အဘိဓမ္မာပိဋကတ်တော်ကို အင်္ဂလိပ်ဘာသာသို့ ပထမဆုံးပြန်ဆိုခဲ့သူ ရခိုင်အမျိုးသားကြီး ဦးရွှေဇံအောင်

 Credit: Irrawaddy

လွန်ခဲ့သည့် ၈၈-နှစ် ၁၉၃၂-ခုနှစ် ယနေ့တွင် ရခိုင်အမျိုးသားကြီး ဦးရွှေဇံအောင် ( ၆၁-နှစ် ) အနိစ္စရောက်ရှိသည်။

 ဦးရွှေဇံအောင်သည် ” အဘိဓမ္မာတရားတော် ” ကို အင်္ဂလိပ်ဘာသာသို့ ပထမဆုံးပြန်ဆိုခဲ့သူ တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာတွင် နေလပမာ ထင်ရှားသော လယ်တီဆရာတော်အရှင်ဉာဏဓဇနင့် လန်ဒန်ပါဠိ အသင်းဥက္ကဋ္ဌ ရွိုင်းဒေးဗစ်တို့အကြားတွင် စကားပြန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။

ဗုဒ္ဓကျမ်းစာများတွင် အနက်နဲဆုံးနှင့် အဆီအနှစ်များဟု ဆိုကြသည့် တရားတော်များကို ကမ္ဘာသိဦးဦးဖျားများ ပြန့်နှံ့စေသူ ဦးရွှေဇံအောင်၏ ကျေးဇူးမှာ ယနေ့တိုင် ထင်ရှားမွှေးပျံ့ဆဲဖြစ်သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.