အတ္တလန်တာ ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် နောက်ထပ် အမေရိကန်လူမည်းတစ်ဦးသေဆုံးရမှု ဖြစ်စဉ်မှတ်တမ်း ရုပ်သံ ထွက်ပေါ်

လွန်ခဲ့သည့် သောကြာနေ့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့တွင် အရက်မူးနေသူ လူမည်း ရေးရှရတ် ဘရွတ်စ်အား လူဖြူ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ရေးရှရတ် ဘရွတ်စ်သေဆုံးသည်။ 

ရေးရှရတ်ဘရွတ်စ်သည် ဖမ်းဆီးသည်ကို ခုခံပြီး ရဲတပ်ဖွဲ့ဝင်၏ ကျင်စက်သေနတ်အား လုယူထွက်ပြေးသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရာ ရဲတပ်ဖွဲ့ဝင်၏ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော BodyCam, ကားတွင် တပ်ဆင်ထားသော DeshCam နှင့် အနီး Fast food restaurant မှ CCTV မှတ်တမ်းတို့ ပါဝင်ကြောင်း နိုင်ငံတကာမီဒီယာတို့က ယနေ့ဖော်ပြသည်။ 

မင်နီဆိုတာပြည်နယ်တွင် လူမည်းဂျော့ချ်ဖလွိုက် သေဆုံးရခြင်းကြောင့် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားလျှက်ရှိစဉ် ဂျော်ဂျီယာပြည်နယ်၌ နောက်ထပ်လူမည်းတစ်ဦးသေဆုံးရသဖြင့် အတ္တလန်တာမြို့၌ ကန့်ကွက်ဆန္ဒပြပွဲများမှ မီးတင်ရှို့ခြင်းနှင့် ဆူပူမှုအဓိကရုန်းများ ဖြစ်ပွားလျှက်ရှိသည်။ 

အတ္တလန်တာ ရဲတပ်ဖွဲ့အကြီးအကဲလည်း ရာထူးမှ နှုတ်ထွက်သွားသည်။ 

အစဉ်လေးစားစွာဖြင့် 
#HtayOung, #OungMarine 

#အတ္တလန်တာရဲတပ်ဖွဲ့ဝင်က_သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့်နောက်ထပ်အမေရိကန်လူမည်းတစ်ဦးသေဆုံး

https://www.rt.com/usa/491764-bodycam-video-atlanta-police-rayshard-brooks/

1+

Leave a Reply

Your email address will not be published.