်ခံရသူအရေအတွက်မှာလည်း ထူးခြားစွာ မြင့်တက်လာခဲ့ရာ တနင်္လာနေ့တွင် ၂၈,၀၀၀-ဦး ရှိရာမှ အင်္ဂါနေ့တွင် ၄၅,၀၀၀ ကျော်ဖြစ်လာခဲ့သည်။ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ မှတ်တမ်းများအရ ဇူလိုင်လ ၁၂-ရက်နေ့အထိ ၇-ရက်အတွင်း ရောဂါကူးစက်ခံရသူ ဦးရေမှာ ၃၅၀,၂၇၃-ဦးအထိ အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

…    
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု အမြောက်အများတွေ့ရှိနေရသော်လည်း စီးပွားရေး လုပ်ငန်းများနှင့် ဈေးဝယ်စင်တာများကို ပြန်လည်ဖွင့်လှစ်ရန် ရောဂါကူးစက်မှုဟန့်တားရေး ကန့်သတ်ချက်များကို အင်ဒိုနီးရှားအစိုးရက ဖြေလျော့ပေးခဲ့သည်။ သမ္မတ_ဂျိုကို_ဝီဒိုဒိုကမူ ဆေးရုံတက်ရသူနှုန်း လျော့ကျလာခြင်းကို ထောက်ပြ၍ စည်း ကမ်းချက်များ ပယ်ဖျက်ရခြင်းအား ခုခံကာကွယ်ခဲ့သည်။

…  
အင်ဒိုနီးရှား၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးဒေသများ၌ပင် လဟာပြင်စားသောက်ဆိုင်များတွင် စီးပွားရေးလုပ်ငန်းများ ပါဝင်လာစေရေးကို လမ်းခင်းပေးခဲ့ပြီး အလှပြင်ခန်း၊ ရိုးရာဓလေ့နှင့် ပျံကျဈေးများ၊ ဗလီဝတ်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ရှော့ပင်းမောလ်များသည် လက်ခံနိုင်သည့် ဈေးဝယ်သူ ၂၅% ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ပြီး ရုံးများအားလုံး ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

…   
ကူးစက်နှုန်း ပိုမိုလျှင်မြန်သော ဒဲလ်တာဗီဇပြောင်း မျိုးကွဲ ဗိုင်းရပ်စ်သည် မြို့ တော်ဂျာကာတာ၏ အပြင်ဘက် ထင်ရှားသောအပန်းဖြေစခန်းရှိရာ_ဘာလီ နှင့် ဂျာဗားအပါအဝင် ဒေသအနှံ့အပြားတို့၌ ရောဂါဖြစ်ပွားမှု အသစ်များကို ထပ်မံဖန်တီးလျှက်ရှိသည်။

…  
ကြာသပတေးနေ့၌ အင်ဒိုနီးရှားနိင်ငံက ကန့်သတ်ချက်များကိုလျှော့ချရန် ဆုံးဖြတ်ချက်ကို ပြန် လည်စဉ်းစားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တောင်းဆိုသည်။ အများပြည်သူ ကျန်းမာရေးနှင့် လူမှုရေးအစီအမံများ အထူးသဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် လှုပ်ရှားသွားလာမှု ကန့်သတ်ချက်များကို အကောင်အထည်ဖော်ရန် အလွန်အရေးကြီးသည်ကို အလွန်မြင့်မားသည့် ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်နေရကြောင်း လတ်တလောအခြေအနေတို့က ဖော်ပြနေသည်ဟု မှတ်ချက်ပြုခဲ့သည်။


ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် COVID-19 ရောဂါပိုးကူး စက်ခံရမှုပေါင်း ၃၁.၁၉ သန်း ရှိနေပြီး နိုင်ငံတကာတွင် ၁၄-ခုမြောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၇၆ သန်းကျော်ရှိသည့်အနက် ယခုအချိန်အထိ ကာကွယ်ဆေးကြိမ်ရေ ပမာဏ ၅၈.၇ သန်းသာလျှင် ထိုးနှံပေးနိုင်ခဲ့ပြီး ကပ်ရောဂါကာလတစ်လျောက် လူပေါင်း ၈၄,၇၆၆-ဦး သေဆုံးခဲ့ရသည်။

…  
COVID-19 ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာသဖြင့် အချိန်မီကာကွယ်ဆေး ထိုးနှံပေးရေးအတွက် မှာယူထားသော ကာကွယ်ဆေးများအနက် သြဂုတ်လတွင်  ကြိမ်ရေပမာဏ ၄၅-သန်းမှ ရောက်ရှိလာမည်ဖြစ်သည်။ မှာယူထားသော ကာကွယ်ဆေးများမှာ Pfizer, Moderna နှင့် တရုတ်လုပ် Sinovac တို့ဖြစ်ကြောင်း Russia Today က ယမန်န့ ဖော်ပြသည်။


ဇူလိုင် ၂၇-ရက်နေ့ ourworlddata အရ အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကြိမ်ရေပြည့် ထိုးနှံပြီးစီးသူ ၆.၈၂% ရှိနေပြီး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးစီးသူ ၉.၇၃%ဖြင့်  နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၁၆.၅၅% သာ လျှင် ဆေးဝါးအကာအကွယ်ရရှိသေးသည်။ 

ထိုင်းနိုင်ငံ ( ၅.၂၃% နှင့် ၁၂.၄% ) စုစုပေါင်း ၁၇.၆၃% ဖြင့် မတိမ်းမယိမ်းရှိပြီး ဖိလစ်ပိုင်မှာ (၅.၇၆% နှင့် ၄.၄၇%) စုစုပေါင်း ၁၀.၂၃% ဖြင့် ပို၍ နည်းသည်။

#အင်ဒိုနီးရှား၌ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်_တစ်ရက်အတွင်_းလူနှစ်ထောင်ကျော်သေဆုံး

…  
((( Nikkei Asia., July 26 2021,” Indonesia reports deadliest day of Covid pandemic, with 2,069 fatalities in 24 hours” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆို သည်။)))

https://asia.nikkei.com/Spotlight/Coronavirus/Coronavirus-Free-to-read/Coronavirus-latest-Thailand-logs-daily-record-of-16-533-cases
https://ourworldindata.org/covid-vaccinations
https://www.rt.com/news/530378-indonesia-deadliest-day-covid-pandemic/
https://www.rt.com/news/530228-covid-hotspot-indonesia-45-million-vaccines/
https://www.rt.com/news/530378-indonesia-deadliest-day-covid-pandemic/ 

Leave a Reply

Your email address will not be published.