အပိုင်း ( ၂ ) ARSA အတွင်းရေး

မွတ်စလင်စစ်သွေးကြွတွေရဲ့ စစ်ချီတေးကို ဖွင့်ပြပြီးတဲ့နောက် ဒီသတင်းမှာပါလာတဲ့ အဓိကအမျိုးအစား တွေအကြောင်း ဆက်လက်ပြီး အသေးစိတ်ရှင်းပြပါမယ်။

ဒါကတော့ အာရကန်ရိုဟင်ဂျာ မူဂျာဟေဒင်ရဲ့ စစ်ချီတေးပါ။

အခုပြောမှက မေယုတောင်တန်းပေါ်က စစ်သွေးကြွလေ့ကျင့်ရေးအကြောင်း နောက်ထပ်အသေးစိတ် အချက်အလက်တွေပါ။

လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေမှာ ရိုက်ကူးထားတဲ့ ရုပ်ထွက်ကောင်း ဗီဒီယိုတွေဟာ တစ်ရာနီးပါးရှိပြီး ဓာတ်ပုံတွေဆိုရင် ရာနဲ့ချီပါတယ်။

ဒီလေ့ကျင့်ရေးစခန်းကတော့ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနဲ့ မောင်တောမြို့နယ် သရေကုန်းဘောင်ကျေးရွာအကြား မေယုတောင်တန်းပေါ်မှာ တည်ရှိပါတယ်။

အဲဒီနားက တောင်ပေါ်ကျေးရွာတွေဆီ Rick Heizman သွားရောက်မေးမြန်းခဲ့ရာမှာ ဒီစခန်းအကြောင်းကို ရခိုင်၊ သက်၊ ခမီ ရွာသားတွေက ပြောပြကြပါတယ်။

တောထဲတောင်ထဲမှာ ခရုကောက်၊ မျှစ်ချိုး သွားကြတဲ့ ရွာသားတချို့ ဘယ်လိုပျောက်သွားကြပုံ ရွာကလူတွေ လိုက်ရှာကြတော့မှ လေ့ကျင့်ရေးစခန်းတွေနဲ့ မှောင်ခိုလမ်းကြောင်းတွေ တွေ့လာရပုံ ဆိုတဲ့အကြောင်း တွေ ပြန် ပြောပြကြပါတယ်။

ဒီစခန်းဟာ မြောက်ပိုင်းမှောင်ခိုလမ်းကြောင်းပေါ်မှာတည်ရှိနေပြီး ဖမ်းမိထားတဲ့ ARSA စစ်သွေးကြွတွေ ကလည်း ဒီလမ်းကြောင်းတစ်လျှောက် မြေအောက်ဘန်ကာတွေနဲ့ တူးမြောင်းတွေမှာ သူတို့တွေ မှောင်ခိုသွင်း လာပြီး ဖွက်ထားကြတဲ့ ဓား၊ သေနတ်၊ ကျည်၊ ငွေသား ပမာဏတွေအကြောင်းကို အတော်အသေးစိတ်ကျကျ ဖြောင့်ချက်ပေးထားပါတယ်။

Rick Heizman ကိုယ်တိုင်လည်း အဲဒီလိုဘန်ကာတစ်လုံးကို မောင်တောမြို့နယ်တောင်ပိုင် ကျောက်ပန်ဒုမှာ တွေ့ခဲ့ရပါတယ်။

ရာရှက်ဒ်အူလ္လာဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ရခိုင်ပြည်နယ်ထဲကို အကူအညီအစောင့်အရှောက်တွေနဲ့ ခိုးဝင်ပြီး မေယုတောင်တန်းပေါ်က ဒီလေ့ကျင့်ရေးစခန်းဆီ ရောက်လာခဲ့ပါတယ်။

အခုပြောမှာကတော့ ဆော်ဒီအာရေဗျမှာ စစ်သွေးကြွလေ့ကျင့်ရေး သင်တန်းပေးနေကြတဲ့အကြောင်း နောက်ထပ်အသေးစိတ်အချက်တွေပါ။

ဆော်ဒီအာရေဗျ လေ့ကျင့်ရေးစခန်းတွေမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ထွက်ကောင်း ဗီဒီယိုတွေ တစ်ရာကျော် ရှိပါတယ်။

ရာရှက်ဒ်အူလ္လာဟာ လက်နက်အသုံးပြုခြင်း၊ ဓားစာခံပြန်ပေးဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ်တွေအတွက် လေ့ကျင့်ပေးရာမှာ ညွှန်ကြားရတဲ့အတွက် ကိစ္စအားလုံးမှာ ဦးစီးဦးဆောင်ရသူ ဖြစ်မှန်း မြင်သာပါတယ်။

သူတို့ဟာ ဆော်ဒီအာရေဗျရောက်နေပေမဲ့ ပြောဆိုကြတဲ့ ဘာသာစကားကတော့ စစ်တကောင်းဒေသိယ ဘဂါၤလီစကားပဲဖြစ်ပြီး ‘ရိုဟင်ဂျာ’ဆိုသူ ဘင်္ဂါလီတွေ သုံးကြတဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်မှာ ဆိုကြတဲ့ ဒီစစ်ချီတေးကိုပဲ ဆော်ဒီမှာလည်း ဆိုကြပါတယ်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

(( ယခု ရုပ်သံလွှင့်တင်နိုင်ရေးအတွက် Nay Myo Tun နွင့် Kyaw Sanoo တို့က ကူညီ ကျေးဇူးပြုပါသည်။))

35+

One Reply to “အပိုင်း ( ၂ ) ARSA အတွင်းရေး”

Leave a Reply

Your email address will not be published.