အပိုင်း ( ၃ ) ARSA အတွင်းရေး

အခုပြောမှာက ဆော်ဒီအာရေဗီးယားမှာ ‘ကောင်စီ’နဲ့ အချိန်အကြာကြီးဆွေးနွေးခဲ့ကြပုံ နောက်ထပ် အသေးစိတ်အချက်တွေ ဖြစ်ပါတယ်။

ဘင်္ဂါလီမွတ်စလင်တွေအတွက် ဝါဒဖြန့်ရေး၊ လူမျိုးကြီးဝါဒရေးရာ၊ လေ့ကျင့်ရေးနဲ့ ငွေကြေးထောက်ပံ့ရေး ကိစ္စတွေကို ညွှန်ကြားနေတဲ့  “ အာရကန် ရိုဟင်ဂျာ မူဂျဟီဒင်’ကောင်စီနဲ့ ဆော်ဒီအာရေဗျမှာ ဘင်္ဂါလီဘာသာစကား သုံးပြီး အချိန်အကြာကြီး လျှို့ဝှက်ဆွေးနွေးခဲ့ကြတာတွေအနက် အပြည့်အစုံဘာသာပြန်ပြီးသား ဗီဒီယိုဖိုင် တွေဆိုရင် နာရီနဲ့ချီပြီး ရှိနေပါတယ်။

 ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်တွေမှာ ကမ္ဘာ့မီဒီယာအမျိုးမျိုးကို သုံးဖို့နဲ့ ခြယ်လှယ်ဖို့၊ UN၊ OIC နဲ့ EU တွေမှာရှိနေ တဲ့ အဆက်အသွယ်တွေကို သုံးကြဖို့တွေအပြင် ဘယ်နည်းလမ်း၊ ဘယ်ပုံစံနဲ့မှ ဗမာ (သို့) ရခိုင် ဗုဒ္ဓဘာသာဝင် တွေနဲ့ မပူးပေါင်းဖို့၊ ငြိမ်းချမ်းရေးမရှာဖို့၊ မညှိနှိုင်းဖို့ ပြတ်ပြတ်သားသား ပြောနေကြတာတွေလည်း ပါပါတယ်။

ဆော်ဒီအာရေဗျမှာလုပ်ခဲ့တဲ့ အစည်းအဝေးရှည်တွေအကြောင်း အဲဒီဗီဒီယိုတွေမှာဆိုရင် ဘင်္ဂါလီမွတ်စလင်တွေ အကွက်ချစီစဉ်နေကြတာအပြင် တိုင်းတစ်ပါးသြဇာလွှမ်းမိုးမှုရှိနေကြောင်းကိုလည်း ထင်ထင်ရှားရှား တွေ့ရ ပါတယ်။

အခုပြောမှာကတော့ ကျေးရွာထောက်ပံ့ရေးစနစ်အကြောင်း ဖြစ်ပါတယ်။

တစ်ရာလောက်ရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအရ မေယုတောင်တန်းမှာရှိတဲ့ လျှို့ဝှက်လေ့ကျင့်ရေးစခန်းက စစ်သွေး ကြွတွေဟာ ဘင်္ဂါလီမွတ်စလင်ရွာသားတွေက ထောက်ပံ့ပေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန်၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ အသားရိက္ခာတွေကို လက်ခံရရှိနေကြောင်း သူတို့နဲ့ အတူတကွ တွေ့ရပါတယ်။

ဒီတွေ့ရှိချက်ဟာ ARSA စစ်သွေးကြွတွေနဲ့ ဘဂါလီရွာသားတွေ နီးနီးကပ်ကပ်ဆက်နွှယ်နေကြတယ်ဆိုတဲ့ အချက်ကို ပိုပြီးခိုင်မာစေပါတယ်။

အခုပြောမှာကတော့ တိုက်ခိုက်ရေးသမားတစ်ယောက်ချင်းစီရဲ့ ပြောကြားချက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

လက်ထဲမှာ AK-47 သေနတ်တွေ ကိုင်ထားပြီး မာနတက်ကြွနေတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ ဗီဒီယိုဖိုင်တွေ အများအပြား ရှိနေပါတယ်။

သူတို့တွေထဲက တချို့ဆိုရင် သူတို့ဟာ ရခိုင့်တပ်မတော်လို့ခေါ်တဲ့ AA နဲ့ ပူးပေါင်းလှုပ်ရှားနေကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားထားပါတယ်။

“ဒီသေနတ်တွေမှာ ကျည်တစ်ကဒ်ကို အတောင့်သုံးဆယ် ပါတယ်။ တစ်ချက်ချင်း လိုက်ပစ်ရင် မင်းတို့အကုန် မသာပေါ်ကုန်လိမ့်မယ်။ နောက်ပြီး ရခိုင်တွေနဲ့ ဗမာစစ်တပ်ကို ပြောချင်တယ်။ မင်းတို့ သေဖို့သာပြင်ထားကြ။ ငါတို့လက်ထဲကို AK-47 တွေ ရောက်လာပြီ။ သောက်ချိုးပြေပြေနေကြ။”

“ငါက တောင်ပေါ်မှာ ရခိုင်သူပုန် AA တွေဘက်က ကူညီတိုက်ခိုက်ပေးနေတဲ့သူပါ။ ဂျီဟတ်မှာ ဝင်ကူညီချင်ပြီး ငါနဲ့ပူးပေါင်းချင်တဲ့သူတွေ ရှိရင် လာပူးပေါင်းလို့ရပါတယ်”

“ဟေ့ ဗမာအစိုးရ! ငါတို့တွေ AK-47 ရထားပြီ။ သွေးတိုးစမ်းချင်ရင် လာခဲ့ကြ!”

အခုပြောမှာကတော့ မူဂျာဟေဒင်အရေး လှုပ်ရှားသူတွေနဲ့ ပွဲထွက်မင်းသားတွေရဲ့ ကွန်ရက်အကြောင်းပဲ ဖြစ်ပြီးတော့ သူတို့အများစုက အနောက်နိုင်ငံတွေမှာ အနေများကြပါတယ်။

အခုတွေ့ရတဲ့ ဒီဓာတ်ပုံမှာ ဘယ်ညာအစဉ်အတိုင်း ပြောမယ်ဆိုရင် ထွန်းခင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် သား ဖြစ်ပြီး ဇီအောလ် ဂတ်ဖာလို့လည်း နာမည်ရင်းအတိုင်း အများသိကြပါတယ်။ သူဟာ BRO-UK လို့ ထင် ရှားတဲ့ ဗြီတိန်အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ရဲ့ တည်ထောင်သူနဲ့ဥက္ကဌ ဖြစ်ပါတယ်။ သူဟာ ဗြိတိန်မှာရှိတဲ့ ဟာရကန် အယ်လ်ယာကင်၊ ARSA၊ မူဂျာဟေဒင် အဖွဲ့တွေရဲ့ ပွဲထွက်မင်းသားလည်း ဖြစ်ပါတယ်။

ဒုတိယမြောက်ပုဂ္ဂိုလ်ကတော့ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဝမ် မိုဟာမက် နိုအာ မတ္တာ ဖြစ်ပြီး ထိုင်းမွတ် စလင်တစ်ဦးဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးဂျီဟတ်စစ်ပွဲ ဆင်နွှဲနေတဲ့ အစ္စလာမစ် စစ်သွေးကြွတွေနဲ့ အနီးကပ်လျှို့ဝှက် အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲခံရသူလည်း ဖြစ်ပါတယ်။

တတိယပုဂ္ဂိုလ်ကတော့ မက်သယူး စမစ် ဖြစ်ပြီး သူဟာ အငြင်းပွားဖွယ်ရာ နာမည်ဆိုးနဲ့ထင်ရှားတဲ့ ဘုရားစူးလူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ပဲ  ဖြစ်ပါတယ်။

စတုတ္ထပုဂ္ဂိုလ်ကတော့ မိုဟာမက် အန်နွာ ရုဝဂူမ် မူနီးရ် အာဟာမက် ဖြစ်ပြီး မိုဟာမက် အန်နွာ အတ္တား ဒါမှမဟုတ် အန်နွာဆိုပြီး နာမည်တစ်လုံးတည်းနဲ့လဲ လူသိများကြပါတယ်။ ရခိုင်ပြည်နယ် ဘူးသီး တောင်ဇာတိဖြစ်ပြီး ဘန်ကောက်နဲ့ဆော်ဒီ နှစ်နေရာစလုံးမှာ ကူးချည်သန်းချည်နဲ့ နေပါတယ်။ မူဂျာဟစ် တွေဘက်က ပွဲထွက်မင်းသားတစ်လက်ဖြစ်ပြီး လက်နက်ဝယ်မှုတွေ၊ ငွေထောက်ပံ့ပေးမှုတွေ၊ ထိုင်းအရာရှိတွေကို လာဘ်ထိုးမှုတွေ၊ လုပ်ကြံဖို့ အမိန့်ပေးမှုတွေမှာ ပါဝင်နေတယ်လို့ စွပ်စွဲခံရသူ ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်တွေရဲ့ဓာတ်ပုံတွေအပြင် အခြားသူတွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီမွတ်စလင်တွေရဲ့ ဂျီဟတ်နဲ့ မြေနေရာရရှိရေး၊ အရေးတော်ပုံအတွက် အထောက်အပံ့ပေးနေတဲ့ အကြမ်းဖက်သမားတွေ၊ ဂျီဟတ်ဝါဒီတွေနဲ့ တွဲရိုက်ထားတဲ့  ဓါတ်ပုံတွေလည်း အများအပြားရှိပါသေးတယ်။

အခု ခင်ဗျားတို့ အနည်းအကျဉ်းတွေ့လိုက်ရတဲ့ အထောက်အထားတစ်ပုံတပင်ကြီးဟာ ဒီအရေးအခင်း ပြဿနာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်တဲ့ထိ ခိုင်လုံပါတယ်။

စစ်ဖြစ်ဖို့အတွက် ဘယ်သူတွေက အကွက်ချစီစဉ်ခဲ့တာလဲ။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဘယ်သူတွေက အကွက်ချ ကြံစည်ခဲ့တာလဲ။

သူတစ်ပါးအပေါ်မှာ လက်မခံမုန်းတီးမှု လွန်ကဲတဲ့ လူမျိုးကြီးဝါဒီတွေက ဘယ်သူတွေလဲ။

ကမ္ဘာ့မွတ်စလင်မီဒီယာတွေနဲ့ နိုင်ငံရေးအရ မှန်ကန်ပါပေတယ်လို့ လက်ခုပ်ဩဘာခြူတဲ့ အနောက်မီဒီယာတွေ ရဲ့ အကူအညီနဲ့ ဘင်္ဂါလီမွတ်စလင်တွေဟာ ကိုယ်ပိုင်အမှတ်အသားအတု၊ သမိုင်းလိမ်၊ ဇာတ်ထုပ်လိမ်တွေ သုံးပြီး လူအတော်များများကို အောင်အောင်မြင်မြင် အရူးလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အမှန်တရားဟာ အခုဆိုရင် ဘူးပေါ်သလို ပေါ်လာပါပြီ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

(( ယခု ရုပ်သံလွှင့်တင်နိုင်ရေးအတွက် Nay Myo Tun နွင့် Kyaw Sanoo တို့က ကူညီ ကျေးဇူးပြုပါသည်။))

43+

2 Replies to “အပိုင်း ( ၃ ) ARSA အတွင်းရေး”

  1. ပထမ ဗမာ၊ ရခိုငနြဲ့ ဘယလြိုနညြးနဲ့မှ မပူးပေါငြးဖို့ ရေးထားတယြ

    နောကပြှီကမွှ AA နဲ့ပူးပေါငြးတယလြို့ ရေးပှနတြယြ

    နောကပြှီး ရခိုငြ ဗမာ ှကေို လိမလြိမမြာမာနဆေိုပှီး ခှိမြးခှောကတြယပြှောပှီး AA အတှကြ တိုကပြှဲဝငပြေးကှောငြး ထပရြေးပှနရြော

    ရညမြှနြးခွမြွေားနတယြေ ဖှေးဖှေးရဲပါ

    0

Leave a Reply

Your email address will not be published.