အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲ အီရတ်တစ်နိုင်ငံလုံးပြန့်နှံ့ အရှိန် မြင့်တက်လာ။ လူအများအပြား သေဆုံးပြီး တောင်ပိုင်းမြို့များ၌ ညမထွက်ရအမိန့်ထုတ်ပြန်၊

အီရတ်နိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော အစိုးရဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြပွဲများမှာ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့အရှိန် မြင့်တက်လာစဉ် တောင်ပိုင်းမြို့များ၌ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အစိုးရဆန့်ကျင်ရေးလူစုရုံးရာမှ အကြမ်းဖက်ခြင်းများဖြစ်ပွားလာ၍ နိုင်ငံအဝှမ်း အင်တာနက်အဆက်အသွယ် ဖြတ်တောက်ထားကြောင်း သတင်းရရှိသည်ဟု Al Jazeera က ယနေ့ရေးသားသည်။

တောင်ပိုင်း နာစီရီယာမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁-ဦးအပါအဝင် အနည်းဆုံး ၃-ဦး သေဆုံးကြောင်း လေ့လာအကဲ ခတ်သူများက ပြောဆိုသည် ကန့်ကွက်ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးပြန့်နှံ့လာပြီးနောက် ဒုတိယမြောက်နေ့တွင် အကြမ်းဖက်မှုအဖြစ်ပြောင်းလဲသွားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ်နှင့် ၅-ချက်ပစ်ခတ်ပြီး မျက်ရည် ယိုဗုံးအသုံးပြုကာ လူစုခွဲသည်ကို တွေ့ရှိရသည်ဆို၏။

ဝန်ကြီးချုပ် အဒဲလ်အဗ္ဗဒူမာဒီအစိုးရ၏ တစ်နှစ်တာသက်တမ်းအတွင်း အလုပ်လက်မဲ့ဖြစ်ရခြင်း၊ အကျင့်ပျက်ခြ စားခြင်းနှင့် အစိုးရဝန်ဆောင်မှုလုပ်ငန်းများ ညံ့ဖျင်းခြင်းတို့ကြောင့် ဒေါသထွက်နေသူများက လူစုလူဝေးဖြင့် ဆန္ဒပြလျှက်ရှိသည်။ မြို့တော် ဘက္ကဒက်အပါအဝင် နာစီရီယာတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အဓိကရုန်း ဖြစ်ပွားရာ ဆန္ဒပြသူ ၂-ဦးသေဆုံး၍ လူရာချီ နီးပါးဒါဏ်ရာရရှိသည်။

၂-ရက်ကြာ ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၉-ဦးရှိကြောင်း ဆေးရုံနှင့် ရဲတပ်ဖွဲ့ဝင်များအား ကိုးကား၍ သတင်းအေ ဂျင်စီတို့က ရေးသားကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိချေ။

အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား သေနတ်နှင့် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် အခြေအနေအား ထိန်းသိမ်းနိုင်ခြင်းမရှိ၍ အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ချထားရကြောင်း ရဲအရာရှိ တို့က ပြောဆိုသည်။

မြို့တော်ဘက္ကဒက်အပါအဝင် နိုင်ငံတစ်ဝှမ်းအင်တာနက် လွှမ်းခြုံမှု တားဆီးထားသည်ကို တွေ့ရှိရပြီး ဆက်သွယ်ခြင်းမှာလည်း ၇၀ ရာနှုန်းအောက် ကျဆင်းသွားသည်။

ဗုဒ္ဓဟူးနေ့တွင် ဘက္ကဒက်မြို့တော် ပိတ်ထားသော တားဟီရ်ရင်ပြင်ဒေါင့်များ၌ ဆန္ဒပြသူအချို့ ရှိနေပြီး လက်နက် ကိုင်စစ်သားများ အဓိကရုန်းနှိမ်နင်းရေးရဲများ စောင့်ကြပ်လျှက်ရှိသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သည့်အင်္ဂါနေ့ တွင် အဆိုပါရင်ပြင်၌ တက္ကသိုလ်ကျောင်းသားများအပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာတို့ စုဝေးခဲ့ကြသည်။

ဘက္ကဒက်မြို့တော် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လမ်းမများပေါ်တွင် ဆန္ဒပြသူများ စုဝေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး၊ လေထဲသို့ သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့သည်။ ဆန္ဒပြသူများက အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ယာဉ်များရှိရာ လမ်းမပေါ်တွင် မော်တော်ကားတာယာများ စုပုံမီးရှို့ကြကြောင်း သိရှိရသည်။

(( နိုင်ငံတကာ အရံရေနံကြွယ်ဝမှုတွင် အီရတ်သည် ပဉ္စမအဆင့်၌ ရှိသည်။ အမေရိကန်ဦးဆောင် ညွန့်ပေါင်း တပ်များက ဆဒမ်ဟူစိန်ဖြုတ်ချ ကွပ်မြက်ခဲ့သည့် အီရတ်စစ်ပွဲ ( ၂၀၀၃-၂၀၁၁ ခုနှစ် ) နောက်ပိုင်း အီရတ်သည် ကောင်းစွာ နလံမထူနိုင်တော့ချေ။

လစ်ဗျား ကဒါဖီနှင့် အီရတ် ဆဒမ်ဟူစိန်တို့အား လူကောင်းများအဖြစ် မဆိုလိုပါ။ သို့သော် ၎င်းတို့မရှိ၍ ကမ္ဘာ ကြီးတွင် ပိုကောင်းမလာပဲ ပို၍သာဆိုးရွားသွားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဖူးသည်။ အစွန်းရောက်အကြမ်းဖက်သမားပေါ်လာသည်နှင့်  အာဏာရှင်ဆဒမ်ဟူစိန်က ဖမ်းဆီးသတ်ဖြတ်ပစ်လိုက် သည်။ ယခုတော့ လစ်ဗျားနှင့် အီရတ်သည် ကမ္ဘာအရပ်ရပ်မှ အကြမ်းသမားတို့ အားမွေးသွေးသစ်လောင်းရာ လေ့ကျင့်ရေးကွင်းကြီးဖြစ်နေပြီး နိုင်ငံတကာအား ခြောက်လှန့်နေသည်။

နိုင်ငံတစ်နိုင်ငံအား တာဝန်ယူအုပ်ချုပ်ရသူ၏ ကိုယ်ရည်ကိုယ်သွေး ကောင်းခြင်း-ဆိုးခြင်းသည် ၎င်းနိုင်ငံအား ကံကြမ္မာအပြောင်းအလဲဖြစ်စေသည်အထိ ဖန်တီးတတ်ကြောင်း ကြောက်မက်ဖွယ်သင်ခန်းစာပင်ဖြစ်သည်။   ။သတင်းဘာသာပြန်သူ ))

( အောက်တိုဘာ – ၀၃၊ ၂၀၁၉ ) ((( Al Jazeera., Oct.04, 2019, “ Several killed as Iraq protests escalate, spread nationwide.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.aljazeera.com/news/2019/10/iraqi-police-open-fire-day-protests-hit-baghdad-191002120630933.html

1+

Leave a Reply

Your email address will not be published.