အပိုင်း ( ၁ ) ARSA အတွင်းရေး

ARSA မူဂျာဟေဒင် ထိပ်သီးခေါင်းဆောင်တစ်ဦးဆီက သိမ်းဆည်းရမိခဲ့တဲ့ ကွန်ပျူတာအပြင် အခြား ဖမ်းဆီးရမိခဲ့တဲ့ Hard drive တွေ၊ မိုဘိုင်းဖုန်းတွေဟာ အံ့ဩစရာကောင်းတဲ့ အချက်အလက်တွေကို ဖွင့်ချပြလိုက်ပါတယ်။

ဒီအစီအစဉ်ကို တင်ပြသူက Rick Hizman ဖြစ်ပါတယ်။

ကွန်ပျူတာမှာ ပါလာတဲ့ ရုပ်ထွက်ကောင်းတဲ့ ဗီဒီယို ၇၀၀ ကျော်က ပြသနေတဲ့အချက်တွေကတော့ –

နံပါတ်တစ်အနေနဲ့ ဘင်္ဂါလီမွတ်စလင်တွေရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေအကြောင်း သင်ယူ လေ့ကျင့်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်တန်းပေါ်က လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေ

နံပါတ်နှစ်အနေနဲ့ ဘင်္ဂလီမွတ်စလင် စစ်သွေးကြွတွေက ခြုံခိုတိုက်ခိုက်နည်း၊ ဓားစာခံပြန်ပေးဆွဲနည်း၊ လုပ်ကြံသတ်ဖြတ်နည်းလိုမျိုး နည်းစနစ်တွေကို သူတို့ကိုအဓိကထောက်ပံ့တဲ့ ဆော်ဒီအာရေဗျမှာ သွားရောက်လေ့ကျင့်နေကြတာတွေ

နံပါတ်သုံးအနေနဲ့ ဘင်္ဂလီမွတ်စလင်တွေအတွက် ဝါဒဖြန့်ရေး၊ လူမျိုးကြီးဝါဒရေးရာ၊ လေ့ကျင့်ရေးနဲ့ ငွေထောက်ပံ့ရေး ကိစ္စတွေကို ညွှန်ကြားနေတဲ့ ဆော်ဒီရောက် ‘အာရကန်ရိုဟင်ဂျာ မူဂျဟီဒင်’ကောင်စီနဲ့ ဘင်္ဂါလီဘာသာစကားအသုံးပြုပြီး အချိန်အကြာကြီး ဆွေးနွေးခဲ့ကြတာတွေ

နံပါတ်လေးအနေနဲ့ မေယုတောင်တန်းပေါ်က လျှို့ဝှက်စခန်းမှာ လေ့ကျင့်နေကြတဲ့ စစ်သွေးကြွတွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ပေးနေတဲ့ ကျေးရွာထောက်ပံ့ရေးစနစ်အကြောင်း ဒါဇင်နဲ့ချီတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ

 နံပါတ်ငါးအနေနဲ့ သူ့ရဲ့ ကြမ်းတမ်းပြီး လူမျိုးရေးဝါဒီဆန်တဲ့ ရည်မှန်းချက်တွေအကြောင်း ပေါ်ပေါ်တင်တင် ပြောပြနေကြတဲ့ အဲ့ဒီစစ်သွေးကြွတွေနဲ့  တွေ့ဆုံမေးမြန်းထားတာတွေ၊ သူတို့ကိုယ်တိုင်ပြောပြတဲ့  သက်သေခံချက်တွေ

နံပါတ်ခြောက်အနေနဲ့ C3၊ C4၊ RDX၊ TNT၊ PETN ဖောက်ခွဲရေးပစ္စည်းတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ထိထိရောက်ရောက်အသုံးပြုရပုံတွေအကြောင်း ဖော်ပြထားတဲ့ စာဖိုင်တွေ

နံပါတ်ခုနစ်အနေနဲ့ လက်နက်လုပ်နည်း၊ ဗုံးလုပ်နည်း၊ မြေမြှုပ်မိုင်းလုပ်နည်း၊ အဆိပ်ရှိဓာတုပစ္စည်းတွေ ရောစပ်နည်း၊ အနီးကပ်တိုက်ခိုက်နည်း၊ ဓားမြောင်သုံးတိုက်ခိုက်နည်း စတာတွေအကြောင်း ရာနဲ့ချီတဲ့ ဗီဒီယိုတွေအပြင် ISIS ပုံစံလိုမျိုး  ရွံ့ရှာစက်ဆုပ်ဖွယ် ညှင်းပန်းသတ်ဖြတ်နည်းတွေအကြောင်း ဒါဇင်နဲ့ချီတဲ့ အထောက်အထား ဗီဒီယိုတွေ

နံပါတ်ရှစ်အနေနဲ့ ကမ္ဘာ့အထင်အမြင်ကို လွှမ်းမိုးခြယ်လှယ်ဖို့အတွက်အပြင် မီဒီယာတွေ၊ ကမ္ဘာ့ခေါင်းဆောင် တွေ၊ NGO တွေ၊ ပညာတတ် ကြက်တူရွေးအာဂုံဆောင်သမားတွေနဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ကမ္ဘာကြီးကို အရူးလုပ်ဖို့အစီအစဉ်တွေ၊ ကိုယ့်ရဲ့ ဘာသာစကားကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ နိုင်ငံရေး အထာနပ်မှုတွေကို ကောင်းကောင်းကြီးအသုံးချပြီး အနောက်နိုင်ငံတွေမှာ ကျင်လည်လှုပ်ရှားနေတဲ့ မူဂျာဟေ ဒင်အရေး လှုပ်ရှားသူတွေနဲ့ ပွဲထွက်မင်းသားတွေရဲ့ ကွန်ရက်တွေအကြောင်း စသည်ဖြင့် အတွင်းကျကျ ဖွင့်ချထားတဲ့ အချက်အလက်တွေ

အခုအစီအစဉ်ဟာ လုပ်ဆောင်ဆဲစစ်ဆင်ရေးတစ်ခု ဖြစ်တာကြောင့် Rick Hizman တို့အနေနဲ့ ဒီကွန်ပျူတာကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုသိမ်းဆည်းရမိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုလို့ မရပါဘူး။

အချိန်အခါသင့်ရင်တော့ ဒီကိစ္စအကြောင်း နောက်ထပ်အချက်အလက်တွေ ချပြလို့ ရနိုင်ပါတယ်။

Hard drive တွေ၊ memory stick တွေ၊ မိုဘိုင်းဖုန်းတွေ အပါအဝင် သိမ်းဆည်းရမိတဲ့ အခြားပစ္စည်းတွေနဲ့ ဒီကျွန်ပျူတာဆီကနေ ရလာတဲ့ အချက်အလက်တွေ အများကြီးကို စစ်ဆေး၊ အမျိုးအစားခွဲ၊ ဘာသာပြန် ရတာအတွက် Rick Hizman တို့ဟာ ငါးလအထိ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပါတယ်။

ဒီကွန်ပျူတာရဲ့ ပိုင်ရှင်ကတော့ ARSA အဖွဲ့ခေါင်းဆောင် အတ္တားအူလ္လာရဲ့ အစ်ကို ရာရှက်ဒ်အူလ္လာပဲ ဖြစ်ပါ တယ်။

ရာရှက်ဒ်ကတော့ ARSA အဖွဲ့မှာ ဒုတိယခေါင်းဆောင်လို့ သိရပါတယ်။

ရာရှက်ဒ်ဟာ သူ့ညီ အတ္တားလိုပဲ ပါကစ္စတန်ဇာတိဖြစ်ပြီး ဆော်ဒီမှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီမှာပဲ ဆော်ဒီနဲ့ပါကစ္စတန်ဆီက အဆက်အသွယ်တွေကိုသုံးပြီး စီစဉ်အကွက်ချတာတွေ၊ ငွေကြေးအထောက်အပံ့ရှာတာတွေ လုပ်ခဲ့ပါတယ်။

ကွန်ပျုတာထဲမှာ သူ့ရဲ့ ဇနီးနဲ့သားသမီး၊ ဆော်ဒီလိုင်စင်နံပတ်ပြားတပ် ကိုယ်ပိုင်ကား၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သက်သေခံကတ်ပြားအတုတွေ စတဲ့ ဓာတ်ပုံတွေလိုမျိုး ကိုယ်ရေးကိုယ်တာပစ္စည်းတွေ အများကြီး ပါနေ ပါတယ်။

ဒီအထောက်အထား အပုံအပင်ကို ကုလသမဂ္ဂအဖွဲ့တွေ၊ ICC၊ ICJ ၊ သံရုံးတွေအပြင် အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျ၊ ထိုင်း၊ အိန္ဒိယနဲ့ အခြားအခြားသောနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဆီ ပို့ပေးထားပြီးဖြစ်လို့ အချို့ဆီကို အခုဆိုရောက်ရှိနှင့်နေပါပြီ။

ဒီအချက်အလက်တွေအရ ဆော်ဒီအာရေဗျဟာ ကြံရာပါနေရာက ပါဝင်နေတာကို ထင်ထင်ရှားရှား တွေ့ နေရပါတယ်။ အချုပ်အခြာအာဏာပိုင် သူတစ်ပါးနိုင်ငံတစ်ခုမှာ အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ပြီး ပိုင်နက်နယ်မြေသိမ်းကြဖို့ ရည်ရွယ်ချက်အတွက် ကိုယ့် မြေပေါ်မှာ လေ့ကျင့်၊ လက်နက်တပ်ဆင်၊ ငွေထောက်ပံ့ပေးထားတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ချေမှုန်းဖို့အရေးမှာ ဆော်ဒီအာရေဗျအနေနဲ့ ပူးပေါင်းကူညီလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

(( ယခု ရုပ်သံလွှင့်တင်နိုင်ရေးအတွက် Nay Myo Tun နှင့် Kyaw Sanoo တို့က ကူညီ ကျေးဇူးပြုပါသည်။)

95+

Leave a Reply

Your email address will not be published.