အစ္စလာမ်ဘာသာကို လိုက်လျောနေခဲ့လျှင် ပြည်တွင်းစစ်ဖြစ်ရလိမ့်မည်ဟု ပြင်သစ်စစ်တပ် လက်ရှိနှင့် အမှုထမ်းဟောင်းများ သမ္မတကို သတိပေး၊ တာဝန်ထမ်းဆောင်စဉ် လွတ်လပ်စွာပြောဆိုလိုလျှင် အလုပ်မှနှုတ်ထွက်ရန် ပြင်သစ်ကာချုပ်ပြော။ သတိပေးချက်ကို နိုင်ငံသားထက်ဝက်ကျော် ထောက်ခံ


ပြည်တွင်းစစ်ဖြစ်မည့် အန္တရာယ်ရှိကြောင်း #သမ္မတ_အီမန်နျူရယ်_မက်ခွန်ထံ သတိပေး ရေးသားသည့်စာတွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ပြင်သစ်တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် အလုပ်မှနှုတ်ထွက်မည်ဆိုလျှင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ပြင်သစ်တပ်မတော်_ကာကွယ်ရေးဦးစီးချုပ်_ဗိုလ်ချုပ်ကြီး_ ဖန်ဆွာ့လက်ကွိုက်တီ က မှတ်ချက်ပြုလိုက်သည်ဟု Russia Today (May 12,2021) က ရေးသားသည်။…
တိုင်းပြည်၏ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ထိုကဲ့သို့  ကြေညာချက်ထုတ်ပြန်တောင်းဆိုသင့်သည်ဟု ခံစားနားလည်ကြသော အရာရှိ အရာခံ အကြပ်တပ်သားတို့အနေဖြင့် တပ်မတော်၏ ကြားနေမှုကို မထိခိုက်စေရန် အလုပ်မှ နှုတ်ထွက်ခြင်းအားဖြင့် မိမိတို့၏ ဆန္ဒရှိသည့်အတိုင်း ပြီးပြည့်စုံသော နည်းလမ်းတစ်ခုခု ကိုရှာဖွေနိုင်သည်ဟု ကြည်း-ရေ-လေနှင့် အရန်တပ်ရင်း တပ်ဖွဲ့များထံ ပေးပို့သည့် ဗိုလ်ချုပ်ကြီးလက်ကွိုင်တီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်ဆို၏။…    
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ပြင်သစ်နိုင်ငံတွင် Valeurs Actuelles အမည်ရှိ ရှေးရိုးစွဲ မဂ္ဂဇင်းတစ်စောင်၌ ရေးသားခဲ့သည့် အမည်ဖော်ပြခြင်းမရှိသော ပြင်သစ်တပ်မတော်သားများ၏ ဒုတိယမြောက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးက တုန့်ပြန်လိုက်ခြင်းဖြစ်သည်။… ပထမစာအကြိမ် သတိပေးစာ၌ နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားရန်အစ ပျိုးလျှက်ရှိကြောင်း ဖော်ပြထားပြီး ပြင်သစ်ထိပ်တန်း အငြိမ်းစားဗိုလ်ချုပ်ကြီး ၂၅-ဦး၊ တာဝန်ထမ်းဆောင်ဆဲ ရာနှင့်ချီသော အရာရှိများအပြင် တပ်သား ၁-သိန်းကျော်တို့က လက်မှတ်ရေးထိုးထားသည်။… ဒုတိယမြောက်စာသည် ပထမအကြိမ် သတိပေးစာအား အရေးယူ တုန့်ပြန်ခြင်း မရှိသည့်အပေါ် ပြစ်တင်ရှုတ်ချ၍ မက်ခွန်အစိုးရ အနေဖြင့် အစ္စလာမ်ဘာသာကို လိုက်လျောခွင့်ပြုလျှက်ရှိကြောင်း စွပ်စွဲထားပြီး ၎င်းတို့ ရည်ညွှန်းသည့်အတိုင်း ပြင်သစ်နိုင်ငံ ပြိုကွဲရမည့် အန္တရာယ်ရှိကြောင်း ထပ်မံသတိပေးခြင်းဖြစ်သည်။…   
ဒုတိယစာတွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတို့သည် ပြင်သစ်တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကြားနေရေးတာဝန်ဝတ္တရားကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း၊ ဗိုလ်ချုပ်ကြီး လက်ကွိုင်တီက ကန့်ကွက်သည်။…  
စစ်သဘောအရ တရားဝင်ခြင်း မရှိသည့် စိတ်ဓါတ်ရေးရာအရလည်း အထောက်အပံ့မဖြစ်သော ဆွေးနွေးငြင်းခုံမှုများ၌ ပါဝင်ပတ်သက်ရန် မသင့်ကြောင်း၊ တပ်မတော်သားတိုင်း လွတ်လပ်စွာ တွေးခေါ်နိုင်ကြောင်း သို့သော် နိုင်ငံတစ်သားတစ်ဦး၏ တာဝန်နှင့် စစ်သားဖြစ်လာသူတစ်ဦး၏ တာဝန်ကို ခွဲခြားနားလည်သင့်ကြောင်း ပြင်သစ်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောဆိုသည်။…    
ပထမစာသည် ဧပြီ ၂၁ ရက်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါနေ့သည် ဗိုလ်ချုပ်ကြီး_ချားလ်_ဒီဂေါ အား ဆန့်ကျင်လျှက် အယ်လ်ဂျီးရီးယားလွတ်လပ်ရေးထောက်ခံသူများ၏ မအောင်မြင်သော အာဏာသိမ်းပွဲ အကြိမ် ၆၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး #လီဂျင်း ခေါ် ပြင်သစ်တပ်မတော် ထိပ်တန်းအရာရှိများအကြား အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသော်လည်း နိုင်ငံသား ထက်ဝက်ကျော်တို့က ထောက်ခံကြကြောင်း သိရှိရသည်။… လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြောင်း ထင်ရှားသည့် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်း ၁၈-ဦးတို့အား စစ်ခုံရုံးတင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး လက်ကွိုင်တီက ပြောဆိုထားပြီး
တပ်မတော်သည် ပြင်သစ်နိုင်ငံအား ခုခံကာကွယ်ရန်ဖြစ်၍ မဲဆွယ်စည်းရုံးပွဲများတွင် ပါဝင်ရန် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး_ဖလောရင့်ပါလီကလည်း ပြောဆိုသည်။

#ပြည်တွင်းစစ်အစပျိုးနေဟုပြင်သစ်ဗိုလ်ချုပ်ကြီးဟောင်းများသတိပေး

(((Russia Today., 13 May, 2021,” French troops who warned Macron of ‘brewing civil war’ must RESIGN if they put free speech over duty, army chief of staff says.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/523658-france-military-letter-war-resign/
https://www.rt.com/news/523363-france-military-civil-war/
https://www.rt.com/news/522646-france-poll-country-disintegrating/ 

0

Leave a Reply

Your email address will not be published.