အစ္စရေးကိစ္စ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ၁၄-နိုင်ငံ ထောက်ခံသော်လည်း အမေရိကန်၏ ဗီတိုကြောင့် ကြေညာချက် ထုတ်ပြန်နိုင်ခြင်း မရှိ။ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်များ နေရာယူ


အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရန်လိုမုန်းတီးမှုများ ပိုမိုဆိုးရွားလာစဉ် ဗုဒ္ဓဟူးနေ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နောက်တစ်ကြိမ် ထပ်မံကျင်းပခဲ့သည်။ သို့သော်လည်း အစ္စရေး၏ အဓိက မဟာမိတ်ဖြစ်သော အမေရိကန်၏ ကန့်ကွက်မှုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်း မရှိပဲ ပြီးဆုံးခဲ့ရပြန်သည်ဟု သံတမန်များက ပြောဆိုကြောင်း၊ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်များက နေရာယူလျှက်ရှိသည်ဟု AFP က ယမန်နေ့ ရေးသားသည်။…  
ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ စိုးရိမ်ပူပန်ကြောင်း ပြသရန် လုံလောက်သည်ဟု အမေရိကန်က ရှု့ မြင်ကြောင်း သို့ရာတွင် ကြေညာချက်ထုတ်ပြန်ခြင်းမှာ ပဋိပက္ခဖြစ်ပွားမှုကို လျော့ကျစေရန် အထောက်အကူပြု သည်ဟု မယူဆကြောင်း သံတမန်တစ်ဦးက ပြန်လည်ပြောဆိုသည်။…   
သတင်းရပ်ကွက်များ၏အဆိုအရ တင်းမာမှုများ လျှော့ချရေးအတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ရန် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံတို့က ထောက်ခံခဲ့ကြောင်း သိရှိရသည်။…    
အရေးပေါ်အစည်းအဝေးနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ မှတ်ချက်ကို လောလောဆယ် မရရှိသေးချေ။…   
သံတမန် သတင်းရပ်ကွက်တစ်ခုကမူ တနင်္လာနေ့မှစ၍ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အကြမ်းဖက်မည့် အန္တရာယ်များ အတောမသတ် ထိုးတက်လျှက်ရှိကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က အစည်းအဝေးတွင် တင်ပြခဲ့သည် ဆို၏။…   
တနင်္လာနေ့တွင် ကျင်းပသည့် ပထမဆုံး အရေးပေါ်အစည်းအဝေးတွင် တူနီးရှား၊ နော်ဝေနှင့် တရုတ်နိုင်ငံတို့က အဆိုပြုသည့် ပါဝင်ပတ်သက်သူအားလုံးတို့အနေဖြင့် ရန်စမှုများမှ ရှောင်ရှားရန်ဆိုသော စာသားကို အမေရိကန်က ထောက်ခံရန်ငြင်းဆန်ခဲ့သည်။…  
ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်မှုသတင်းများ ထပ်မံထွက်ပေါ်လာပြီး ဂျူးနှင့်အာရပ်တို့ ရောနှောနေထိုင်ရာ မြို့များတွင် အဓိကရုန်းများ ဖြစ်ပွားနေခြင်းကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ကြောက်မက်ဖွယ် အကြမ်းဖက်မှုများနှင့် ဘက်စုံစစ်ပွဲအဖြစ်သို့ ရောက်ရှိလာမည်ကို စိုးရိမ်မှုများတိုးမြင့်လာရသည်။…   
ဂါဇာကမ်းမြှောင်ဒေသ၏ ၇ နှစ်အတွင်း အပြင်းထန်ဆုံး ရန်လိုတိုက်ခိုက်မှုများတွင် ကလေးငယ် ၁၄-ဦး အပါအဝင် ၅၃- ဦး ထက်မနည်း သေဆုံးခဲ့သည်။ အစ္စရေးလူမျိုး ၆-ဦး သေဆုံးကြရာတွင် အစ္စရေးစစ်သား ၁-ဦးပါဝင်ပြီး အိန္ဒိယနိုင်ငံသား ၁- ဦးလည်း သေဆုံးသည်။

#ကုလလုံခြုံရေးကောင်စီ၏_အစ္စရေးကိစ္စ_အမေရိကန်၏_ဗီတိုကြောင့်_ကြေညာချက်_ထုတ်ပြန်နိုင်ခြင်း_မရှိ

(((AFP., May 12, 2021,” UN Security Council meets on Israel but US blocks statement.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://news.yahoo.com/un-security-council-meets-israel-151645863.html 

+1

Leave a Reply

Your email address will not be published.