အစ္စရေးထံမှ မိုဘိုင်းကြားဖြတ်ထောက်လှမ်းရေးကိရိယာ ဝယ်ယူခဲ့သည်ဟု Al Jazeera ၏ ရေးသားချက် မမှန်ဟု ဘင်္ဂလားဒေ့ရှ်တပ်မတော် ငြင်းဆို။ ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှုနှင့် သေဒဏ်အပြစ်ပေးခြင်း ခံထားရသော ဗြိတိသျှလူ့အခွင့်အရေးလှုပ်ရှားသူ အပါအဝင် အကျင့်ပျက်တစ်စု၏ လုပ်ကြံသတင်းဖြစ်ဟုဆို


အစ္စရေးနိုင်ငံထံမှ မိုဘိုင်းကြားဖြတ် ( ထောက်လှမ်းရေး ) ကိရိယာဝယ်ယူခဲ့သည်ဟု သတင်းများရေးသားနေကြခြင်းမှာ လုံးဝမှားယွင်းပြီး အခြေအမြစ်မရှိကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်က ပြစ်တင်ရှုတ်ချလိုက်သည်ဟု Dhaka Tribune နှင့် ဒါကာအခြေစိုက် မီဒီယာများက ယမန်နေ့ရေးသားသည်။..   


“ ဝန်ကြီးချုပ်၏ လူများအားလုံး “ အမည်ဖြင့် Al Jazeera သတင်းအေဂျင်စီကဖော်ပြသည့် မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ်က အစ္စရေးထံမှ မိုဘိုင်းကြားဖြတ် ( ထောက်လှမ်းရေး ) ကိရိယာကို ဝယ်ယူခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်က အင်္ဂါနေ့တွင် ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။..  


အဆိုပါ သတင်းမှာ မှားယွင်းကြောင်း၊ အဖြစ်မှန်မှာ ၎င်းကိရိယာအား ဟန်ဂေရီနိုင်ငံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ပါဝင်သည့် ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ကုလသမဂ္ဂမစ်ရှင်များတွင် ဖြန့်ချထားရန်သာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ပြည်တွင်း ပြည်သူ့ဆက်ဆံရေးဋ္ဌာန ISPR ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။..

ဖေဖော်ဝါရီ ၂-ရက်နေ့ရက်စွဲပါ Al Jazeera သတင်းရုပ်သံချန်နယ်၏ ဖော်ပြချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်တပ်မတော်စစ်ဋ္ဌာနချုပ်က သတင်းထုတ်ပြန်ရာ၌ လူတစ်စု၏ မကောင်းသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံမှုအဖြစ် ပြင်းထန်သော စကားအသုံးအနှုန်းများဖြင့် ပြစ်တင်ရှုတ်ချထားသည်။..  


Al Jazeera က ရေးသား/ ဖော်ပြခဲ့သည့် အစ္စရေးလုပ်ဆိုသည်မှာ ( ဘင်္ဂလားဒေ့ရှ်တွင် ) ဘယ်မှာမျှ မရှိကြောင်း၊ အစ္စရေးဆိုသည်မှာ ဘင်္ဂလားဒေ့ရ်ှနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဝယ်ယူဖြည့်တင်းရန် တရားဝင်သံတမန်အဆက်အသွယ် မရှိသည့် တိုင်းပြည်ဖြစ်ကြောင်း၊..  


( ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်၏ ) လတ်တစ်လော တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် အားထုတ်လျှက်ရှိသည့် အုပ်စု၏ နောက်မြီးဆွဲက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးမှုဖြင့် ဘင်္ဂလားဒေ့ရှ်စစ်တက္ကသိုလ်က ထုတ်ပယ်ခဲ့သည့် အရာရှိဟောင်းတစ်ဦးဖြစ်သူ #ဇူကာနီဆီယာခန်၏ တစ်စိတ်တစ်ပိုင်းပြောဆိုချက်၊ နာမည်ဆိုးဖြင့်ကျော်ကြားသော Netra News သတင်းစာ၏အယ်ဒီတာချုပ်ဖြစ်သူ #တက်စနီးခါလစ်နှင့် ( ဘင်္ဂလားဒေ့ရှ် ) နိုင်ငံတကာရာဇဝတ်တရားရုံးက ( ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှုနှင့် စပ်လျဉ်း၍ (သေဒဏ်အပြစ်ပေးခြင်း ခံထားရသူ ) တရားခံတစ်ဦးဖြစ်သော ( ဗြိတိသျှ လူ့အခွင့်အရေးလှုပ်ရှားသူ ) #ဒေးဗစ်ဘတ်ဂ်မန်း၏ ပြောဆိုချက်တို့ကို ( Al Jazeera က ) သတင်းအဖြစ် လွှင့်ထုတ်ခြင်းဖြစ်ကြောင်း၊ ( ၎င်းတို့၏ ) အတိတ်သမိုင်း တစ်လျှောက်တွင် ဆိုးရွားသော ပုဂ္ဂိုလ်ရေးနှင့် မမှန်ကန်သော လှုံ့ဆော်မှုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြောင်း၊..  


Al-Jazeera ကဲ့သို့သော နိုင်ငံတကာသတင်းရုပ်သံလိုင်းကိုယ်တိုင်သည် ရာဇဝတ်မှုကျူးလွန်ကြောင်း မှတ်တမ်းရှိသည့် အပြစ်သားအုပ်စုနှင့် မည်ကဲ့သို့ ဆက်စပ်ပတ်သက်သည်ကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း၊ ၎င်းတို့ဖော်ပြသည့် သတင်းသည် မတူညီသော မှတ်တမ်းများ၊ လူမှုရေးနှင့်ပုဂ္ဂလိကဆိုင်ရာ အကြောင်းအရာများကို ဗွီဒီယိုကိုနည်းပညာသုံး၍ စုစည်းထားခြင်းဖြစ်ကြောင်း၊ ဆက်စပ်မှုမရှိသော အဖြစ်အပျက်ပေါင်းများစွာကို နောက်ခံစကားပြောများ ဖြည့်သွင်း၍ တည်းဖြတ်ထားခြင်းသာဖြစ်ကြောင်း၊..   


Al Jazeera က ဖော်ပြချက်တစ်ခုလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် မတူကွဲပြားသော အစိုးရအဖွဲ့အစည်းများအကြား သဟဇာတဖြစ်မှုကို ဖြိုခွဲရန် လုပ်ဆောင်မှု သက်သက်အဖြစ် ဘင်္ဂလားဒေ့ရှ်တပ်မတော်က ရှုမြင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် ဖွဲ့စည်းပုံနှင့် နိုင်ငံတော်အစိုးရအပေါ် အစဉ်တစ်စိုက်လေးစားမှုရှိခဲ့ကြောင်း၊ တပ်မတော်အတွင်း အထက်အောက် ပြန်လှန်သစ္စာရှိမှုမြင့်မားစွာဖြင့် စည်းကမ်းသေဝပ်သည့် တပ်မတော်ဖြစ်ပြီး ကျွနု်ပ်တို့ချစ်မြတ်နိုးသော နိုင်ငံတော်တည် ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွင် ပါဝင်လျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ပြည်တွင်း ပြည်သူ့ဆက်ဆံရေးဋ္ဌာန ISPR ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
…..  


(( ယခုသတင်းတွင် ပါရှိသူများအနက် ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိဟောင်းဖြစ်သူ ဇူကာနီဆီယာခန်သည် ကက်ရှ်မီးယားဇာတိဖွားဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နှင်ထုတ်ခံရပြီးနောက် အိန္ဒိယဆန့်ကျင်ရေး ကက်ရှ်မီးယား ပြောက်ကြားစစ်ပွဲများတွင် တပ်မှူးဖြစ်လာခဲ့ပါသည်။ ၁၉၇၂-ခုနှစ်တွင် ပါကစ္စတန်၌ ကွယ်လွန်ခဲ့ပြီးဖြစ်သည်။
..

( ဗြိတိသျှ လူ့အခွင့်အရေးလှုပ်ရှား သူ ) #ဒေးဗစ်ဘတ်ဂ်မန်းသည် ၁၉၇၁-ခုနှစ် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲတွင် မမှန်သတင်းရေးသားမှုဖြင့် ( ဘင်္ဂလားဒေ့ရှ်အစိုးရက တည်ထောင်သော ) နိုင်ငံတကာ တရားခုံရုံးတော် က ၂၀၁၅-ခုနှစ်တွင် သေဒဏ်ချမှတ်ထားသူဖြစ်သည်။ ဗြိတိသျှနိုင်ငံသားဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား ကမဲလ်ဟိုစိန်၏ သားမက်ဖြစ်သည်။
..


#တက်စနီးခါလစ်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ပြေး ဂျာနယ်လစ်တစ်ဦးဖြစ်သည်။ ယခုအခါ ဆွီဒင်နိုင်ငံသား ခံယူထားပြီး၊ ၎င်းနိုင်ငံ၌ နေထိုင်လျှက်ရှိသည်။ ။ သတင်းဘာသာပြန်သူ ))
..


#အစ္စရေးထံမှမိုဘိုင်းကြားဖြတ်ကိရိယာဝယ်ယူခဲ့သည်ဆိုခြင်း #ဘင်္ဂလားဒေ့ရှ်တပ်မတော် ငြင်းဆို။..   


((( Dhaka Tribune., February 2nd, 2021,” Bangladesh Army denies procuring Mobile Interceptor Device from Israel.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..

https://www.dhakatribune.com/bangladesh/military-affairs/2021/02/02/bangladesh-army-denies-procuring-mobile-interceptor-device-from-israel
https://bdnews24.com/bangladesh/2021/02/03/al-jazeeras-report-is-part-of-anti-bangladesh-conspiracy-home-minister
https://bdnews24.com/bangladesh/2021/02/02/bangladesh-dismisses-al-jazeera-report-as-politically-motivated-smear-campaign
https://bdnews24.com/bangladesh/2021/02/02/bangladesh-army-denounces-false-information-in-al-jazeera-report
https://www.thedailystar.net/frontpage/news/army-hq-condemns-al-jazeera-report-2038157 

0

Leave a Reply

Your email address will not be published.