အဗရာအသတ်ခံရမှုအပေါ် ကုလသမဂ္ဂက ထင်မြင်ချက်ပေးသည့်အတွက် ဌာနေကိုယ်စားလှယ်ကို ဘင်္ဂလားဒက်ရှ်အစိုးရ ဆင့်ခေါ်။ ကျောင်းသားများ နိုင်ငံရေးမလုပ်ရ ပြဿနာနှင့် ဘင်္ဂလားဒက်ရှ်တွင် မငြိမ်မသက်ဖြစ်

အသတ်ခံရသည့် တက္ကသိုလ်ကျောင်းသား အဗရာကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂက ထင်မြင်ချက်ပေးသည့် အကြောင်းအရာကို ရှင်းပြရန် ကုသမဂ္ဂညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဌာနေကိုယ်စားလှယ်အား မိမိတို့ရုံး ညွှန်ကြားရေးမှူးချုပ်က ဆင့်ခေါ်ခဲ့ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် bdnews 24 က ယနေ့ရေးသားသည်။ 


လျှပ်စစ်အင်ဂျင်နီယာဒုတိယနှစ်ကျောင်းသား အဗရာဖက်ဒ် Abrar Fahad ၏ ရုပ်အလောင်းကို ၎င်းတက်ရောက်ပညာသင်ယူနေသည့် ဘင်္ဂလားဒက်ရှ်အင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ် BUET အဆောင် လှေကားထစ်တွင် လွန်ခဲ့သော တနင်္လာနေ့က နံက်စောစောပိုင်း၌ တွေ့ရှိခဲ့ကြသည်။ 


အဗရာသညှ ထိုးကှိတရှိုကနှှကခှံရသော ဒါဏရှာမှားဖှငှ့ သဆေုံးကှောငှး သိရှိခဲ့ရသညှ။ လှနခှဲ့သညှ့ အောကတှိုဘာလ ၆-ရကနှေ့ Facebook လူမှုကှနယှကတှှငှ အဗရာ ရေးသားလှှငှ့တငခှဲ့သော အိနဒှိယ-ဘငှဂှလားဒကရှှ သဘောတူညီမှုနှငှ့ ပတသှကှ၍ လကရှှအာဏာရ အဝါမီလိခပှါတီ၏ ဝနှးရံကှောငှးသားအဖှဲ့အစညှးဖှဈသညှ့ ဘငှဂှလားဒကရှှ ခဟှတတှရာလိခှ BCL အဖှဲ့ဝငမှှားနှငှ့ အဗရာတို့ အခငှှးမှားခဲ့ဖူးသညဆှို၏။ ခဟှတတှရာလိခအှဖှဲ့ဝငမှှားသညှ အဗရာအား ရိုကနှှကညှှငှးပနှးကှရနှ တဈရကကှှိုတငစှီခဲ့ကှောငှး အထောကအှထားမှား ပေါပှေါကသှညှ။ 

လူသတ်မှုနှင့်ဆက်နွယ်၍ အာဏာရပါတီ၏ ဝန်းရံကျောင်းသားအဖွဲ့အစည်းဝင် ၁၉-ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အဗရာအသတ်ခံရမှုအတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့တစ်ဝှမ်း ကန့်ကွက်-ထောက်ခံအုပ်စုကွဲလျှက် နှစ်ဖက် ရန်စောင်ခြင်းဖြင့် မငြိမ်မသက်မှုများဖြစ်ပေါ်ခဲ့ရသည်။ 

ဗရာအသတ်ခံရမှုနှင့် ဆက်နွယ်လျှက် ဖမ်းဆီးခံရသည့် ကျောင်းသား ၁၉-ဦးကို ပညာသင်ယူခွင့်ရပ်ဆိုင်းလိုက်ပြီး တက္ကသိုလ်ဝင်းအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများမပြုလုပ်ကြရန် တားဆီးကြောင်း ဘင်္ဂလားဒက်ရှ် အင်ဂျင်နီယာနှင့်နည်းပညာတက္ကသိုလ် BUET ဒုတိယအဓိပတိက ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။ BCL ကလည်း BUET ယူနစ်မှ ၁၁-ဦးကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဖြင့် လက်တုန့်ပြန်ခဲ့သည်။ 



အဗရာအသတ်ခံရမှုအတွက် အချက် ၁၀ -ချက် တောင်းဆိုပြီး တက္ကသိုလ်ဝင်းအား ဝန်းရံပိတ်ဆို့မည်ဟု ခြိမ်းခြောက်လျှက်ရှိသော ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပွဲမှာ ၅-ရက်တိုင်ကြာမြင့်ခဲ့သည်။ ကျောင်းသားများနှင့် ဒုတိယအဓိပတိဦးဆောင် တက္ကသိုလ်အာဏာပိုင်အဖွဲ့တို့ ၄-နာရီကြာ တွေ့ဆုံမှုအပြီး အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 



ယခုပြဿနာအား အဆောတလျဉ်ကိုင်တွယ်ရန် နှောင့်နှေးခဲ့ရသည့်အတွက် ဒုတိယအဓိပတိက တောင်းပန်သော်လည်း ကျောင်းသားများက ၎င်းအား ရာထူးမှ နှုတ်ထွက်ပေးရန်တောင်းဆိုခြင်းဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ဝင်း အတွင်း မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။ 



အဗရာသည် လွတ်လပ်စွာရေးသားခြင်းအတွက် အသက်ဆုံးရှုံးရကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်ခြင်းကို ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးက ကန့်ကွက်ခြင်းဖြစ်သည်။ 

ထို့ပြင် ကုလသမဂ္ဂသည် ကျောင်းသားလူငယ်အသတ်ခံရမှုတွင် အရေးယူဆောင်ရွက်လျှက်ရှိသော သက်ဆိုင်ရာတို့၏ သတင်းထုတ်ပြန်ချက်အများအပြားကို လစ်လျု့ရှု့ခဲ့ကြောင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ဖြစ်ပွားမှုကို အကျိုးအကြောင်း မခိုင်လုံပဲ လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆက်စပ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 



ကုလသမဂ္ဂဋ္ဌာနေကိုယ်စားလှယ်သည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လာရောက်တွေ့ဆုံသည်ကို မြင်တွေ့ရသော်လည်း ၎င်းကိစ္စအတွက် သတင်းထောက်များက တောင်းဆိုသည့် ထင်မြင်ချက်ပေးရန်ကို ငြင်းပယ်သည်။ 


((( အောက်တိုဘာ-၁၃၊ ၂၀၁၉ bdnews24., : 13 Oct 2019,” Bangladesh summons UN Resident Coordinator over Abrar remarks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 



https://bdnews24.com/bangladesh/2019/10/13/bangladesh-summons-un-resident-coordinator-over-abrar-remarks. 
https://www.dhakatribune.com/bangladesh/dhaka/2019/10/11/abrar-s-torturewas-planneda-day-before 
https://www.dhakatribune.com/bangladesh/dhaka/2019/10/11/abrar-murder-now-zion-gives-confessional-statement 
https://www.dhakatribune.com/bangladesh/dhaka/2019/10/11/buet-bans-politics-on-campus-expels-19-students-over-abrar-murder 
https://www.bbc.com/news/world-asia-49986893 

One Reply to “အဗရာအသတ်ခံရမှုအပေါ် ကုလသမဂ္ဂက ထင်မြင်ချက်ပေးသည့်အတွက် ဌာနေကိုယ်စားလှယ်ကို ဘင်္ဂလားဒက်ရှ်အစိုးရ ဆင့်ခေါ်။ ကျောင်းသားများ နိုင်ငံရေးမလုပ်ရ ပြဿနာနှင့် ဘင်္ဂလားဒက်ရှ်တွင် မငြိမ်မသက်ဖြစ်”

  1. Auto Liker, Status Auto Liker, Autoliker, auto liker, Auto Like, Autoliker, Photo Auto Liker, Increase Likes, auto like, autoliker, Autolike, autolike, Photo Liker, ZFN Liker, Status Liker, Autolike International, Working Auto Liker

Leave a Reply

Your email address will not be published.