တူရကီနှင့် ဆွေးနွေးဖြေရှင်းပေးခဲ့သော ရုရှားအား ကျေးဇူးတင်ပါကြောင်း ဆီးရီးယန်းဒီမိုကရက်တစ်တပ် SDF စစ်ဦးစီးက ပြောဆိုလိုက်ပြီး နယ်ခြားဒေသတစ်တလျှောက် ရုရှားနှင့် ဆီးရီးယားအစိုးရတပ်များ ပူးတွဲကင်းလှည့်ရာ၌ အကူအညီပေးရန်ကတိပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။
ယမန်နေ့ ရုရှားစစ်ဖက်ဆိုင်ရာအရာရှိများနှင့် တစ်ချိန်က
အမေရိကန်လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့သည့် SDF ခေါ် ဆီးရီးယန်းကာ့ဒ်စစ်ဦးစီးတို့
ဗွီဒီယိုလိုင်းမှတဆင့် တိုက်ရိုက်ဆွေးနွေးကြရာတွင် ဆီးရီးယားအရှေ့မြောက်ပိုင်း
လက်ရှိဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို ဆီးရီးယန်းကာ့ဒ်စစ်ဦးစီးက
တင်ပြသည်။
နယ်မြေအတွင်း နေရာအတော်များများသို့ ရုရှားစစ်ရဲများနှင့် ဆီးရီးယားအစိုးရ
သမားရိုးကျတပ်များ ဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်းနှင့်
လိုအပ်မည့်အကူအညီမှန်သမျှ SDF တို့က ပေးအပ်ရန်အသင့် ရှိကြောင်း SDF စစ်ဦးစီးက
ပြောဆိုသည်။ ရုရှားစစ်ဖက်အရာရှိများကလည်း ရုရှား-တူရကီ
ဆွေးနွေးပွဲသဘောတူညီချက်များအား ပြန်လည်ရှင်းပြသည်။
ရုရှားနိုင်ငံပင်လယ်နက်ဆိပ်ကမ်း “ ဆိုချီ အပန်းဖြေစခန်း “ တွင် တူရကီသမ္မတတေရစ်အာဒိုဂန်နှင့်
ရုရှားသမ္မတဗလာဒီမာပူတင်တို့ဆွေးနွေးကြပြီးနောက် ဆီးရီးယားအရှေ့မြောက်ပိုင်း “
ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး“ ကို တူရကီက ထပ်မံဆင်နွှဲရန်မရှိကြောင်း အပါအဝင်
အချက် ၁၀ ချက်ကို သဘောတူညီကြသည်ဟု CNN က ယမန်နေ့ ရေးသားသည်။
ပူတင်-အာဒိုဂန်သဘောတူညီချက်အရ အောက်တိုဘာ ၂၂-ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆-နာရီ၌
ဆီးရီးယားနယ်စပ်တစ်လျှောက်တွင် တူရကီနှင့် ရုရှားစစ်ရဲများ
စတင်ကင်းလှည့်ကြမည်ဖြစ်သည်။ ၂၃-ရက် နေ့လည် ၁၂ နာရီ၌ ရုရှားစစ်ရဲနှင့်
ဆီးရီးယားအစိုးရနယ်ခြားစောင့်တပ်များက ဆီးရီးယားနယ်မြေအတွင်း ဝင်ရောက်
နေရာယူကြမည်။ ထိုစဉ်အတွင်း တူရကီက အပစ်အခတ်ရပ်စဲထားသည့် နာရီ ၁၅၀ မတိုင်မီ YPG
ဆီးရီးယန်းကာ့ဒ်တို့က နယ်စပ်မှ ဆီးရီးယားနယ်မြေဘက် ၁၈ မိုင်အကွာအဝေးထိ
ဆုတ်ခွာပေးကြရမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအတိုင်းဆိုလျှင် အကြမ်းဖက်သမား PKK နှင့် ပူးပေါင်းသည်ဟု တူရကီက စွပ်စွဲထားသည့်
YPG ဆီးရီးယန်းကာ့ဒ်တို့သည် တူရကီလိုလားသည့်အတိုင်း နယ်စပ်မှ ၁၈ မိုင်အကွာထိ
ဆုတ်ခွာသွားကြရပြီး နေရာအနည်းငယ်တွင် SDF ဆီးရီးယန်းကာ့ဒ်များ ကျန်နေသည့်
အဓိပ္ပါယ်သက်ရောက်ကြောင်း CNN က ဖော်ပြသည်။
တစ်ချိန်က ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားက အာဆတ်အစိုးရဘက်မှ
လေကြောင်းစစ်ကူပေးခဲ့ပြီး တူရကီက အစိုးရဖြုတ်ချရေး ဆီးရီးယားသူပုန်များအား
ထောက်ပံ့ခြင်းဖြင့် ဆန့်ကျင်ဖက်ရပ်တည်ခဲ့ကြသည်။
ဆိုချီစခန်းသဘောတူညီချက်အရ အောင်ပွဲခံသူမှာ ရုရှားဖြစ်နေပြီး၊ တူရကီသည် ဂိုးမရှိ
သရေကျ၍ အမှန်တကယ် ရှုံးနိမ့်သူမျာမူ အမေရိကန်ဖြစ်ကြောင်း CNN က ဝေဖန်သည်။
အရှေ့မြောက်ပိုင်း စစ်စခန်းများမှ ဆုတ်ခွာသွားသည့် အမေရိကန်တပ်ဖွဲ့
ယာဉ်တန်းများကို ကာ့ဒ်တို့က အာလူးများဖြင့် ပစ်ပေါက်လှောင်ပြောင်
ရှုတ်ချကြကြောင်း၊ ယာဉ်တန်းအား SDF က လုံခြုံရေးယူပေးသည်ဟု သတင်း၌ဖော်ပြသည်။
ဆီးရီးယားအခွုပအြခှာအာဏာပိုငရြာနယမြှအတှေငြး
မညသြညြ့စဈရေးကွူးကွောဝြငရြောကမြှုမွိုးကိုမဆို ၎င်းငျးငြးတို့ အစိုးရက
လုံးဝလကခြံနိုငမြညမြဟုတကြှောငြး ဆီးရီးယားသမျမတဘာရှာအာဆတကြ ပှောဆိုသညြ။
အောက်တိုဘာ ၂၂-ရက်နေ့တွင် နိုင်ငံအရှေ့ပိုင်း အိုင်ဒဲ့လ်ဗ်ရှေ့တန်းစခန်းသို့
သမ္မတအာဆတ် မမျှော်လင့်ပဲ သွားရောက်ကြည့်ရှု့သည်။ သူပုန်တို့ထိန်းချုပ်ထားရာ
ခရိုင်၏ ရှေ့တန်းနယ်မြေရောက် ဆီးရီယန်းအာရပ်တပ်မတော်သားများအား သမ္မတအာဆတ်က
ရင်းနှီးစွာ လိုက်လံအားပေးသည်။
ယမန်နေ့တွင် နယ်စပ်ဒေသ ဆီးရီးယားမြို့များဖြစ်သော ခိုဘာနီနှင့် မန်ဘစ်သို့
ရုရှားအလံလွှင့်တင်ထားသော ရုရှားစစ်ရဲတပ်ဖွဲ့ယာဉ်တန်းများ ဝင်ရောက်လာသည်ကို
တွေ့မြင်ရကြောင်း အဆိုပါနယ်မြေရောက် Russia Today စစ်မြေပြင်သတင်းထောက်က
သတင်းပေးပို့သည်။
ဆီးရီးယားမှ ဆုတ်ခွာခဲ့သော အမေရိကန်တပ်များသည် မိမိတို့အစိုးရအား
ကြိုတင်အကြောင်းကြားခြင်းမရှိပဲ နယ်ခြားအား ဖြတ်ကျော်ဝင်ရောက်လျှက်ရှိသည်ဟု
အီရတ်အစိုးရက နိုင်ငံတကာသို့ အကူအညီတောင်းခံကြောင်း Reuters က ရေးသားသည်။
ထိုအတွက် အီရတ်နိုင်ငံသို့ရောက်ရှိလာသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်စပင်ဆာအား ဝန်ကြီးချုပ် အဗ္ဗဒဲလ်အဗ္ဗဒူမာဒီ လက်ခံတွေ့ဆုံသည်။ ဆီးရီးယားမှ ဆုတ်ခွာလာသော အမေရိကန်တပ်များအနေဖြင့် အီရတ်တွင် ယာယီကြားခံအဖြစ်သာနေထိုင်၍ ကြာရှည်အခြေစိုက်ရန် မဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်ဟု သတင်း၌ ဖော်ပြသည်။
((( အောက်တိုဘာ-၂၄၊၂၀၁၉ Russia Today., 23 Oct, 2019, “‘Thanks Russia!’: Kurdish military chief welcomes Russian peaceekeping patrols.” ကို ကျောရိုးယူ၍ အခြားနိုင်ငံတကာမီဒီယာများမှ ဆက်စပ် သတင်းများကို #HtayOung, #OungMarine က ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
https://www.rt.com/news/471674-kurds-abdi-shoigu-russia-thanks/
https://edition.cnn.com/middleeast/live-news/turkey-syria-10-22-2019/index.html
https://edition.cnn.com/2019/10/22/middleeast/putin-erdogan-syria-deal-hodge-analysis-intl/index.html
https://www.rt.com/news/471584-assad-visit-frontline-syria/
https://www.rt.com/news/471634-russian-military-police-syrian-turkish-border/
https://www.reuters.com/article/us-syria-security-usa-iraq-military/iraq-rejects-long-term-presence-of-u-s-troops-withdrawing-from-syria-idUSKBN1X20EW