အစိုးရစာရွက်စာတန်းပေါက်ကြားစေမှုဖြင့် အမေရိကန်က ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးနိုင်စေရန် ဗြိတိန်၏ တရားစီရင်နေမှုကို ဝီကီလိခ်ကန့်ကွက်။ အမေရိကန်၏ စစ်ရာဇဝတ်မှုတစ်ခုကို ဗြိတိန်ပါလီမန်အဆောက်အအုံနံရံတွင် ပရိုဂျက်တာဖြင့် ထိုးပြ၍ ဝီကီလိခ်ဖွင့်ချ။

ဗြိတိန်နိုင်ငံက ၎င်းဖမ်းဆီးထားသော ဝီကီလိခ်ပူးတွဲတည်ထောင်သူ ဂျူလီယန်အက်ဆေန့်ချ်အား အမေရိကန် သို့ တရားခံအဖြစ်လွှဲပြောင်းပေးအပ်ခဲ့လျှင် အက်ဆေန့်မှာ အမေရိကန်အစိုးရစာရွက်စာတန်းများအား ပေါက်ကြားစေ မှုဖြင့် ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးခံရဖွယ်ရှိနေသည်။

ဂျူလီယန်အက်ဆေန့်ချ်အား တရားခံအဖြစ်လွှဲပြောင်းပေးအပ်ခြင်းကိုဆန့်ကျင်ရေး လှုပ်ရှားသူတစ်စုတို့က အီရတ်နိုင်ငံ၌ အမေရိကန်စစ်ဖက်က အရပ်သားများအပေါ် စစ်ရာဇဝတ်မှု့ကျူးလွန်ပုံ သတင်းမှတ်တမ်းကို ဗြိတိန်ပါလီမန်အဆောက်အအုံနံရံတွင် ပရိုဂျက်တာဖြင့် ထိုးပြကန့်ကွက်လိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

အမေရိကန်၏ ထင်ရှားသည့် စစ်ရာဇဝတ်မှု့တစ်ခုဖြစ်သော ၂၀၀၇-ခုနှစ် သတင်းမှတ်တမ်းဗွီဒီယိုကို ဆန့်ကျင်ရေးလှုပ်ရှားသူများက ဗြိတိန် ပါလီမန်အဆောက်အအုံနံရံနှင့်အတူ လန်ဒန် ဝက်စ်မင်နစ်စတာနန်းတော်နံရံတို့တွင်လည်း ပရိုဂျက်တာဖြင့် တစ်ပြိုင်တည်း ထိုးပြခဲ့ခြင်းဖြစ်သည်ဆို၏။

လှုပ်ရှားသူတို့သည် အလားတူ သတင်းဗွီဒီယိုကို ဂျူလီယန်အက်ဆေန့်ချ်အား တရားခံအဖြစ်လွှဲပြောင်းပေးအပ်ရန် တရားစီရင်မည့် Belmarsh security prison လန်ဒန် ဘဲလ်မက်ရှ်လုံခြုံရေးအကျဉ်းထောင်နံရံ၌လည်း ပရိုဂျက်တာဖြင့် ထိုးပြခဲ့သည်။ သတင်းဗွီဒီယိုနှင့်အတူ “ အက်ဆေန့်ချ်အား တရားခံအဖြစ်လွှဲပြောင်းမပေးရေး” “ ဂျာနယ်လစ်သည် ရာဇဝတ်ကောင်မဟုတ် “ ဟူသော ကြွေးကြော်သံစာသားများလည်း ထိုးပြရာတွင် ပါဝင်သည်။

အဆိုပါ ဗွီဒီယိုတို့ကို ဝီကီလိခ်အနေဖြင့် အများပြည်သူ အကျိုးစီးပွားအတွက် သတင်းပေးဖြန့်ဝေနေခြင်းဖြစ်ပြီး ဂျာနယ်လစ်တစ်ဦး၏ တာဝန်ရှိသည့်အတိုင်း အလုပ်လုပ်သော ဂျူလီယန်အက်ဆေ့န့်အား တရားစွဲဆိုနေခြင်းမှာ ဥပဒေနှင့် မညီကြောင်း တရားခံလွှဲပြောင်းပေးအပ်ခြင်း ဆန့်ကျင်သူတို့က ပရိုဂျက်တာဖြင့် ထိုးပြခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဝီကီလိခ်သည် အမေရိကန်အစိုးရက လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထာေးသာ ဗွီဒီယိုသတင်းမှတ်တမ်းတစ်ခုကို ၂၀၁၀-ခုနှစ်တွင်လည်း ဖွင့်ချထုတ်ပြခဲ့ဖူးသည်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ရိုက်တာ သတင်းထောက် ၂-ဦးအပါအဝင် ပြန့်ကြဲနေသော အရပ်သားများကို အမေရိကန်လေတပ် AH-64 အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်က သောင်းကျန်းသူများဟု မှားယွင်းထင်မှတ်ကာ ပစ်ခတ်သတ်ဖြတ်ပုံ မှတ်တမ်းဖြစ်သည်။

ဂျူလီယန်အက်ဆေ့န့်အား လာမည့် သီတင်းပတ်တွင် လန်ဒန်ဘဲလ်မက်ရှ်လုံခြုံရေးအကျဉ်းထောင်၌ အမေရိကန်သို့ တရားခံအဖြစ်လွှဲပြောင်းပေးအပ်ရန် စစ်ဆေးစီရင်မည်ဖြစ်သည်။ လွှဲပြောင်းပေးအပ်ခဲ့လျှင် အက်ဆေန့်အနေဖြင့် စွဲချက်ပေါင်း ၁၈- ချက်နှင့် တရားစွဲတင်ခြင်းခံရမည်ဖြစ်ပြီး စုစုပေါင်း ထောင်ဒါဏ် ၁၇၅-နှစ် ကျခံရ ရန် သေချာလျှက်ရှိသည်။

(( ဇာတိနေရပ်တွင် အကျဉ်းကျ/ညှင်းပန်းခံရမည့်အလားအလာရှိလျှင် နိုင်ငံရေးခိုလှုံခွင့် ပေးလေ့ရှိသည့် ဗြိတိန်က ကိုလိုနီခေတ်ကာလ ၎င်း၏ လက်အောက်ခံ ဟောင်ကောင်၊ အိန္ဒိယ၊ အိုင်ယာလန်၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ၊ ကနေဒါနှင့် နယူးဇီလန်တို့တွင် Official Secrets Act “ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ “ ကို ပြဌာန်းခဲ့သည်။

၁၈-ရာစုနှစ်အထိ ကိုလိုနီဖြစ်ခဲ့ဖူးသော အမေရိကန်၏ တည်ဆဲ Espionage Act of 1917 ၁၉၁၇ -ခုနှစ် သူလျှို အက်ဥပဒေမှာ အဆိုပါ ကိုလိုနီခေတ်ဥပဒေကို အခြေခံထားပြီး အမေရိကန်အနေဖြင့် ပထမကမ္ဘ္ဘ္ဘာစစ်အတွင်း မဝင်ရောက်မီ Trading with the Enemy Act of 1917 ၁၉၁၇-ခုနှစ် ရန်သူနှင့် “ ကုန်သွယ်ခြင်းဆိုင်ရာ အက်ဥပဒေ” အဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘ္ဘ္ဘာပေါ်တွင် ရှိသမျှလူမျိုးအကုန်လုံး အမေရိကန်၌ ရှိသည်။ အင်ဒီယန်းလူနီများရှိသော်လည်း အမေရိကန်တွင် တိုင်းရင်းသားမရှိချေ။ သို့သော် နိုင်ငံနှင့်တွဲနေသော မျိုးချစ်စိတ်မျိုးရှိသူများအဖြစ် သတ်မှတ်နိုင်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 20 Feb, 2020, “WATCH harrowing footage of 2007 Baghdad killings projected onto UK parliament wall in protest against Assange’s extradition.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဂျူလီယန်အက်ဆေန့် #ဗြိတိန်၏အမေရိကန်သို့တရားခံလွှဲပြောင်းပေးရေး #ဝီကီလိခ်

https://www.rt.com/uk/481270-assange-projection-protest-parliament/

0

Leave a Reply

Your email address will not be published.