အင်ဒိုနီးရှား သမ္မတအိမ်တော်အနီး ပေါက်ကွဲမှု့ဖြစ်။ စစ်သားနှစ်ဦး ဒါဏ်ရာရရှိ။

အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော်၏ အချက်အချာဧရိယာတွင်တည်ရှိသော သမ္မတအိမ်တော်အနီး ဥယျာဉ်၌ မီးခိုးလက်ပစ်ဗုံးဟု ယူဆရသော ဗုံးပေါက်ကွဲမှု့ကြောင့် အနည်းဆုံးစစ်သား ၂-ဦး ဒါဏ်ရာရရှိကြောင်း ဂျာကာတာရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။ 


ပေါက်ကွဲမှု့ဖြစ်ပွားချိန်တွင် သမ္မတ ဂျိုကိုဝီဒိုဒိုမှာ အိမ်တော်၌ ရှိမနေကြောင်း သိရှိရသည်။ ပေါက်ကွဲမှု၏ အဓိကလက်သည်မှာ မည်သည့် ဂိုဏ်း/အုပ်စုလက်ချက်ဖြစ်သည်ကို လတ်တစ်လော မသိရှိရသော်လည်း ကမ္ဘာ့မွတ်စလင်ဘာသာဝင်ဦးရေအများဆုံးနိုင်ငံ၏ ယခုနှစ်များအတွင်း ပြည်တွင်း အကြမ်းဖက်လိုခြင်းတို့ တစ်ဖန်နိုးထလာကြောင်း ပြသလျှက်ရှိသည်ဟု သတင်း၌ဖော်ပြသည်။ 


ဒေသစံတော်ချိန် နံနက် ဝရး၁၅ နာရီခန့်တွင် အမျိုးသားမော်ကွန်းဥယျာဉ်မြောက်ပိုင်း၌ မီးခိုးလက်ပစ်ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေစဉ် ဒါဏ်ရာရရှိသော စစ်သား ၂-ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ မည်သည့်အတွက် ဗုံးပေါက်ကွဲမှုဖြစ်ပွားရသည်ကို စစ်ဆေးခဲ့ပြီး အခြားထူးခြားဖြစ်စဉ် မပေါ်ပေါက်ကြောင်း၊ အခင်းဖြစ်ပွားပြီး ၃-နာရီအကြာ၌ ဥယျာဉ်ကို ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ 


ပေါက်ကွဲမှုဖြစ်ပွားရာ နေရာမှာ အင်ဒိုနီးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာန အဆောက်အအုံများနှင့်လည်း မဝေးလှ ကြောင်းသိရှိရသည်။ 


လွန်ခဲ့သည့် ၆-လက အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်အပြင်ဖက်၌ အသက် ၂၄-နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက သူ့ကိုယ်သူ ဗုံးဖောက်ခွဲခဲ့ရာ လူ ၆-ဦး ဒါဏ်ရာရရှိသည်။ အဆိုပါပေါက်ကွဲမှု့မှာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှု့များ ကျူးလွန်ခဲ့သော ဂျမားအာရှော့ရွတ်ဒိုလာ ( JAD ) အမည်ရှိအဖွဲ့ အစည်းနှင့် ဆက်နွယ်လျှက်ရှိ၍ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ IS တို့၏ ခိုင်းစေချက်ကြောင့်ဖြစ်သည်ဆို၏။ 


လွန်ခဲ့သည့် အောက်တိုဘာလ၌လည်း အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲနှင့် လုံခြုံရေးဝန်ကြီးဟောင်း ဝီရန်တိုကို အစ္စလာမ်မစ်စစ်သွေးကြွဟု ယူဆရသူတစ်ဦးက ဒါးဖြင့် ထိုးသဖြင့် ဒါဏ်ရာရရှိခဲ့သည်။ လူသိများသော ဝန်ကြီး ဟောင်း ဝီရန်တိုမှာ ယခုအခါ ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်သော်လည်း နောက်ဆက်တွဲ ခွဲစိတ်ကုသမှုများ ခံယူခဲ့ရသည်။ 

((( Reuters., DECEMBER 3, 2019, “Suspected grenade blast near Indonesia’s presidential palace hurts two.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.reuters.com/article/us-indonesia-blast/blast-at-indonesias-national-monument-park-in-central-jakarta-media-idUSKBN1Y706I 
#အင်ဒိုနီးရှား #သမ္မတအိမ်တော်အနီးဗုံးပေါက်ကွဲ #ဂျမားအာရှော့ရွတ်ဒိုလာ(JAD) 

2+

Leave a Reply

Your email address will not be published.