အမေရိကန်က ဆုတ်ခွာသွားသဖြင့် ရုရှားနှင့် ဆီးရီးယားအစိုးရထံ ပူးပေါင်းရန် ပင်တာဂွန်လေ့ကျင့်-လက်နက်တပ်ဆင်ပေးခဲ့သော SDF ကာ့ဒ်တို့ သုံးသပ်နေ။

ဆီးရီးယားမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် တူရကီအား အမေရိကန်က တစ်စုံတစ်ရာဟန့်တားခြင်း မရှိသည့်အပေါ် စိုးရွံ့လျှက်ရှိသော ကာ့ဒ်ခေါင်းဆောင်တို့အနေဖြင့် ရုရှား၊ ဆီးရီးယားတို့နှင့် အတူပူးပေါင်းရန် စေ့ဆော်မှုဖြစ်စေခဲ့ကြောင်း Russia Today က ယနေ့ရေးသားသည်။ 


အမေရိကန်တို့ ရုတ်သိမ်းသွားခဲ့လျှင် ပင်တာဂွန်လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့သည့် “ဆီးရီးယားဒီမိုကရက်တစ်တပ် “ SDF များအတွက် ရနိုင်သော အခွင့်အလမ်းအားလုံးကို သုံးသပ်ရန် တွန်းအားဖြစ်စေခဲ့သည်။ တူရကီတို့အား ခုခံရန် လစ်ဟာသွားသောနေရာအတွက် ရုရှား၊ သို့မဟုတ် ဆီးရီးယားအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန်ရှိကြောင်း ဘက်ဒန်ဂျီရမ် ဆီးရီးယားကာ့ဒ်များနှင့်အတူ SDF ခေါင်းဆောင်တို့က ပြောကြားသည်ဟု အင်္ဂါနေ့ Reuters အား ကိုးကားဖော်ပြသည်။ 



နယ်စပ်အားဖြတ်ကျော်၍ ဆီးရီးယားမြောက်ပိုင်းသို့ ဝင်ရောက်လာသော တူရကီအား တိုက်ခိုက်ရန် ဆီးရီးယားအစိုးရနှင့် မိတ်ဖွဲ့ရေး စဉ်းစားလျှက်ရှိကြောင်း SDF တပ်မှူး ဗိုလ်ချုပ် မက်ဇူလန်ကိုဘာနီအဗ္ဗဒီ၏ မကြာသေးမီက ပြောကြားချက်ကို ယခုသတင်းက ထပ်မံထင်ဟပ်လျှက်ရှိကြောင်း သိရှိရသည်။

 

ဒေသတွင်းမှ အမေရိကန်တပ်များ ရုတ်သိမ်းခဲ့လျှင် တူရကီက ကာ့ဒ်ဆန့်ကျင်ရေး တိုးမြှင့်လုပ်ဆောင်ဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်က တနင်္လာနေ့၌ ပြောကြားခဲ့သည်။ သို့သော် ၎င်းသတင်းမှာ တူရကီက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားခြင်းခံရသော ကာ့ဒ်တို့အတွက် အမေရိကန်က ၎င်း၏မဟာမိတ်တို့ကို စွန့်ပစ်သွားခြင်းအဖြစ် ပုံကြီးချဲ့ရာရောက်သည်ဆို၏။ 



အမေရိကန်က ရုတ်သိမ်းသည်ဆိုယုံ အရေအတွက်အနည်းသာ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက AFP အား ပြောကြားသည်။ 

ထိုစဉ်အတောအတွင်း မကြာမီ တူရကီစစ်ဖက်သည် မဟာမိတ်ဆီးရီးယားသူပုန်တို့နှင့်အတူ နယ်ခြားအားဖြတ်ကျော်၍ နယ်စပ်ရှင်းလင်းရေးစစ်ဆင်မည်ဖြစ်ကြောင်း တူရကီအစိုးရက ဆီးရီးယားကာ့ဒ်တို့အား သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင်တွေ့ရှိရသည်။ 

တူရကီတပ်မတော်သည် “ဆီးရီးယားလွတ်မြောက်ရေးတပ်” ( အမှန်မှာ အာဆတ်ဆန့်ကျင်ရေးဆီးရီးယားသူပုန်များဖြစ်ပါသည် ) တို့နှင့်အတူ နယ်ခြားအား ဖြတ်ကျော်လာမည်ဖြစ်ကြောင်း၊ ဆီးရီးယား YPG ကာ့ဒ်တို့အနေဖြင့် လက်နက်ချအညံ့ခံရန် သို့မဟုတ် တူရကီ၏ အိုင်စစ်ချေမှုန်းရေး၌ အနှောက်အယှက်ပေးနေခြင်းမှ ရပ်တန့်ရန် ရွေးချယ်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးချက်၌ ပါရှိသည်။ 



အဆိုပါသတိပေးချက်မှာ ဆီးရီးယားအရှေ့မြောက်ပိုင်း တူရကီဝင်ရာလမ်းတစ်လျှောက်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များအား ရုတ်သိမ်းရန်စီစဉ်လျှက်ရှိချိန်၊ အီရတ်-ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်တို့အား တူရကီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ 











https://www.rt.com/news/470439-kurdish-official-syria-russia-turkey/ 

https://www.rt.com/news/470485-turkey-cross-syria-soon-erdogan-aide/ 
https://www.rt.com/usa/470443-trump-syria-kurds-soldiers/ 

1+

Leave a Reply

Your email address will not be published.